သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bangladesh နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်သွားမည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရောက်နေကြတဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး ဖိအားတွေတိုးလာနေပါတယ်။ ဒီအချိန်မှာပဲ ရခိုင်ပြည်နယ်ကအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali မြန်မာနိုင်ငံကို မကြာခင်မှာအလည်အပတ်ရောက်လာလိမ့်မယ်လို့ ဒီကနေ့ထုတ် The Independent သတင်းမှာဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းတိုးတက်ဖြစ်ထွန်းမှုတွေဘယ်လို ရှိနေသလဲဆိုတာကိုလေ့လာကြည့်ရှုဖို့ နိုင်ငံခြားရေးဝန်ကြီးအလီ မြန်မာပြည်သွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးအတွင်းဝန်က မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။ ဒါပေမဲ့ ဘယ်တော့သွားမလဲဆိုတာကိုတော့ မပြောပါဘူး။

ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ပြန်တဲ့အခါ နေထိုင်ကြဖို့ ဘယ်လိုအိမ်ရာမျိုးတွေကို တည်ဆောက်ထားသလဲ၊ သူတို့ဘဝနေထိုင်မှုအခြေအနေတွေကဘယ်လိုရှိနိုင်မလဲဆိုတာတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က မြင်တွေ့လိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးကပြောဆိုထားပြီး ဒီခရီးစဉ်က မဖြစ်မနေသွားရမယ့် ခရီးစဉ်ဖြစ်တယ် လို့လည်းဆိုပါတယ်။

မကြာသေးခင်တုန်းကပဲ မြန်မာပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး မာမွတ်အလီတို့ တရုတ်နိုင်ငံမြို့တော်ပေကျင်းမှာတွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက မြန်မာနဲ့ဘင်္ဂလားဒေ့ချ်ဝန်ကြီး၂ဦးကိုဧည့်ခံပြီး ရခိုင်ပြည်နယ်က ပဋိပက္ခကိုဖြေရှင်းရေး ၂ဘက်သဘော ထားအမြင်တွေကို အပြန်အလှန်ဖလှည်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG