သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TikTok အသုံးပြုမှု သြစတြေးလျ အစိုးရပိတ်ပင်


TikTok app တံဆိပ်နဲ့ သြစတေးလျနိုင်ငံအလံနောက်ခံ
TikTok app တံဆိပ်နဲ့ သြစတေးလျနိုင်ငံအလံနောက်ခံ

သြစတြေးလျနိုင်ငံမှာ ဒီကနေ့ (ဧပြီလ ၄ ရက်)ကစပြီး အစိုးရပိုင် မိုဘိုင်းဖုန်း၊ ကွန်ပြူတာနဲ့ ပစ္စည်းအားလုံးမှာ TikTok အသုံးပြုမှုကို ပိတ်ပင်လိုက်ပါတယ်။ တရုတ်ပိုင် ဗွီဒီယိုအက်ပီလီကေးရှင်း TikTok ကို ပိတ်ပင်တဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ရဲ့မဟာမိတ် သြစတြေးလျနိုင်ငံက နောက်ဆုံးပါဝင်လာတာဖြစ်ပါတယ်။

TikTok အသုံးပြုသူတွေရဲ့ အချက်အလက်တွေကိုရယူဖို့ ဘေးဂျင်အခြေစိုက် နည်းပညာကုမ္ပဏီကို တရုတ်အစိုးရက အသုံးချနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာတာကို ထင်ဟပ်စေတာပါ။ တရုတ်ရဲ့ နိုင်ငံရေး ဝါဒဖြန့်ချိမှုကို မြှင့်တင်ဖို့နဲ့ အနောက်နိုင်ငံတွေရဲ့ လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေဖို့ ရည်ရွယ်ပြီး TikTok အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရယူဖို့ တရုတ်အစိုးရက ကြိုးစားနေကြောင်း အနောက်နိုင်ငံတချို့က စွပ်စွဲထားတာပါ။

သြစတြေးလျအနေနဲ့ အခုလို TikTok ကို ပိတ်ပင်လိုက်တဲ့အတွက် သူ့ရဲ့ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက် တရုတ်နဲ့ သံတမန်ရေး တင်းမာမှုကို ပြန်ပြီးတိုးစေတဲ့ အန္တရာယ်ရှိနေပါတယ်။ အစိုးရလုံခြုံရေးအေဂျင်စီတွေရဲ့ စုံစမ်းတွေ့ ရှိချက်တွေကနေထွက်လာတဲ့ အကြံပေးချက်တွေအတိုင်း အစိုးရလုပ်ဆောင်တာဖြစ်ပြီး အစိုးရက ထုတ်ပေးတာတဲ့ ပစ္စည်းတွေအပေါ်မှာပဲ ကန့်သတ်ထားတာဖြစ်တယ်လို့ သြစတြေးလျဘဏ္ဍာရေးဝန်ကြီး Katy Gallagher ကပြောပါတယ်။

TikTok ကို ပိတ်ပင်ထားတဲ့အနောက်နိုင်ငံအစိုးရတွေထဲမှာ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်၊ ဗြိတိန်နဲ့ နယူးဇီလန်စတဲ့ Five Eyes လို့ ခေါ်တဲ့ အင်တာနက် ကွန်ရက်ချိတ်ဆက်ထားတဲ့ ၅ နိုင်ငံ ပါဝင်ပါတယ်။ ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့ ဥရောပကော်မရှင်တို့ကလည်း အလားတူ ပိတ်ပင်ထားပါတယ်။

TikTok အသုံးပြုမှု သြစတြေးလျ အစိုးရပိတ်ပင်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG