သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအေပၚ ဖိအားျမႇင့္ဖို႔ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ကို အတို္က္အခံ ေတာင္းဆို


ၾသစေၾတးလ် Labor ပါတီ ေခါင္းေဆာင္၊ ဒုတိယ ေခါင္းေဆာင္နဲ႔ အထက္လႊတ္ေတာ္ အမတ္မ်ား။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္း ၁ ႏွစ္ျပည္တဲ့ အခ်ိန္မွာ ၾသစေၾတးလ် ႏုိင္ငံအေနနဲ႔ ျမန္မာ အာဏာသိမ္း စစ္ေကာင္စီ အေပၚ အေရးယူ ဒဏ္ခတ္မႈေတြ တိုးခ်ဲ႕ လုပ္ေဆာင္သင့္တယ္လို႔ အတိုက္အခံ Labour ပါတီရဲ႕ ႏိုင္ငံတကာေရးရာ ေျပာေရးဆိုခြင့္ ရွိသူ ဆီးနိတ္ လႊတ္ေတာ္ အမတ္ Kristina Keneally က ၀န္ႀကီးခ်ဳပ္ Scott Morrison ရဲ႕ အစိုးရကို ေတာင္းဆိုလိုက္ပါတယ္။

အာဏာသိမ္း စစ္ေကာင္စီနဲ႔ ပတ္သက္လို႔ လြန္ခဲ႔တဲ႔ ၁၂ လ အတြင္း ၀န္ႀကီးခ်ဳပ္ Morrison နဲ႔ ႏိုင္ငံျခားေရး ၀န္ႀကီး Maris Payne တို႔ လုပ္ေဆာင္တာဟာ အလြန္ ေနာက္က်ၿပီး အနည္းငယ္ဘဲ ရွိခဲ႔တယ္လို႔ ဆီးနိတ္လႊတ္ေတာ္ အတိုက္အခံ ဒုတိယ ေခါင္းေဆာင္လည္း ျဖစ္တဲ႔ Kristian Keneally က ဇန္နဝါရီလ ၃၁ ရက္ေန႔မွာ ေ၀ဖန္ ေျပာဆိုလိုက္ပါတယ္။

ၾသစေၾတးလ် အစိုးရ အေနနဲ႔ ျမန္မာႏိုင္ငံက အေျခအေနေတြကို စိုးရိမ္မိေၾကာင္း၊ စစ္တပ္ အေနနဲ႔ အၾကမ္းဖက္မႈေတြကို ရပ္တန္႔ဖို႔၊ ဖမ္းဆီးထားသူေတြကို လႊတ္ေပးဖို႔နဲ႔ ေတြ႕ဆံု ေဆြးေႏြးေရး လုပ္ဖို႔ ေျပာဆိုထားတာ ရွိေပမယ့္ ေနာက္ထပ္ ဘာမွ လုပ္ေဆာင္တာ မရွိေသးဘူးလို႔ ဆိုပါတယ္။

ျမန္မာ့ ဒီမိုကေရစီ အေရး အတြက္ စိတ္သေဘာထား တူတဲ႔ အျခား ႏိုင္ငံေတြ လုပ္ေဆာင္ သလို ၾသစေၾတးလ် အေနနဲ႔ ျမန္မာ စစ္ေကာင္စီ အေပၚ ေငြေၾကးနဲ႔ ခရီးသြားလာခြင့္ အပါအ၀င္ ထိေရာက္တဲ႔ အေရးယူ ေဆာင္ရြက္မႈေတြ လုပ္သင့္တယ္လို႔လည္း တိုက္တြန္းထားပါတယ္။

ၾသစေၾတးလ် အလုပ္သမား သမဂၢ၊ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႔၊ ACID ႏိုင္ငံတကာ ဖြံ႔ၿဖိဳးတိုးတက္ေရး ၾသစေၾတးလ် ေကာင္စီ၊ ဒါ႔အျပင္ အျခား အရပ္ဘက္ အဖြဲ႔အစည္းမ်ားနဲ႔ အတူ ျမန္မာႏိုင္ငံက အာဏာသိမ္း စစ္ေကာင္စီ အေပၚ ပစ္မွတ္ထား ပိတ္ဆို႔ ဒဏ္ခတ္မႈေတြ လုပ္ဖို႔ကို ေတာင္းဆိုပါေၾကာင္း အတိုက္အခံ ၾသစေၾတးလ် အလုပ္သမား ပါတီရဲ႕ ဆီးနိတ္ အမတ္ Kristian Keneally က ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

စစ်ကောင်စီအပေါ် ဖိအားမြှင့်ဖို့ သြစတြေးလျ ဝန်ကြီးချုပ်ကို အတိုက်အခံ တောင်းဆို

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်း ၁ နှစ်ပြည်တဲ့ အချိန်မှာ သြစတြေးလျ နိုင်ငံအနေနဲ့ မြန်မာ အာဏာသိမ်း စစ်ကောင်စီ အပေါ် အရေးယူ ဒဏ်ခတ်မှုတွေ တိုးချဲ့ လုပ်ဆောင်သင့်တယ်လို့ အတိုက်အခံ Labour ပါတီရဲ့ နိုင်ငံတကာရေးရာ ပြောရေးဆိုခွင့် ရှိသူ ဆီးနိတ် လွှတ်တော် အမတ် Kristina Keneally က ဝန်ကြီးချုပ် Scott Morrison ရဲ့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၁၂ လ အတွင်း ဝန်ကြီးချုပ် Morrison နဲ့ နိုင်ငံခြားရေး ဝန်ကြီး Maris Payne တို့ လုပ်ဆောင်တာဟာ အလွန် နောက်ကျပြီး အနည်းငယ်ဘဲ ရှိခဲ့တယ်လို့ ဆီးနိတ်လွှတ်တော် အတိုက်အခံ ဒုတိယ ခေါင်းဆောင်လည်း ဖြစ်တဲ့ Kristian Keneally က ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဝေဖန် ပြောဆိုလိုက်ပါတယ်။

သြစတြေးလျ အစိုးရ အနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို စိုးရိမ်မိကြောင်း၊ စစ်တပ် အနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ဖို့ ပြောဆိုထားတာ ရှိပေမယ့် နောက်ထပ် ဘာမှ လုပ်ဆောင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

မြန်မာ့ ဒီမိုကရေစီ အရေး အတွက် စိတ်သဘောထား တူတဲ့ အခြား နိုင်ငံတွေ လုပ်ဆောင် သလို သြစတြေးလျ အနေနဲ့ မြန်မာ စစ်ကောင်စီ အပေါ် ငွေကြေးနဲ့ ခရီးသွားလာခွင့် အပါအဝင် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

သြစတြေးလျ အလုပ်သမား သမဂ္ဂ၊ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၊ ACID နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး သြစတြေးလျ ကောင်စီ၊ ဒါ့အပြင် အခြား အရပ်ဘက် အဖွဲ့အစည်းများနဲ့ အတူ မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီ အပေါ် ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ဖို့ကို တောင်းဆိုပါကြောင်း အတိုက်အခံ သြစတြေးလျ အလုပ်သမား ပါတီရဲ့ ဆီးနိတ် အမတ် Kristian Keneally က တောင်းဆိုထားပါတယ်။

XS
SM
MD
LG