သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘာသာေရး တင္းမာမႈေတြၾကား ဘဂၤလားေဒ့ရွ္မွာ ဆႏၵျပပဲြေတြ ဆက္လက္ျဖစ္ပြား


ဒါကာၿမိဳ႕ ဗလီတခုအျပင္ဘက္မွာ စုေဝးဆႏၵျပေနတဲ့ လူအုပ္ႀကီးနဲ႔ ထိပ္တုိက္ေတြ႔ေနတဲ့ ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေအာက္တိုဘာ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံက လူမ်ားစု မြတ္စလင္ေတြကို ထိခိုက္ေစတယ္လို႔ဆိုတဲ့ ပုံေတြ အင္တာနက္ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ဟိႏၵဴေတြအေပၚ အၾကမ္းဖက္မႈေတြ ေပၚေပါက္ေနခ်ိန္မွာပဲ ဒါကာၿမိဳ႕ေတာ္မွာ စေနေန႔က ဒုတိယေန႔အျဖစ္ ဆႏၵျပပဲြေတြ ေပၚေပါက္ခဲ့ပါတယ္။

အစၥလာမ္ႏိုင္ငံေရးပါတီ နဖူးစည္းေတြကို ကိုင္ေဆာင္ထားသူေတြ ပါဝင္တဲ့ လူေပါင္း ၁၀,၀၀၀ ေလာက္ဟာ ပထမတရက္တုန္းက ရဲေတြနဲ႔ ဆႏၵျပသူေတြၾကား အဓိက႐ုဏ္းျဖစ္ခဲ့တဲ့ ၿမိဳ႕ေတာ္က အဓိက ဗလီေက်ာင္းအနီး လမ္းေတြေပၚမွာ စုေဝးခဲ့ၾကတာပါ။ အစၥလာမ္ဘာသာရဲ႕ ရန္သူေတြ က်ဆုံးပါေစ၊ က်ဴးလြန္သူေတြကို ႀကိဳးဆဲြခ်ပါဆိုတဲ့ ေႂကြးေၾကာ္သံေတြကိုလည္း ေအာ္ဟစ္ခဲ့ၾကပါတယ္။

ႏိုင္ငံအေရွ႕ပိုင္း Cumilla ခ႐ိုင္က ဟိႏၵဴဘာသာဝင္ေတြရဲ႕ ဘုရားေက်ာင္းက ႐ုပ္တုတခုရဲ႕ ေျခရင္းမွာ အစၥလာမ္ဘာသာဝင္ေတြ အထြတ္အျမတ္ထားတဲ့ ကုရ္အာန္က်မ္းစာ စာအုပ္တအုပ္ကို ခ်ထားတဲ့ပုံ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ရာက ႏိုင္ငံအႏွံ႔မွာရွိတဲ့ ဟိႏၵဴဘုရားေက်ာင္းေတြမွာ ဖ်က္ဆီးခံရတာေတြလည္း ရွိခဲ့တာပါ။

ဘဂၤလားေဒ့ရွ္ အစၥလာမ္လႈပ္ရွားမႈအဖဲြ႔ ဥကၠ႒ Mosaddek Billah Al Madani ကေတာ့ ကုရ္အာန္က်မ္းစာကို ဟိႏၵဴဘုရားေက်ာင္းက ႐ုပ္တုေျခရင္းမွာ ခ်ထားတဲ့သူကို အစိုးရက ဖမ္းဆီးဖို႔နဲ႔ ဓာတ္ပုံေတြ ပ်ံ႕ႏွံ႔မႈအတြက္ တာဝန္ရွိသူေတြကို ေသဒဏ္အျပစ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဒါကာၿမိဳ႕ေတာ္မွာပဲ ဟိႏၵဴဘာသာဝင္ ၁,၀၀၀ ေလာက္ကလည္း ဟိႏၵဴဘုရားေက်ာင္းေတြ တိုက္ခိုက္ဖ်က္ဆီးခံရမႈနဲ႔ ဟိႏၵဴဘာသာဝင္ ၂ ဦး ေသဆုံးခဲ့တဲ့ ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး စုေဝး ဆႏၵျပခဲ့ၾကတာပါ။ ေသာၾကာေန႔က တိုက္ခိုက္ဖ်က္ဆီးမႈေတြအတြင္း ဟိႏၵဴဘာသာဝင္ အနည္းဆုံး ၂ ဦး ေသဆုံးေၾကာင္း ရဲတပ္ဖဲြ႔ကလည္း အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ဘာသာရေး တင်းမာမှုတွေကြား ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူများစု မွတ်စလင်တွေကို ထိခိုက်စေတယ်လို့ဆိုတဲ့ ပုံတွေ အင်တာနက် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဟိန္ဒူတွေအပေါ် အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေချိန်မှာပဲ ဒါကာမြို့တော်မှာ စနေနေ့က ဒုတိယနေ့အဖြစ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အစ္စလာမ်နိုင်ငံရေးပါတီ နဖူးစည်းတွေကို ကိုင်ဆောင်ထားသူတွေ ပါဝင်တဲ့ လူပေါင်း ၁၀,၀၀၀ လောက်ဟာ ပထမတရက်တုန်းက ရဲတွေနဲ့ ဆန္ဒပြသူတွေကြား အဓိကရုဏ်းဖြစ်ခဲ့တဲ့ မြို့တော်က အဓိက ဗလီကျောင်းအနီး လမ်းတွေပေါ်မှာ စုဝေးခဲ့ကြတာပါ။ အစ္စလာမ်ဘာသာရဲ့ ရန်သူတွေ ကျဆုံးပါစေ၊ ကျူးလွန်သူတွေကို ကြိုးဆွဲချပါဆိုတဲ့ ကြွေးကြော်သံတွေကိုလည်း အော်ဟစ်ခဲ့ကြပါတယ်။

နိုင်ငံအရှေ့ပိုင်း Cumilla ခရိုင်က ဟိန္ဒူဘာသာဝင်တွေရဲ့ ဘုရားကျောင်းက ရုပ်တုတခုရဲ့ ခြေရင်းမှာ အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ကုရ်အာန်ကျမ်းစာ စာအုပ်တအုပ်ကို ချထားတဲ့ပုံ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ရာက နိုင်ငံအနှံ့မှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ ဖျက်ဆီးခံရတာတွေလည်း ရှိခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် အစ္စလာမ်လှုပ်ရှားမှုအဖွဲ့ ဥက္ကဋ္ဌ Mosaddek Billah Al Madani ကတော့ ကုရ်အာန်ကျမ်းစာကို ဟိန္ဒူဘုရားကျောင်းက ရုပ်တုခြေရင်းမှာ ချထားတဲ့သူကို အစိုးရက ဖမ်းဆီးဖို့နဲ့ ဓာတ်ပုံတွေ ပျံ့နှံ့မှုအတွက် တာဝန်ရှိသူတွေကို သေဒဏ်အပြစ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါကာမြို့တော်မှာပဲ ဟိန္ဒူဘာသာဝင် ၁,၀၀၀ လောက်ကလည်း ဟိန္ဒူဘုရားကျောင်းတွေ တိုက်ခိုက်ဖျက်ဆီးခံရမှုနဲ့ ဟိန္ဒူဘာသာဝင် ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုဝေး ဆန္ဒပြခဲ့ကြတာပါ။ သောကြာနေ့က တိုက်ခိုက်ဖျက်ဆီးမှုတွေအတွင်း ဟိန္ဒူဘာသာဝင် အနည်းဆုံး ၂ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့ကလည်း အတည်ပြုထားပါတယ်။

XS
SM
MD
LG