သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့အၾကပ္အတည္းေျပလည္ေရး ႏိုင္ငံတကာလုပ္ေဆာင္ခ်က္ အားနည္း - SAC-M 


ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီ (SAC-M) (ဓာတ္ပံု - Official Publication)

ျမန္မာ့အၾကပ္အတည္းေတြ အဆုံးသတ္ၿပီး စစ္တပ္ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြကို ဟန႔္တားႏိုင္ေရးမွာ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းဘက္က ခိုင္မာျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ေတြခ်မွတ္ဖို႔ ပ်က္ကြက္ေနတဲ့အေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီ (SAC-M) က ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။ အာဏာသိမ္းခဲ့တဲ့ တႏွစ္အတြင္း ျပည္သူ ေတြအေပၚ စစ္တပ္က ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္မ်ိဳးစုံ က်ဳးလြန္ခဲ့ေပမဲ့ တုန႔္ျပန္တြန္းလွန္တဲ့ ဒီမိုကေရစီ လႈပ္ရွားမႈကိုသာ ပိုၿပီး အားေကာင္းေစခဲ့တယ္လို႔လည္း အြန္လိုင္းကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။ ဦးသိန္းထိုက္ဦး ဆက္ေျပာျပပါမယ္။

စစ္တပ္က အာဏာသိမ္းခဲ့တဲ့ တႏွစ္တာအတြင္း ျမန္မာႏိုင္ငံမွာ အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္မႈ ၇၆၀၀ ေက်ာ္ ရွိခဲ့တဲ့အေၾကာင္း အထူးအႀကံေပး ေကာင္စီ အဖြဲ႕ဝင္တဦးျဖစ္တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ေဟာင္း Yanghee Lee က ေျပာဆိုသြားတာပါ။ဆီးရီးယား၊ ယီမင္၊ ပါလက္စတိုင္း၊ အီရန္ႏိုင္ငံေတြနဲ႔ ႏိုင္းယွဥ္ၿပီး အၾကမ္းဖက္မႈေတြ ပိုဆိုးလာတဲ့ အေျခအေနကို ေထာက္ျပပါတယ္။ ဒါေၾကာင့္လည္း ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ျဖတ္သုံးျဖတ္ မဟာဗ်ဳဟာကို ေႏွာင့္ေႏွးက်န႔္ၾကာမႈမရွိ အျမန္ဆုံး အေကာင္အထည္ဖို႔ လိုေနၿပီလို႔ သူက ေျပာဆိုသြားပါတယ္။

"စစ္တပ္ လက္နက္ေတြရမယ့္ လမ္းကို ျဖတ္ေတာက္ ပိတ္ဆို႔ရမယ္။ သူတို႔ ဝင္ေငြရေစမယ့္ နည္းလမ္းေတြကို ျဖတ္ေတာ္ ပိတ္ဆို႔ရပါ့မယ္။ အေရးမယူဘဲ လုပ္ခြင့္ေပးထားတာေတြကို အဆုံးသတ္ေအာင္ ျဖတ္ဖို႔ ပါတယ္။ မၾကာေသးခင္ကပဲ တိုးတက္လာတဲ့ အေကာင္းဘက္ ဦးတည္တဲ့ အျဖစ္အပ်က္ေတြကို က်မတို႔ ေတြ႕လာရပါတယ္။ Chevron နဲ႔ Total ကုမၸဏီေတြက ျမန္မာႏိုင္ငံအတြင္းက ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ၾသစေတးလ် Woodside ေရနံကုမၸဏီလည္း ထြက္ခြာမယ္လို႔ ဒီေန႔ေျပာပါတယ္။ ျမန္မာစစ္တပ္နဲ႔ ဆက္ႏြယ္ၿပီး စီးပြားေရးလုပ္ေဆာင္တဲ့သူေတြ သတိထားရမယ့္ကိစၥေတြကို အေမရိကန္ျပည္ေထာင္စုက အႀကံေပးထားတဲ့ သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ ဒီလို စီးပြားေရးလုပ္ငန္းေတြေၾကာင့္ ဒီမိုကေရစီေရး ဖစ္ေပၚ တိုးတက္မႈနဲ႔ ဥပေဒစိုးမိုးေရးကို ထိခိုက္ေစပါတယ္။"

အေမရိကန္ ျပည္ေထာင္စု ဥေရာပ ႏိုင္ငံေတြနဲ႔ UK ႏိုင္ငံေတြအေနနဲ႔ ျမန္မာႏိုင္ငံက သဘာ၀ သယံဇာတေတြ တင္ပို႔တာေတြကို ပစ္မွတ္ထား ပိတ္ဆို႔ ဒဏ္ခတ္ဖို႔ လိုေနၿပီဆိုၿပီး လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ေဟာင္း Yanghee Lee က ေျပာဆိုသြားပါတယ္။
ျမန္မာစစ္တပ္ အာဏာရယူထားတာ တႏွစ္ျပည့္သြားတဲ့အခ်ိန္ ဒီမိုကေရစီေရးလႈပ္ရွားမႈနဲ႔ ႏိုင္ငံတကာ အခင္းအက်င္းကို အေကာင္းဘက္ကို ဦးတည္တဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ တိုးတက္မႈေတြ ရွိလာတာကို ၾကည့္ဖို႔လိုပါတယ္ဆိုၿပီး ေျပာသြားသူက FFM လို႔အတိုေခါက္ေခၚတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးမစ္ရွင္ ဥကၠဌေဟာင္း Marzuki Darusman ပါ။

"ပထမဆုံး အေကာင္းျမင္ ေမွ်ာ္လင့္လို႔ရတဲ့အခ်က္က စစ္ေကာင္စီရဲ႕ တရားဝင္မႈ ကိစၥပါ။ ဒုတိယ တခ်က္က ဒီတိုင္းျပည္ဟာ အသစ္ျပန္လည္ေမြးဖြားတဲ့ ဖက္ဒရယ္ ျပည္ေထာင္စုဆီ ဦးတည္တဲ့ သမိုင္းဆိုင္ရာ ျဖစ္စဥ္တခုကို ေရာက္လာတာပါ။ သမိုင္းမွာ ႏိုင္ငံတခု ဒီလို လမ္းေၾကာင္းေပၚကို ေရာက္လာၿပီဆိုရင္ ဘယ္အရာကမွ တားဆီးလို႔ မရပါဘူး။ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းအားလုံးက ဒီကိစၥမွာ တေပါင္းတစည္းတည္း ငါတို႔နဲ႔ မဆိုင္ဘူးဆိုၿပီး မေနၾကေတာ့ပဲ သူတို႔ကိုသူတို႔ အနာဂတ္ ျမန္မာႏိုင္ငံသစ္မွာ ပါဝင္ရမယ့္သူေတြဆိုတာ သတ္မွတ္လာၾကပါတယ္။ အရင္က ဝန္ႀကီးခ်ဳပ္ေဟာင္း လီကြမ္ယု ေျပာခဲ့တဲ့ စစ္တပ္မရွိရင္ ျမန္မာႏိုင္ငံ ပ်က္ဆီးသြားမယ္လို႔ ေျပာခဲ့ဖူးတာနဲ႔ တျခားဆီ ျဖစ္လာပါတယ္။ စစ္တပ္ရွိေနလို႔ကို ျမန္မာႏိုင္ငံ ပ်က္ဆီးသြားႏိုင္တဲ့ အေျခအေနပါ။ တတိယ အေကာင္းျမင္ ေမွ်ာ္လင့္လို႔ ရတာကေတာ့ စီးပြားေရး လုပ္ကိုင္ေနတဲ့ အဓိက ေကာ္ပိုေရးရွင္းႀကီးေတြ ျမန္မာႏိုင္ငံကေန စၿပီး ထြက္ခြာေနတဲ့ အေျခေနနဲ႔ NUG ၾကားကလ အမ်ိဳးသားညီၫြတ္ေရး အစိုးရအေပၚမွာ ေထာက္ခံ အသိအမွတ္ျပဳမႈေတြ ပိုရလာတဲ့ အေျခေနပါ။"

လက္ရွိ အာဆီယံ အလွည့္က် ဥကၠ႒ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ျမန္မာႏိုင္ငံအေရး ခ်ဥ္းကပ္မႈေတြဟာ ဘုံသေဘာတူညီခ်က္ ငါးခ်က္ခ်ထားတဲ့ အာဆီယံရဲ႕ လုပ္ငန္းစဥ္ေတြကို ေနာက္ေၾကာင္းျပန္ လွည့္သြားေစတယ္လို႔ Marzuki Darusman က ေထာက္ျပပါတယ္။ အာဆီယံဘက္က ဒါကို တည့္မတ္ဖို႔ ႀကိဳးစားေနတယ္လို႔ ျမင္တဲ့အေၾကင္း ေျပာဆိုသြားပါတယ္။ တိုင္းရင္းသားေဒသမွာ ဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးေရးနဲ႔ စစ္တပ္က ေလေၾကာင္းကေန ထိုးစစ္ဆင္ေနတာေတြနဲ႔ ပတ္သက္လို႔ ေလယာဥ္မပ်ံသန္းရ နယ္ေျမသတ္မွတ္ေရး ေတာင္ဆိုခ်က္ေတြ တိုးၿပီး ေအာင္ျမင္ေအာင္ လုပ္ေဆာင္သင့္တယ္လို႔လည္း သူက ေျပာဆိုသြားပါတယ္။

ျမန္မာႏိုင္ငံအေရးမွာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီဘက္က ထိေရာက္တဲ့ လုပ္ေဆာင္ခ်က္ေတြ ခ်မွတ္ဖို႔ ပ်က္ကြက္ခဲ့တဲ့အေၾကာင္း ေဝဖန္ေျပာဆိုသြားတဲ့သူကေတာ့ ၂၀၁၉ ခုႏွစ္တုန္းက ကုလ သမဂၢ အခ်က္အလက္စုံစမ္းေရးအဖြဲ႕ဝင္ Chris Sidoti ျဖစ္ပါတယ္။ ျမန္မာစစ္ေကာင္စီရဲ႕အၾကမ္းဖက္ အဖြဲ႕အစည္း တခုျဖစ္တယ္ဆိုတာကို သူက ေထာက္ျပသြားပါတယ္။

"က်ေနာ္တို႔က အၾကမ္းဖက္သမားေတြ၊ အၾကမ္းဖက္အဖြဲ႕အစည္းဆိုတာေတြကို စကားလုံးေတြနဲ႔ ထင္ရာျမင္ရာ ေျပာေနတာ မဟုတ္ပါဘူး။ က်ေနာ္တို႔ဟာ သီးျခားလြတ္လပ္တဲ့ ႏိုင္ငံတကာ ကြၽမ္းက်င္ပညာရွင္ေတြ ျဖစ္ပါတယ္။ က်ေနာ္တို႔ ေျပာဆိုခ်က္ေတြဟာ ဥပေဒအရ အေျခခံ ေျပာဆိုတာပါ။ စစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြကို စစ္ေဆးၿပီးမွ က်ေနာ္တို႔က သတ္မွတ္တာပါ။ အမ်ားျပည္သူကို ရည္႐ြယ္ခ်က္ရွိရွိ ဓါးစာခံအျဖစ္ အသုံးခ်၊ ေသေၾကထိခိုက္ေစတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြကို ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔ ၊ စစ္အုပ္ခ်ဳပ္ေရးကို လက္ခံလာေအာင္ ၿခိမ္းေျခာက္တဲ့အေနနဲ႔ ရက္ရက္စက္စက္ က်ဳးလြန္ေနတာေတြ႕ရပါတယ္။"

စစ္တပ္ရဲ႕ လုပ္ရပ္ေတြကို လက္ခံလာေအာင္ ၿခိမ္းေျခာက္တဲ့ လုပ္ရပ္ အေၾကာက္တရားလြမ္းမိုးေအာင္ ရက္စက္မႈေတြေၾကာင့္ ႏိုင္ငံတကာ ဥပေဒအရေရာ၊ ျမန္မာႏိုင္ငံအတြင္း ျပဌာန္းထားတဲ့ ဥပေဒအရေရာ စစ္ေကာင္စီဟာ အၾကမ္းဖက္အဖြဲ႕အစည္း ျဖစ္တယ္ဆိုတာကို ႏိုင္ငံတကာက လက္ခံဖို႔၊ အထူးသျဖင့္ ကုလသဂၢ လုံၿခဳံေရးေကာင္စီက လက္ခံ အေရးယူဖို႔ လိုအပ္တဲ့အေၾကာင္း Chris Sidoti ေထာက္ျပသြားတာပါ။

ျမန္မာစစ္တပ္ဘက္ကေတာ့ ကုလသမဂၢဘက္က ျမန္မာ့အေရး ေျပာဆိုခ်က္ေတြဟာ တဘက္သတ္ ဘက္လိုက္တဲ့ ေၾကညာခ်က္ေတြ ျဖစ္တယ္လို႔ တုန႔္ျပန္ထားသလို ႏိုင္ငံတကာ ေရနံ ကုမၸဏီႀကီးေတြ ထြက္ခြာသြားေပမယ့္ မိတ္ဘက္အဖြဲ႕အစည္းေတြနဲ႔ စီးပြားေရး ဆက္လုပ္မယ့္အေၾကာင္း ေျပာဆိုထားပါတယ္။

တခ်ိန္ထဲမွာ ျမန္မာစစ္တပ္ရဲ႕ ဝင္ေငြရႏိုင္တဲ့ နည္းလမ္းေတြကို ပိတ္ပင္ဖို႔ဆိုရင္ ႏိုင္ငံတကာအေနနဲ႔ အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စု၊ ၿဗိတိန္နဲ႔ ဥေရာပ အဖြဲ႕ဝင္ႏိုင္ငံေတြအၾကား ဘုံသေဘာတူညီတဲ့ စစ္တပ္ရဲ႕ ေရနံနဲ႔ သေဘာဓါေငြ႕လုပ္ငန္းေတြကို ပစ္မွတ္ထားအေရးယူမႈေတြ ခ်မွတ္ဖို႔ လိုအပ္ေနတယ္ လူ႔အခြင့္အေရးအဖြဲ႕ေတြ႕လည္း ေထာက္ျပေနပါတယ္။

ဒီအခ်ိန္နဲ႔ အခ်ိန္ကိုက္ စစ္တပ္က အာဏာရယူခဲ့တဲ့ တႏွစ္ျပည့္ခါနီးအခ်ိန္မွာ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ထိေရာက္တဲ့ အေရးယူမႈေတြ လုပ္ေဆာင္ဖို႔ ျမန္မာ့အေရး အထူးအႀကံေပးေကာင္စီက တိုက္တြန္းသြားတာျဖစ္ပါတယ္။

...........................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ့အကြပ်အတည်းပြေလည်ရေး နိုင်ငံတကာလုပ်ဆောင်ချက် အားနည်း - SAC-M

(Unicode)

မြန်မာ့အကြပ်အတည်းတွေ အဆုံးသတ်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဟန့်တားနိုင်ရေးမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ပျက်ကွက်နေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ အာဏာသိမ်းခဲ့တဲ့ တနှစ်အတွင်း ပြည်သူ တွေအပေါ် စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုးစုံ ကျုးလွန်ခဲ့ပေမဲ့ တုန့်ပြန်တွန်းလှန်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကိုသာ ပိုပြီး အားကောင်းစေခဲ့တယ်လို့လည်း အွန်လိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ဦးသိန်းထိုက်ဦး ဆက်ပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ တနှစ်တာအတွင်း မြန်မာနိုင်ငံမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ၇၆၀၀ ကျော် ရှိခဲ့တဲ့အကြောင်း အထူးအကြံပေး ကောင်စီ အဖွဲ့ဝင်တဦးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee က ပြောဆိုသွားတာပါ။ဆီးရီးယား၊ ယီမင်၊ ပါလက်စတိုင်း၊ အီရန်နိုင်ငံတွေနဲ့ နိုင်းယှဉ်ပြီး အကြမ်းဖက်မှုတွေ ပိုဆိုးလာတဲ့ အခြေအနေကို ထောက်ပြပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဖြတ်သုံးဖြတ် မဟာဗျုဟာကို နှောင့်နှေးကျန့်ကြာမှုမရှိ အမြန်ဆုံး အကောင်အထည်ဖို့ လိုနေပြီလို့ သူက ပြောဆိုသွားပါတယ်။

"စစ်တပ် လက်နက်တွေရမယ့် လမ်းကို ဖြတ်တောက် ပိတ်ဆို့ရမယ်။ သူတို့ ဝင်ငွေရစေမယ့် နည်းလမ်းတွေကို ဖြတ်တော် ပိတ်ဆို့ရပါ့မယ်။ အရေးမယူဘဲ လုပ်ခွင့်ပေးထားတာတွေကို အဆုံးသတ်အောင် ဖြတ်ဖို့ ပါတယ်။ မကြာသေးခင်ကပဲ တိုးတက်လာတဲ့ အကောင်းဘက် ဦးတည်တဲ့ အဖြစ်အပျက်တွေကို ကျမတို့ တွေ့လာရပါတယ်။ Chevron နဲ့ Total ကုမ္ပဏီတွေက မြန်မာနိုင်ငံအတွင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သြစတေးလျ Woodside ရေနံကုမ္ပဏီလည်း ထွက်ခွာမယ်လို့ ဒီနေ့ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပြီး စီးပွားရေးလုပ်ဆောင်တဲ့သူတွေ သတိထားရမယ့်ကိစ္စတွေကို အမေရိကန်ပြည်ထောင်စုက အကြံပေးထားတဲ့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းတွေကြောင့် ဒီမိုကရေစီရေး ဖစ်ပေါ် တိုးတက်မှုနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက်စေပါတယ်။"

အမေရိကန် ပြည်ထောင်စု ဥရောပ နိုင်ငံတွေနဲ့ UK နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက သဘာ၀ သယံဇာတတွေ တင်ပို့တာတွေကို ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ်ဖို့ လိုနေပြီဆိုပြီး လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee က ပြောဆိုသွားပါတယ်။
မြန်မာစစ်တပ် အာဏာရယူထားတာ တနှစ်ပြည့်သွားတဲ့အချိန် ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ နိုင်ငံတကာ အခင်းအကျင်းကို အကောင်းဘက်ကို ဦးတည်တဲ့ မျှော်လင့်ချက်နဲ့ တိုးတက်မှုတွေ ရှိလာတာကို ကြည့်ဖို့လိုပါတယ်ဆိုပြီး ပြောသွားသူက FFM လို့အတိုခေါက်ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဌဟောင်း Marzuki Darusman ပါ။

"ပထမဆုံး အကောင်းမြင် မျှော်လင့်လို့ရတဲ့အချက်က စစ်ကောင်စီရဲ့ တရားဝင်မှု ကိစ္စပါ။ ဒုတိယ တချက်က ဒီတိုင်းပြည်ဟာ အသစ်ပြန်လည်မွေးဖွားတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆီ ဦးတည်တဲ့ သမိုင်းဆိုင်ရာ ဖြစ်စဉ်တခုကို ရောက်လာတာပါ။ သမိုင်းမှာ နိုင်ငံတခု ဒီလို လမ်းကြောင်းပေါ်ကို ရောက်လာပြီဆိုရင် ဘယ်အရာကမှ တားဆီးလို့ မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ဒီကိစ္စမှာ တပေါင်းတစည်းတည်း ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး မနေကြတော့ပဲ သူတို့ကိုသူတို့ အနာဂတ် မြန်မာနိုင်ငံသစ်မှာ ပါဝင်ရမယ့်သူတွေဆိုတာ သတ်မှတ်လာကြပါတယ်။ အရင်က ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ပြောခဲ့တဲ့ စစ်တပ်မရှိရင် မြန်မာနိုင်ငံ ပျက်ဆီးသွားမယ်လို့ ပြောခဲ့ဖူးတာနဲ့ တခြားဆီ ဖြစ်လာပါတယ်။ စစ်တပ်ရှိနေလို့ကို မြန်မာနိုင်ငံ ပျက်ဆီးသွားနိုင်တဲ့ အခြေအနေပါ။ တတိယ အကောင်းမြင် မျှော်လင့်လို့ ရတာကတော့ စီးပွားရေး လုပ်ကိုင်နေတဲ့ အဓိက ကော်ပိုရေးရှင်းကြီးတွေ မြန်မာနိုင်ငံကနေ စပြီး ထွက်ခွာနေတဲ့ အခြေနေနဲ့ NUG ကြားကလ အမျိုးသားညီညွတ်ရေး အစိုးရအပေါ်မှာ ထောက်ခံ အသိအမှတ်ပြုမှုတွေ ပိုရလာတဲ့ အခြေနေပါ။"

လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံအရေး ချဉ်းကပ်မှုတွေဟာ ဘုံသဘောတူညီချက် ငါးချက်ချထားတဲ့ အာဆီယံရဲ့ လုပ်ငန်းစဉ်တွေကို နောက်ကြောင်းပြန် လှည့်သွားစေတယ်လို့ Marzuki Darusman က ထောက်ပြပါတယ်။ အာဆီယံဘက်က ဒါကို တည့်မတ်ဖို့ ကြိုးစားနေတယ်လို့ မြင်တဲ့အကြေင်း ပြောဆိုသွားပါတယ်။ တိုင်းရင်းသားဒေသမှာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးရေးနဲ့ စစ်တပ်က လေကြောင်းကနေ ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်လို့ လေယာဉ်မပျံသန်းရ နယ်မြေသတ်မှတ်ရေး တောင်ဆိုချက်တွေ တိုးပြီး အောင်မြင်အောင် လုပ်ဆောင်သင့်တယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံအရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဘက်က ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ချမှတ်ဖို့ ပျက်ကွက်ခဲ့တဲ့အကြောင်း ဝေဖန်ပြောဆိုသွားတဲ့သူကတော့ ၂၀၁၉ ခုနှစ်တုန်းက ကုလ သမဂ္ဂ အချက်အလက်စုံစမ်းရေးအဖွဲ့ဝင် Chris Sidoti ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီရဲ့အကြမ်းဖက် အဖွဲ့အစည်း တခုဖြစ်တယ်ဆိုတာကို သူက ထောက်ပြသွားပါတယ်။

"ကျနော်တို့က အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်အဖွဲ့အစည်းဆိုတာတွေကို စကားလုံးတွေနဲ့ ထင်ရာမြင်ရာ ပြောနေတာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေ ဖြစ်ပါတယ်။ ကျနော်တို့ ပြောဆိုချက်တွေဟာ ဥပဒေအရ အခြေခံ ပြောဆိုတာပါ။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို စစ်ဆေးပြီးမှ ကျနော်တို့က သတ်မှတ်တာပါ။ အများပြည်သူကို ရည်ရွယ်ချက်ရှိရှိ ဓါးစာခံအဖြစ် အသုံးချ၊ သေကြေထိခိုက်စေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ၊ စစ်အုပ်ချုပ်ရေးကို လက်ခံလာအောင် ခြိမ်းခြောက်တဲ့အနေနဲ့ ရက်ရက်စက်စက် ကျုးလွန်နေတာတွေ့ရပါတယ်။"

စစ်တပ်ရဲ့ လုပ်ရပ်တွေကို လက်ခံလာအောင် ခြိမ်းခြောက်တဲ့ လုပ်ရပ် အကြောက်တရားလွမ်းမိုးအောင် ရက်စက်မှုတွေကြောင့် နိုင်ငံတကာ ဥပဒေအရရော၊ မြန်မာနိုင်ငံအတွင်း ပြဌာန်းထားတဲ့ ဥပဒေအရရော စစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကို နိုင်ငံတကာက လက်ခံဖို့၊ အထူးသဖြင့် ကုလသဂ္ဂ လုံခြုံရေးကောင်စီက လက်ခံ အရေးယူဖို့ လိုအပ်တဲ့အကြောင်း Chris Sidoti ထောက်ပြသွားတာပါ။

မြန်မာစစ်တပ်ဘက်ကတော့ ကုလသမဂ္ဂဘက်က မြန်မာ့အရေး ပြောဆိုချက်တွေဟာ တဘက်သတ် ဘက်လိုက်တဲ့ ကြေညာချက်တွေ ဖြစ်တယ်လို့ တုန့်ပြန်ထားသလို နိုင်ငံတကာ ရေနံ ကုမ္ပဏီကြီးတွေ ထွက်ခွာသွားပေမယ့် မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ စီးပွားရေး ဆက်လုပ်မယ့်အကြောင်း ပြောဆိုထားပါတယ်။

တချိန်ထဲမှာ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေကို ပိတ်ပင်ဖို့ဆိုရင် နိုင်ငံတကာအနေနဲ့ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီတဲ့ စစ်တပ်ရဲ့ ရေနံနဲ့ သဘောဓါငွေ့လုပ်ငန်းတွေကို ပစ်မှတ်ထားအရေးယူမှုတွေ ချမှတ်ဖို့ လိုအပ်နေတယ် လူ့အခွင့်အရေးအဖွဲ့တွေ့လည်း ထောက်ပြနေပါတယ်။

ဒီအချိန်နဲ့ အချိန်ကိုက် စစ်တပ်က အာဏာရယူခဲ့တဲ့ တနှစ်ပြည့်ခါနီးအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ မြန်မာ့အရေး အထူးအကြံပေးကောင်စီက တိုက်တွန်းသွားတာဖြစ်ပါတယ်။

XS
SM
MD
LG