သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ ၾသစေၾတးလ်ႏိုင္ငံသား ၂ ဦး ေနအိမ္အက်ယ္ခ်ဳပ္ကလြတ္ေျမာက္


ၾသစေတးလ် စီးပြားေရးအႀကံေပး Matt O’Kane and Christa Avery

[ Zawgyi / Unicode ]

ျမန္မာႏိုင္ငံမွာ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ အဖမ္းဆီးခံေနရသူ ၾသစေၾတးလ်ႏိုင္ငံသား ၂ ဦးကို တနဂၤေႏြေန႔မွာ စစ္တပ္တာဝန္ရွိ သူေတြက ျပန္လႊတ္ေပးလိုက္ၿပီး ျမန္မာႏိုင္ငံကေန ထြက္ခြါခြင့္ ျပဳလိုက္ပါၿပီ။

စီးပြါးေရးအတိုင္ပင္ခံ ၂ ဦးျဖစ္တဲ့ Christa Avery နဲ႔ခင္ပြန္းသည္ Matthew O’Kane ၂ ဦးကို ၿပီးခဲ့တဲ့ လက ၾသစေၾတးလ်ား ျပန္ဖို႔ သူတို႔ ေလယာဥ္ေပၚမတက္ခင္ ဖမ္းဆီးသြားတာ ျဖစ္ပါတယ္။

အခုလို ျပန္္လြတ္လာတာအတြက္ အေတာ္ စိတ္သက္သာရာ ရခဲ့ေၾကာင္းနဲ႔ သူ႔အေနနဲ႔ ဘာအမွားမွ လုပ္မထားခဲ့သည့္တိုင္ ေနအိမ္ အက်ယ္ခ်ဳပ္ ခ်ခံေနရတဲ့ သီတင္း ၂ ပတ္မွာ စိတ္ဖိစီးမႈ အေတာ္ခံစားခဲ့ရတယ္လို႔ Avery က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆို ခဲ့ပါတယ္။

ၾသစေၾတးလ်ႏိုင္ငံသား ေနာက္တဦးျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ စီးပြါးေရးအႀကံေပး ျဖစ္တဲ့ ပါေမာကၡ Sean Turnell ကိုေတာ့ ျမန္မာစစ္တပ္က အာဏာသိမ္းၿပီး မၾကာခင္မွာပဲ ဖမ္းဆီး ထားတာ ျဖစ္ပါတယ္။

ပါေမာကၡ Turnell ကို ခ်က္ခ်င္းလႊတ္ေပးဦးမွာ မဟုတ္ေပမယ့္ သူ ကိုယ္ေရာစိတ္ပါ က်န္းမာေစဖို႔ အနည္းဆံုးေတာ့ ေနအိမ္ အက်ယ္ခ်ဳပ္ ျဖစ္ျဖစ္ ေျပာင္းထားေပးဖုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း Avery က ေျပာပါတယ္။

ပါေမာကၡ Turnell ကို စံုစမ္း စစ္ေဆးေနဆဲ ျဖစ္ေၾကာင္း အာဏာပိုင္ေတြက ေျပာသလို ၊ အခုထိ တရားစြဲဆိုမႈလည္း မလုပ္ေသးပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ေရွ႕ေနကလည္း ပါေမာကၡ Turnell ဟာ ႏိုင္ငံေတာ္လ ွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားမႈ အက္ဥပေဒအရ အဖမ္းဆီးခံေနရေပမယ့္ ခုထိ ဘာအမႈနဲ႔ တရားစြဲမယ္ဆိုတာ တရားဝင္ မသိရေသးဘူးလို႔ ေျပာထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ကစၿပီး အခုခ်ိန္အထိ အဖမ္းဆီးခံရသူက ၂၅၀၀ ေက်ာ္ေနၿပီလို႔ AAPP ႏိုင္ငံေရးအက်ဥး္သားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

ဖမ်းဆီးခံ သြစတြေးလျနိုင်ငံသား ၂ ဦး နေအိမ်အကျယ်ချုပ်ကလွတ်မြောက်

မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းဆီးခံနေရသူ သြစတြေးလျနိုင်ငံသား ၂ ဦးကို တနင်္ဂနွေနေ့မှာ စစ်တပ်တာဝန်ရှိ သူတွေက ပြန်လွှတ်ပေးလိုက်ပြီး မြန်မာနိုင်ငံကနေ ထွက်ခွါခွင့် ပြုလိုက်ပါပြီ။

စီးပွါးရေးအတိုင်ပင်ခံ ၂ ဦးဖြစ်တဲ့ Christa Avery နဲ့ခင်ပွန်းသည် Matthew O’Kane ၂ ဦးကို ပြီးခဲ့တဲ့ လက သြစတြေးလျား ပြန်ဖို့ သူတို့ လေယာဉ်ပေါ်မတက်ခင် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

အခုလို ပြန်လွတ်လာတာအတွက် အတော် စိတ်သက်သာရာ ရခဲ့ကြောင်းနဲ့ သူ့အနေနဲ့ ဘာအမှားမှ လုပ်မထားခဲ့သည့်တိုင် နေအိမ် အကျယ်ချုပ် ချခံနေရတဲ့ သီတင်း ၂ ပတ်မှာ စိတ်ဖိစီးမှု အတော်ခံစားခဲ့ရတယ်လို့ Avery က ကြေညာချက် ထုတ်ပြန်ပြောဆို ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံသား နောက်တဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး ဖြစ်တဲ့ ပါမောက္ခ Sean Turnell ကိုတော့ မြန်မာစစ်တပ်က အာဏာသိမ်းပြီး မကြာခင်မှာပဲ ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။

ပါမောက္ခ Turnell ကို ချက်ချင်းလွှတ်ပေးဦးမှာ မဟုတ်ပေမယ့် သူ ကိုယ်ရောစိတ်ပါ ကျန်းမာစေဖို့ အနည်းဆုံးတော့ နေအိမ် အကျယ်ချုပ် ဖြစ်ဖြစ် ပြောင်းထားပေးဖို့ မျှော်လင့်ကြောင်းလည်း Avery က ပြောပါတယ်။

ပါမောက္ခ Turnell ကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောသလို ၊ အခုထိ တရားစွဲဆိုမှုလည်း မလုပ်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကလည်း ပါမောက္ခ Turnell ဟာ နိုင်ငံတော်လ ျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေအရ အဖမ်းဆီးခံနေရပေမယ့် ခုထိ ဘာအမှုနဲ့ တရားစွဲမယ်ဆိုတာ တရားဝင် မသိရသေးဘူးလို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစပြီး အခုချိန်အထိ အဖမ်းဆီးခံရသူက ၂၅၀၀ ကျော်နေပြီလို့ AAPP နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG