သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ေပၚ ဒဏ္ခတ္အေရးယူဖို႔ ၾသစေၾတးလ်လႊတ္ေတာ္အမတ္ေတြ ေတာင္းဆို


ကင္ဘာရာျမိဳ ့ေတာ္က Australia လႊတ္ေတာ္အား ကိုဗစ္စည္းမ်ဥ္းနဲ ့အညီ က်င္းပ ေနစဥ္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္း ဒီမိုကေရစီေရး ေတာင္းဆို ဆႏၵျပသူေတြကို စစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းေနတာေၾကာင့္ ျမန္မာစစ္တပ္အေပၚ ပိတ္ဆို႔အေရးယူမႈအသစ္ေတြ ခ်မွတ္ေဆာင္ရြက္ဖို႔ ၾသစေတးလ်လႊတ္ေတာ္အမတ္ေတြက သူတို႔အစိုးရကို ေတာင္းဆိုလိုက္ေၾကာင္း ၾသစေတးလ်အေျခစိုက္ သတင္းမီဒီယာေတြမွာ ေရးသားထားပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း ၾသစေတးလ်ဘက္က ႏိုင္ငံေရးနဲ႔ သံတမန္ေရးအရ တုန္႔ျပန္ေဆာင္ရြက္ဖို႔ ပါတီေပါင္းစုံက လႊတ္ေတာ္ကိုယ္စားလွယ္မ်ားနဲ႔ ဖြဲ႔စည္းထားတဲ့ အထူးေကာ္မီတီက လအေတာ္ၾကာ ေဆြးေႏြး တိုင္ပင္ၾကအၿပီးမွာ အခုလို ေတာင္းဆိုခ်က္ ထြက္ေပၚလာတာပါ။

လက္ရွိအခ်ိန္အထိေတာ့ ၾသစေတးလ်က ျမန္မာစစ္တပ္နဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြ ရပ္တန္႔လိုက္တာ၊ စစ္တပ္ဦးေဆာင္တဲ့ အုပ္ခ်ဳပ္ေရးအဖြဲကို အကူအညီအေထာက္အပံေတြမေပးဘဲ တျခားေနရာကို လြဲေျပာင္းေပးလိုက္တာနဲ႔ ျမန္မာႏိုင္ငံပဋိပကၡ ေျပလည္ေရး အာဆီယံအဖြဲ႔ရဲ႕ ေဆာင္ရြက္ခ်က္ေတြကို ေထာက္ပံ့ ကူညီတာေတြ လုပ္ေဆာင္ေနပါတယ္။

ၾသစေတးလ်အစိုးရရဲ႕ အဲဒီ ေဆာင္ရြက္ခ်က္ေတြကို အထူးေကာ္မီတီအေနနဲ႔ ေထာက္ခံေၾကာင္း ေျပာဆိုထားပါတယ္။ ဒါေပမယ့္ အစိုးရအေနနဲ႔ ျမန္မာ့အေရးကို တုန္႔ျပန္ ေဆာင္ရြက္တဲ့ေနရာမွာ ေႏွာင့္ေႏွး ၾကန္႔ၾကာေနတယ္လို႔ ဒီေကာ္မီတီက သုံးသပ္ပါတယ္။

ၾသစေတးလ်မွာ ေရာက္ေနၾကတဲ့ ျမန္မာမိသားစုေတြကလည္း ၾသစေတးလ်အစိုးရ လက္ရွိလုပ္ေဆာင္ေနတဲ့ဗ်ဴဟာကို ျပစ္တင္ ေ၀ဖန္လိုက္ၾကၿပီး ထိပ္တန္း စစ္ေခါင္းေဆာင္ေတြအေပၚ ဒဏ္ခတ္ အေရးယူဖို႔နဲ႔ NUG ကို အစိုးရအျဖစ္ အသိအမွတ္ျပဳေပးဖို႔ လိုလားေၾကာင္း ေျပာဆိုေနၾကတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ၾသစေတးလ်က ပါတီေပါင္းစုံနဲ႔ ဖြဲ႔စည္းထားတဲ့ ဒီ လႊတ္ေတာ္အမတ္မ်ား အထူးေကာ္မီတီကေတာ့ ျမန္မာႏိုင္ငံကိုမျပန္ရဲၾကတဲ့ ျမန္မာေတြကို အၿမဲတမ္းေနထိုင္ခြင့္ျပဳတဲ့ Permanent Residency ထုတ္ေပးဖို႔ကိုပါ ေတာင္းဆိုထားၾကပါတယ္။

............................................................................................

မြန်မာစစ်တပ်ပေါ် ဒဏ်ခတ်အရေးယူဖို့ သြစတြေးလျလွှတ်တော်အမတ်တွေ တောင်းဆို

(Unicode)

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းနေတာကြောင့် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ဆောင်ရွက်ဖို့ သြစတေးလျလွှတ်တော်အမတ်တွေက သူတို့အစိုးရကို တောင်းဆိုလိုက်ကြောင်း သြစတေးလျအခြေစိုက် သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သြစတေးလျဘက်က နိုင်ငံရေးနဲ့ သံတမန်ရေးအရ တုန့်ပြန်ဆောင်ရွက်ဖို့ ပါတီပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ အထူးကော်မီတီက လအတော်ကြာ ဆွေးနွေး တိုင်ပင်ကြအပြီးမှာ အခုလို တောင်းဆိုချက် ထွက်ပေါ်လာတာပါ။

လက်ရှိအချိန်အထိတော့ သြစတေးလျက မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်တန့်လိုက်တာ၊ စစ်တပ်ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲကို အကူအညီအထောက်အပံတွေမပေးဘဲ တခြားနေရာကို လွဲပြောင်းပေးလိုက်တာနဲ့ မြန်မာနိုင်ငံပဋိပက္ခ ပြေလည်ရေး အာဆီယံအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ပံ့ ကူညီတာတွေ လုပ်ဆောင်နေပါတယ်။

သြစတေးလျအစိုးရရဲ့ အဲဒီ ဆောင်ရွက်ချက်တွေကို အထူးကော်မီတီအနေနဲ့ ထောက်ခံကြောင်း ပြောဆိုထားပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ မြန်မာ့အရေးကို တုန့်ပြန် ဆောင်ရွက်တဲ့နေရာမှာ နှောင့်နှေး ကြန့်ကြာနေတယ်လို့ ဒီကော်မီတီက သုံးသပ်ပါတယ်။

သြစတေးလျမှာ ရောက်နေကြတဲ့ မြန်မာမိသားစုတွေကလည်း သြစတေးလျအစိုးရ လက်ရှိလုပ်ဆောင်နေတဲ့ဗျူဟာကို ပြစ်တင် ဝေဖန်လိုက်ကြပြီး ထိပ်တန်း စစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ် အရေးယူဖို့နဲ့ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုပေးဖို့ လိုလားကြောင်း ပြောဆိုနေကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သြစတေးလျက ပါတီပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ဒီ လွှတ်တော်အမတ်များ အထူးကော်မီတီကတော့ မြန်မာနိုင်ငံကိုမပြန်ရဲကြတဲ့ မြန်မာတွေကို အမြဲတမ်းနေထိုင်ခွင့်ပြုတဲ့ Permanent Residency ထုတ်ပေးဖို့ကိုပါ တောင်းဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG