သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြီးယားမှာ ကိုဗစ်ကန့်သတ်ချက်တွေ ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်


သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ကိုဗစ်စစ်ဆေးပေးနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၃၀၊ ၂၀၂၀)
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ကိုဗစ်စစ်ဆေးပေးနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

သြစတြီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားစေရေးအတွက် ကန့်သတ်မှုတွေ ချမှတ်ထားတာကို ကန့်ကွက်သူ ၁၀,၀၀၀ လောက်က မြို့တော် ဗီယင်နာမှာ စနေနေ့က ဆန္ဒပြခဲ့ကြပြီး အစိုးရနုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အစိုးရရဲ့ Lockdown ချ ကန့်သတ်မှုဟာ မတ်လကတည်းကဆိုရင် ဒါဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။

မဖွင့်မဖြစ်ဈေးဆိုင်မှအပ ကျန်ဆိုင်အားလုံး ပိတ်ထားရပြီး ဖျော်ဖြေရေးခန်းမတွေ၊ အားကစားရုံတွေနဲ့ ကျောင်းတွေအားလုံးကိုပါ ပိတ်ထားရတဲ့ ကန့်သတ်မှုကို သဘောမကျသူတွေက သြစတြီးယားဝန်ကြီးချုပ် Sebastian Kurz ကိုရော သတင်းမီဒီယာတွေကိုပါ မကျေမနပ် ဖြစ်နေကြတာပါ။

“ဒီလိုပုံစံနဲ့ ဆက်သွားဖို့ မဖြစ်နိုင်ကြောင်းနဲ့ တားမြစ်ချက်တွေက ဘက်ပေါင်းစုံကဖြစ်နေပြီး သိပ်လွန်နေပြီ” လို့ ဆန္ဒပြသူတဦးက ပြောသွားတာပါ။

ဒီရောဂါအတွက် သတိထားရမှာ ဖြစ်ပေမယ့် တဖက်တည်းပဲ ကြည့်လို့မရကြောင်းနဲ့ စိုးရိမ်ရတဲ့အုပ်စုထဲပါတဲ့ သက်ကြီးရွယ်အိုတွေဆို အိမ်တွေမှာ ဒီအတိုင်းထိုင်ပြီး ဝါဒဖြန့်တာတွေကိုပဲ အာရုံစိုက်နေရတဲ့ အဖြစ်မျိုးတွေကြာင့် ဒီလိုပုံစံနဲ့ မသွားသင့်တော့ဘူးလို့ ပြောပါတယ်။

ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့ တရုတ်နိုင်ငံလို ဖြစ်လာမှာကို မလိုလားဘူးလို့လည်း ပြောပါတယ်။

ဆန္ဒပြသူ အများစုဟာ နှာခေါင်းစည်း မတပ်ကြသလို လူချင်းခပ်ခွါခွါနေရမယ့် စည်းကမ်းကိုလည်း မလိုက်နာကြပါဘူး။ သူတို့ကိုဆန့်ကျင်တဲ့ လူပေါင်း ၅၀၀ လောက်ပါဝင်တဲ့ ဆန္ဒပြအုပ်စုကတော့ နှာခေါင်းစည်း မတပ်သူတွေကို ရှုတ်ချခဲ့ကြတာပါ။

လူဦးရေ ၈.၉ သန်းရှိတဲ့ သြစတြီးယားနိုင်ငံမှာ ဒီရောဂါကြောင့် သေဆုံးရသူ ၇,၀၀၀ ကျော်ရှိပါတယ်။ ကူးစက်မှုကျဆင်းတဲ့ လက္ခဏာ မတွေ့ရသလို ဗြိတိန်ကလာတဲ့ ကူးစက်မြန်ပိုးသစ် အန္တရာယ်ကလည်း ကြီးတဲ့အတွက် ကျွမ်းကျင်ပညာရှင်များ အဖွဲ့ကတော့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ချထားတဲ့ ကန့်သတ်မှုတွေကို ဖြေလျှော့မပေးသင့်ဘူးလို့ ဝန်ကြီးချုပ်ကို အကြံပေးပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)

သွစတွီးယားမှာ ကိုဗဈကန့ျသတျခကြျတှေ ကန့ျကှကျဆန်ဒပွပှဲ ပွုလုပျ









XS
SM
MD
LG