သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္က ရာဇဝတ္မႈေတြကို ဘဂၤလားေဒရွ္႔ဘက္က ပစ္ခတ္ႏွိမ္နင္းမည္


(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ ျမန္မာနယ္စပ္မွာ ျမန္မာႏိုင္ငံဘက္ကေန တရားမ၀င္ ၀င္ေရာက္လာမႈ၊ မူးယစ္ေဆးဝါးနဲ႕ လက္နက္ေမွာင္ခိုတင္သြင္းမႈ ေတြကို ရပ္တန္႕ေအာင္ တားဆီးရမွာျဖစ္ၿပီး လိုအပ္ပါက ပစ္ခတ္ႏွိမ္နင္းမွာျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး၀န္ႀကီးက အဂၤါေန႔မွာ ေျပာဆို လိုက္ပါတယ္။

ယခင္က ျမန္မာနယ္စပ္မွာ ပစ္မိန္႕ေပးမထားေပမယ့္ အခုအခါ လက္နက္၊ မူးယစ္ေဆးဝါး နဲ႕ လူကုန္ကူးမႈေတြကို တားဆီးဖို႔ ပစ္မိန္႕ေပးမွာ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရး၀န္ႀကီး Dr. AK Abdul Momen က သူရဲ႕ေရြးေကာက္ပဲြနယ္ေျမ Sylhet (ေဆလ္ ဟက္) မွာ သတင္းေထာက္ေတြကို ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ဘဂၤလားေဒ့ရွ္အစိုးရက ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ျမန္မာႏိုင္ငံကို ျပန္ပို႔ဖို့လုပ္ေနေပမယ့္ ဒုကၡသည္မ်ားဆိုင္ရာအဖဲြ႕အစည္းေတြအေနနဲ႕ လုံလုံေလာက္ေလာက္ ပူးေပါင္းေဆာင္ရြက္မႈ မရွိဘူးလို႔ေျပာဆိုပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႕ပတ္သက္ၿပီး သမိုင္းေၾကာင္းရွိခဲ့ေၾကာင္း၊ ၁၉၇၈ ခုႏွစ္မွာသိန္းနဲ႕ခ်ီေရာက္လာခဲ့ေၾကာင္း၊ ၁၉၉၂ မွာ၂၅၃,၀၀၀ ေက်ာ္ထပ္မံေရာက္ရွိလာခဲ့ေၾကာင္း၊ ၫွိႏိႈင္းမႈေၾကာင့္ ျမန္မာႏိုင္ငံဘက္က ၂၃၆,၀၀၀ ေက်ာ္ ျပန္လည္ လက္ခံခဲ႔ေၾကာင္း၊ က်န္တာေတြက UNHCR အေထာက္အပံ႔နဲ႕ ဘဂၤလားေဒ့္ရွ္ဘက္မွာ ဆက္လက္ေနၾကေၾကာင္း၊ ဒါေပမယ့္ ဒီတခါမွာ အလြန္မ်ားေၾကာင္း၊ ၁,၁၀၀,၀၀၀ ေက်ာ္ ရွိေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး၀န္ႀကီးကေျပာပါတယ္။

ရခိုင္မွာ ပဋိပကၡေတြ မရွိေတာ့တာ ၄ ႏွစ္ရွိၿပီျဖစ္ေပမဲ႔ ဒုကၡသည္ဆိုင္ရာ ကူညီေရးအဖဲြ႕ေတြအေနနဲ႕ ဒုကၡသည္ေတြကို ျပန္ဖို႔မတိုက္တြန္းၾက ဘူးလို႔လည္းေျပာဆိုပါတယ္။ ႐ိုဟင္ဂ်ာ အသံုးအႏႈန္းကို လက္မခံတဲ႔ ျမန္မာႏိုင္ငံက ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံမယ္လို႔ ေျပာထားေပမယ့္လည္း အခုအခ်ိန္ထိ ဒုကၡသည္ေတြ ဌာေနျပန္ႏိုင္ျခင္း မရွိေသးပါဘူး။

ၿပီးခဲ့တဲ့ရက္ပိုင္းက " ျမန္မာႏိုင္ငံကိုျပန္ခြင့္ရရမယ္လို႔" ေျပာတဲ့ ႐ိုဟင္ဂ်ာေခါင္းေဆာင္ Mohib Ullah ဟာအသတ္ခံခဲ့ရေၾကာင္း၊ ဒါဟာ အလြန္၀မ္းနည္းစရာေကာင္းေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး၀န္ႀကီး ကေျပာဆိုခဲ့ပါတယ္။ သတ္တဲ့သူေတြကိုေဖၚထုတ္အေရးယူမယ္လို႔လည္းဆိုပါတယ္။ ဒီအမႈကိစၥနဲ႕ပတ္သက္ၿပီး သံသယရွိသူ ၅ ဦးကို ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြကဖမ္းဆီးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာနယ်စပ်က ရာဇဝတ်မှုတွေကို ဘင်္ဂလားဒေရှ့်ဘက်က ပစ်ခတ်နှိမ်နင်းမည်

ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာမှု၊ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုတင်သွင်းမှု တွေကို ရပ်တန့်အောင် တားဆီးရမှာဖြစ်ပြီး လိုအပ်ပါက ပစ်ခတ်နှိမ်နင်းမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောဆို လိုက်ပါတယ်။

ယခင်က မြန်မာနယ်စပ်မှာ ပစ်မိန့်ပေးမထားပေမယ့် အခုအခါ လက်နက်၊ မူးယစ်ဆေးဝါး နဲ့ လူကုန်ကူးမှုတွေကို တားဆီးဖို့ ပစ်မိန့်ပေးမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က သူရဲ့ရွေးကောက်ပွဲနယ်မြေ Sylhet (ဆေလ် ဟက်) မှာ သတင်းထောက်တွေကို ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့လုပ်နေပေမယ့် ဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ လုံလုံလောက်လောက် ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ပြောဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး သမိုင်းကြောင်းရှိခဲ့ကြောင်း၊ ၁၉၇၈ ခုနှစ်မှာသိန်းနဲ့ချီရောက်လာခဲ့ကြောင်း၊ ၁၉၉၂ မှာ၂၅၃,၀၀၀ ကျော်ထပ်မံရောက်ရှိလာခဲ့ကြောင်း၊ ညှိနှိုင်းမှုကြောင့် မြန်မာနိုင်ငံဘက်က ၂၃၆,၀၀၀ ကျော် ပြန်လည် လက်ခံခဲ့ကြောင်း၊ ကျန်တာတွေက UNHCR အထောက်အပံ့နဲ့ ဘင်္ဂလားဒေ့်ရှ်ဘက်မှာ ဆက်လက်နေကြကြောင်း၊ ဒါပေမယ့် ဒီတခါမှာ အလွန်များကြောင်း၊ ၁,၁၀၀,၀၀၀ ကျော် ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ရခိုင်မှာ ပဋိပက္ခတွေ မရှိတော့တာ ၄ နှစ်ရှိပြီဖြစ်ပေမဲ့ ဒုက္ခသည်ဆိုင်ရာ ကူညီရေးအဖွဲ့တွေအနေနဲ့ ဒုက္ခသည်တွေကို ပြန်ဖို့မတိုက်တွန်းကြ ဘူးလို့လည်းပြောဆိုပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောထားပေမယ့်လည်း အခုအချိန်ထိ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက " မြန်မာနိုင်ငံကိုပြန်ခွင့်ရရမယ်လို့" ပြောတဲ့ ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ဟာအသတ်ခံခဲ့ရကြောင်း၊ ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ကပြောဆိုခဲ့ပါတယ်။ သတ်တဲ့သူတွေကိုဖေါ်ထုတ်အရေးယူမယ်လို့လည်းဆိုပါတယ်။ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး သံသယရှိသူ ၅ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG