သုံးရလွယ်ကူစေသည့် Link များ

ရခိုင်မှာလုံခြုံရေးတိုးမှုကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့် ထွက်ပြေး


ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်း

ရခိုင်ပြည်နယ်မှာ ဒီလအစောပိုင်းက စစ်ဘက်လုံခြုံရေး အင်အား တိုးမြှင့်ချထားခဲ့ပြီး တဲ့နောက် ရိုဟင်ဂျာလို့ ကုလသမဂ္ဂက ခေါ်ဆို တဲ့ မူစလင် ထောင်ပေါင်းများစွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြတယ်လို့ ရပ်ရွာအကြီးအကဲတွေက ဗုဒ္ဓဟူးနေ့မှာ ပြောတာကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်မှာ ရေးထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်တာတွေကို ရှင်းလင်း နှိမ်နင်းဖို့အတွက် စစ်တပ်အင်အား တိုးမြှင့်ချထားလိုက်တဲ့ အကြောင်း မြန်မာတာဝန်ရှိသူတွေက သြဂုတ်လ ၁၂ ရက်နေ့မှာ ကြေညာထားတာပါ။

အဲဒီ အချိန်ကတည်းက ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ဒုက္ခသည် ၃ ထောင့် ၅ ရာထက်မနည်း ထပ်ရောက်လာကြတယ်လို့ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တွေကို ကိုးကားပြီး AFP သတင်းမှာ ရေးထားပါတယ်။ ဒါကြောင့်လည်း မြန်မာ ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ နတ် မြစ်နားက ကော့ဘဇား မှာရှိတဲ့ နဂိုကတည်းက လူတွေပြည့်ကျပ်နေပြီးသား ဒုက္ခသည် စခန်းတွေမှာ လူအရေအတွက် ပိုများလာတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ ကမ်းခြေစောင့် တပ်တွေက ကင်းလှည့် စောင့်ကြပ်တာကို တိုးမြှင့်လုပ်ဆောင်နေတဲ့ ကြားမှာပဲ ထွက်ပြေးတဲ့ ဒုက္ခသည်တွေ ၀င်သွားကြတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။ ကလေးငယ်တွေ အပါအ၀င် ဒုက္ခသည် ၃၁ ယောက် ပါတဲ့ လှေတစင်းကို ဒီသီတင်းပတ် အတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့တွေက ပြန်မောင်းထုတ်ခဲ့ ပါသေးတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးအတွက် စစ်တပ်အင်အား တိုးချခဲ့ပြီးတဲ့နောက် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ Ed Royce က ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ တိုက်တွန်း ခဲ့ပါသေးတယ်။

XS
SM
MD
LG