သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက် အနိုင်ရ၀န်ကြီးချုပ် ငြင်းဆို


ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ အတိုက်အခံတွေရဲ့ ပြောဆိုမှုအပေါ် ၀န်ကြီးချုပ် Sheikh Hasina က ရွေးကောက်ပွဲအပြီး နောက်တနေ့မှာ ပယ်ချလိုက်ပါတယ်။

သူရဲ့ တရားဝင် ၀န်ကြီးချုပ်နေအိမ်မှာ သတင်းထောက်တွေ၊ ရွေးကောက်ပွဲ လေ့လာ သူတွေကို တနင်္လာနေ့က ခေါ်ယူ တွေ့ဆုံတာမှာ - ရွေးကောက်ပွဲဟာ မျှတမှု မရှိဘူးဆိုတဲ့ အတိုက်အခံတွေ မေးခွန်း ထုတ်မှုအပေါ် ၀န်ကြီးချုပ် Hasina က ပယ်ချလိုက်ပြီး အတိုက်အခံတွေ ဘက်က ခိုင်မာတဲ့ ခေါင်းဆောင်ကောင်း မရှိတဲ့အပြင် မဲဆွယ် စည်းရုံးမှုတွေကို တက်တက်ကြွကြွ မလုပ်ခဲ့ကြဘူးလို့ ပြောပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိကြောင်း၊ အဲဒီအတွက် မေးခွန်း ထုတ်စရာတောင် မလိုကြောင်း၊ ရွေးကောက်ပွဲအတွက် သူ့စိတ်ကို လိပ်ပြာသန့်ကြောင်း ၀န်ကြီးချုပ် Hasina က ပြောပါတယ်။

အတိုက်အခံတွေဘက်က တောင်းဆိုထားသလို ရွေးကောက်ပွဲကို ပြန်ကျင်းပမှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ K.M. Nurul Huda ကလည်း ပြောပါတယ်။ ဒါ့အပြင် မဲပေးတဲ့နေရာမှာ မရိုးသားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်မလာကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ၀န်ကြီးချုပ် Hasina ရဲ့ Awami League ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်အမတ်နေရာ စုစုပေါင်း ၃၀၀ ရှိတဲ့အထဲက ၂၈၈ နေရာကို အနိုင်ရလိုက်တာ ဖြစ်ပြီး ဒါဟာ သူ့အနေနဲ့ ၀န်ကြီးချုပ်သက်တမ်းကို ၃ ကြိမ်မြောက် ဆက်တိုက် အနိုင်ရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG