(Zawgyi/Unicode)
ဘဂၤလားေဒ့ရ္ွႏိုင္ငံ ဒုကၡသည္စခန္းက မူဆလင္အေယာက္ ၈၀ ဟာ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ လွဖိုးေခါင္ စခန္းမွာ မိမိဆႏၵအေလ်ာက္ ျပန္လည္၀င္ေရာက္လာျပီး လက္ရွိ COVID-19 ေရာဂါပိုးရွိ၊ မရွိ သီးျခားခြဲျပီး ေဆးစစ္မႈ ခံေနရတဲ့ အေၾကာင္းသတင္းေပးပို႔သြားမွာပါ။
တဘက္နိုင္ငံကေန မိမိဆႏၵအေလ်ာက္ ျပန္လည္၀င္ေရာက္လာတဲ့ မူဆလင္ေတြကို ဘဂၤလားေဒ့ရ္ွ ဒုကၡသည္စခန္းေတြမွာ COVID-19 ေရာဂါျဖစ္ပြါးေနမႈေၾကာင့္ ၾကိဳတင္တားဆီးတဲ့အေနနဲ႔ လွဖိုးေခါင္စခန္းမွာ သီးျခားခြဲထားျပီး ေဆးစစ္ေနတယ္လို႔ ေမာင္ေတာခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေအာင္က ဗီြအိုေအကို ေျပာပါတယ္။
“အဲ ၈၁ ေယာက္ရွိတယ္ခင္ဗ်။ ဘယ္လိုအေျခအေန ရွိတယ္ေတာ့ က်ေနာ္တို႔ အခုဟာ Facility Quarantine ေပါ့။ ဟိုဘက္မွာ COVID ျဖစ္ၿပီး ေသတဲ့လူနာေတြလည္း မ်ားေနၿပီးေတာ့ ဘဂၤလားေဒ့ရ္ွမွာ။ အဲဒီကျပန္လာတာျဖစ္တဲ့အတြက္ Facility Quarantine ေလာေလာဆယ္ လုပ္ထားတယ္ ၁၄ ရက္။ ေနာက္ ၁၄ ရက္ေစာင့္ၾကည့့္္ၿပီးေတာ့မွ ေရာဂါလကၡဏာ မေတြ႕ဘူးဆိုရင္ေတာ့ အစီစဥ္အတိုင္း ဆက္လုပ္မွာေပါ့။”
ဒီဒုကၡသည္ ၈၀ ေက်ာ္ဟာ ဘဂၤလားေဒ့ရ္ွႏိုင္ငံမွာရိွတဲ့ ဒုကၡသည္စခန္းေတြထဲကေန မေန႔ကနဲ႔ ျပီးခဲ့တဲ့ရက္ေတြတုန္းက ေမာင္ေတာၿမိဳ႕ လွဖိုးေခါင္ၾကိဳဆိုေရးစခန္းကို ၀င္ေရာက္လာတာပါ။
တဘက္နိုင္ငံက ၀င္ေရာက္လာသူေတြကို ေရာဂါပိုးရွိ၊ မရွိ သီးသန္႔ခြဲစစ္ေဆးေနေပမဲ့ စခန္းေန ၀န္ထမ္းေတြကေတာ့ စိုးရိမ္ၾကပါတယ္။
“ဘဂၤလားက ၀င္လာတဲ့ ဘဂၤလီေတြဆို အထက (၂) ေတြ အလယ္တန္းေက်ာင္းေတြမွာသူတို႔ေနေန။ သူတို႕မွာ ဗိုင္းရပ္စ္ပါတယ္ဆိုရင္ ဘယ္လိုထားမလဲ။ ကိုရိုနာဗိုင္းရပ္စ္ ပါလာမယ္ဆိုရင္ ဘယ္လိုထားမလဲ အဲတာ စိုးရိမ္တာ။”
ရခိုင္ျပည္နယ္ က်န္းမာေရးဦးစီးဌာနက ေျပာခြင့္ရေဒါက္တာစိုး၀င္းပိုင္ကေတာ့ လွဖိုးေခါင္ၾကိဳဆိုေရးစခန္းက ၀င္လာသူေတြကို ေစာင့္ၾကည့္ေနဆဲျဖစ္ၿပီး ရခိုင္တျပည္နယ္လုံး COVID-19 ေရာဂါၾကိဳတင္ကာကြယ္တားဆီးေနတဲ့ အေျခအေနကို အခုလိုေျပာပါတယ္။
“က်ေနာ္တို႔ လွဖိုးေခါင္စခန္းကေပါ့ေနာ္။ အဲဒီမွာ က်ေနာ္တို႔ ေစာင့္ၾကည့္ေနတာ ရွိတယ္။ ရခိုင္တျပည္နယ္လုံးအေနနဲ႕ ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္မွာ စစ္ေတြကေတာ့ က်ေနာ္တို႔ ျပင္ဆင္ေနတုန္းရွိတယ္။ ၁၆ ၿမိဳ႕နယ္မွာ က်ေနာ္တိုပ တၿမိဳ႕နယ္ တၿမိဳ႕နယ္က က်ေနာ္တို႔ ေနရာသတ္မွတ္ထားတာ ရွိတယ္။ အခု ၂၀ ေလာက္ရွိတယ္။ အဲဒီမွာ လူေပါင္း ၈၆၀ ေလာက္ကိုက်ေနာ္တို႔ Quarantine လုပ္နိုင္တယ္။ ေစာင့္ၾကည့္နိုင္တာေပါ့ေနာ္။ ျပည္နယ္ကို နိုင္ငံျခားက၀င္လာတဲ့ လူေတြပါလာရင္ ဘယ္လိုေစာင့္ၾကည့္မလဲ စစ္ေတြေလဆိပ္တို႕ ေက်ာက္ျဖဴေလဆိပ္တို႔ သံတြဲေလဆိပ္တို႔မွာ ခရီးသြားျပည္သူေတြကို က်ေနာ္တို႔ နိုင္ငံျခားကျပန္လာတဲ့ လူေတြရွိလား။ အဲတာေတြ စမ္းစစ္ေနတယ္။ အမ္း၊ ေတာင္ကုတ္၊ ဂြမွာ က်ေနာ္တို႔ နိုင္ငံျခားကျပန္လာတဲ့လူဆိုရင္ ၁၄ ရက္ Quarantine ထားပါတယ္။ ရခိုင္ျပည္နယ္မွာ Home Quarantine ေပါ့ေနာ္ ... ၁,၄၀၀ ေက်ာ္ရွိပါတယ္။”
လက္ရွိ COVID-19 ဗိုင္းရပ္စ္ေရာဂါဟာ ကူးစက္မႈ ျမန္ဆန္လို႔ ကမာၻ႔ကပ္ေရာဂါအျဖစ္ ကမၻာ့က်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO က ထုတ္ျပန္ထားပါတယ္။
တျခားနိုင္ငံေတြက လူအ၀င္ထြက္အသြားအလာ ထိန္းခ်ဳပ္တာ နယ္စပ္ဂိတ္ပိတ္ပင္တာ လုပ္ေဆာင္ေနေပမဲ့ ရခိုင္ျပည္နယ္ နယ္စပ္ဂိတ္ကို မပိတ္ေသးတဲ့အေပၚ စိုးရိမ္ေၾကာင္း ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္အုန္းက ေျပာပါတယ္။
“အဲဒီဘက္မွာ အဲဒီေရာဂါျဖစ္ေနတယ္ဆိုေတာ့ ဒီဘက္ကို ပိတ္ထားရမွာေလ။ အမွန္ကနယ္စပ္ကို အကုန္လုံး ပိတ္ရမွာေလ။ ၾကားထဲမွာ သူက လက္ခံတယ္။ ၀င္လာတဲ့လူေတြကို အဲတာပဲ က်ေနာ္တို႔ စိုးရိမ္တာ။ ျပည္သူေတြကလည္း အလြန္႔အလြန္ စိုးရိမ္ေနၾကတာေပါ့ ဒီဘက္မွာ။”
COVID-19 ဗိုင္းရပ္စ္ေရာဂါျဖစ္ပြါးမႈ မ်ားေနတဲ့ ဘဂၤလားေဒ့ရ္ွႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ ေမာင္ေတာၿမိဳ႕နယ္က နယ္စပ္ၾကိဳဆိုေရး စခန္းေတြကေတာ့ ပိတ္ပင္တာ မရွိေသးတဲ့ အေျခအေနမွာ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။
ရခိုင္ျပည္နယ္ကေန ဘဂၤလားေဒ့ရ္ွႏိုင္ငံထဲ ထြက္ေျပးသြားၾကတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို ျပန္လည္လက္ခံေရးအတြက္ ႏိုင္ငံတကာက ဖိအားေပးသလို၊ ျမန္မာအစိုးရဘက္ကလည္း ရိုဟင္ဂ်ာအသံုးအႏႈန္း လက္မခံေပမဲ့လို႔ ဘဂၤလားေဒ့ရ္ွနဲ႔ သေဘာတူထားတဲ့အတိုင္း တရား၀င္ ႀကိဳဆိုလက္ခံေရးေတြကို ျမန္ျမန္ဆန္ဆန္လုပ္သြားဖို႔ ျပင္ဆင္ခဲ့ပါတယ္။ ဒါေပမဲ့ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အတိုင္း အစီအစဥ္ေတြစဖုိ႔ အခုအခ်ိန္အထိ အဆင္မေျပေသးေပမဲ့လို႔၊ တဦးစ၊ ႏွစ္ဦးစ ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ ျပန္၀င္လာၾကတဲ့ ဒုကၡသည္ေတြ ရိွေနတာပါ။
[Unicode Version]
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေ မောင်တောမှာ သီးခြားခွဲစောင့်ကြည့်နေ
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခသည်စခန်းက မူဆလင်အယောက် ၈၀ ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် လှဖိုးခေါင် စခန်းမှာ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာပြီး လက်ရှိ COVID-19 ရောဂါပိုးရှိ၊ မရှိ သီးခြားခွဲပြီး ဆေးစစ်မှုခံနေရတဲ့ အကြောင်းသတင်းပေးပို့သွားမှာပါ။
တဘက်နိုင်ငံကနေ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာတဲ့ မူဆလင်တွေကို ဘင်္ဂလားဒေ့ရ်ှ ဒုက္ခသည်စခန်းတွေ မှာ COVID-19 ရောဂါဖြစ်ပွါးနေမှုကြောင့် ကြိုတင်တားဆီးတဲ့အနေနဲ့ လှဖိုးခေါင်စခန်းမှာ သီးခြားခွဲထားပြီး ဆေးစစ်နေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဗွီအိုအေကို ပြောပါတယ်။
“အဲ ၈၁ ယောက်ရှိတယ်ခင်ဗျ။ ဘယ်လိုအခြေအနေ ရှိတယ်တော့ ကျနော်တို့ အခုဟာ Facility Quarantine ပေါ့။ ဟိုဘက်မှာ COVID ဖြစ်ပြီး သေတဲ့လူနာတွေလည်း များနေပြီးတော့ ဘင်္ဂလားဒေ့ရ်ှမှာ။ အဲဒီကပြန်လာတာဖြစ်တဲ့အတွက် Facility Quarantine လောလောဆယ် လုပ်ထားတယ် ၁၄ ရက်။ နောက် ၁၄ ရက်စောင့်ကြည့်ပြီးတော့မှ ရောဂါလက္ခဏာ မတွေ့ဘူးဆိုရင်တော့ အစီစဉ်အတိုင်း ဆက်လုပ်မှာပေါ့။”
ဒီဒုက္ခသည် ၈၀ ကျော်ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲကနေ မနေ့ကနဲ့ ပြီးခဲ့တဲ့ရက်တွေတုန်းက မောင်တောမြို့ လှဖိုးခေါင်ကြိုဆိုရေးစခန်းကို ဝင်ရောက်လာတာပါ။
တဘက်နိုင်ငံက ဝင်ရောက်လာသူတွေကို ရောဂါပိုးရှိ၊ မရှိ သီးသန့်ခွဲစစ်ဆေးနေပေမဲ့ စခန်းနေ ဝန်ထမ်းတွေကတော့ စိုးရိမ်ကြပါတယ်။
“ဘင်္ဂလားက ဝင်လာတဲ့ ဘင်္ဂလီတွေဆို အထက (၂) တွေ အလယ်တန်းကျောင်းတွေမှာသူတို့နေနေ။ သူတို့မှာ ဗိုင်းရပ်စ်ပါတယ်ဆိုရင် ဘယ်လိုထားမလဲ။ ကိုရိုနာဗိုင်းရပ်စ် ပါလာမယ်ဆိုရင် ဘယ်လိုထားမလဲ အဲတာ စိုးရိမ်တာ။”
ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ပြောခွင့်ရဒေါက်တာစိုးဝင်းပိုင်ကတော့ လှဖိုးခေါင်ကြိုဆိုရေးစခန်းက ဝင်လာသူတွေကို စောင့်ကြည့်နေဆဲဖြစ်ပြီး ရခိုင်တပြည်နယ်လုံး COVID-19 ရောဂါကြိုတင်ကာကွယ်တားဆီးနေတဲ့ အခြေအနေ ကို အခုလိုပြောပါတယ်။
“ကျနော်တို့ လှဖိုးခေါင်စခန်းကပေါ့နော်။ အဲဒီမှာ ကျနော်တို့ စောင့်ကြည့်နေတာ ရှိတယ်။ ရခိုင်တပြည်နယ်လုံးအနေနဲ့ မြို့နယ် ၁၇ မြို့နယ်မှာ စစ်တွေကတော့ ကျနော်တို့ ပြင်ဆင်နေတုန်းရှိတယ်။ ၁၆ မြို့နယ်မှာ ကျနော်တိုပ တမြို့နယ် တမြို့နယ်က ကျနော်တို့ နေရာသတ်မှတ်ထားတာ ရှိတယ်။ အခု ၂၀ လောက်ရှိတယ်။ အဲဒီမှာ လူပေါင်း ၈၆၀ လောက်ကိုကျနော်တို့ Quarantine လုပ်နိုင်တယ်။ စောင့်ကြည့်နိုင်တာပေါ့နော်။ ပြည်နယ်ကို နိုင်ငံခြားကဝင်လာတဲ့ လူတွေပါလာရင် ဘယ်လိုစောင့်ကြည့်မလဲ စစ်တွေလေဆိပ်တို့ ကျောက်ဖြူလေဆိပ်တို့ သံတွဲလေဆိပ်တို့မှာ ခရီးသွားပြည်သူတွေကို ကျနော်တို့ နိုင်ငံခြားကပြန်လာတဲ့ လူတွေရှိလား။ အဲတာတွေ စမ်းစစ်နေတယ်။ အမ်း၊ တောင်ကုတ်၊ ဂွမှာ ကျနော်တို့ နိုင်ငံခြားကပြန်လာတဲ့လူဆိုရင် ၁၄ ရက် Quarantine ထားပါတယ်။ ရခိုင်ပြည်နယ်မှာ Home Quarantine ပေါ့နော် ... ၁,၄၀၀ ကျော်ရှိပါတယ်။”
လက်ရှိ COVID-19 ဗိုင်းရပ်စ်ရောဂါဟာ ကူးစက်မှု မြန်ဆန်လို့ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ထုတ်ပြန်ထားပါတယ်။
တခြားနိုင်ငံတွေက လူအဝင်ထွက်အသွားအလာ ထိန်းချုပ်တာ နယ်စပ်ဂိတ်ပိတ်ပင်တာ လုပ်ဆောင်နေပေမဲ့ ရခိုင်ပြည်နယ် နယ်စပ်ဂိတ်ကို မပိတ်သေးတဲ့အပေါ် စိုးရိမ်ကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
“အဲဒီဘက်မှာ အဲဒီရောဂါဖြစ်နေတယ်ဆိုတော့ ဒီဘက်ကို ပိတ်ထားရမှာလေ။ အမှန်ကနယ်စပ်ကို အကုန်လုံး ပိတ်ရမှာလေ။ ကြားထဲမှာ သူက လက်ခံတယ်။ ဝင်လာတဲ့လူတွေကို အဲတာပဲ ကျနော်တို့ စိုးရိမ်တာ။ ပြည်သူတွေကလည်း အလွန့်အလွန် စိုးရိမ်နေကြတာပေါ့ ဒီဘက်မှာ။”
COVID-19 ဗိုင်းရပ်စ်ရောဂါဖြစ်ပွါးမှု များနေတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ ထိစပ်နေတဲ့ မောင်တောမြို့နယ်က နယ်စပ်ကြိုဆိုရေး စခန်းတွေကတော့ ပိတ်ပင်တာ မရှိသေးတဲ့ အခြေအနေမှာ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် နိုင်ငံတကာက ဖိအားပေးသလို၊ မြန်မာအစိုးရဘက်ကလည်း ရိုဟင်ဂျာအသုံးအနှုန်း လက်မခံပေမဲ့လို့ ဘင်္ဂလားဒေ့ရ်ှနဲ့ သဘောတူထားတဲ့အတိုင်း တရားဝင် ကြိုဆိုလက်ခံရေးတွေကို မြန်မြန်ဆန်ဆန်လုပ်သွားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း အစီအစဉ်တွေစဖို့ အခုအချိန်အထိ အဆင်မပြေသေးပေမဲ့လို့၊ တဦးစ၊ နှစ်ဦးစ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပြန်ဝင်လာကြတဲ့ ဒုက္ခသည်တွေ ရှိနေတာပါ။