သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပူလှိုင်းသင့် ဘင်္ဂလားဒေ့ရှ်မှာ လျှပ်စစ်မီး မလုံလောက်မှုနဲ့ကြုံ


ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ မီးပျက်ချိန်အတွင်း ဈေးသည်များဖယောင်းတိုင်ထွန်းပြီး ဈေးရောင်နေကြပုံ (အောက်တိုဘာ ၄၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ မီးပျက်ချိန်အတွင်း ဈေးသည်များဖယောင်းတိုင်ထွန်းပြီး ဈေးရောင်နေကြပုံ (အောက်တိုဘာ ၄၊ ၂၀၂၂)

အပူလှိုင်းဒဏ်ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လျှပ်စစ်မီးအသုံးပြုမှု အရမ်းမြင့်တက်နေတာကြောင့် မလုံမလောက်ဖြစ်ပြီး လူပေါင်း သန်းနဲ့ချီ လျှပ်စစ်မီးပြတ်တောက်နေပါတယ်။ ပူပြင်းချိန်မှာ လယ်သမားတွေ လယ်ယာစိုက်ပျိုးရေးအတွက် ရေပိုသုံးတာ၊ ရာမဒန်ဥပုသ်လအကုန်အတွက် စီးပွားရေးလုပ်ငန်းတွေက ပွဲတော်ပြင်ဆင်မှုတွေလုပ်နေတာကြောင့် အခုအလို လျှပ်စစ်မီး မလောက်မငဖြစ်ပြီး မီးဖြတ်တောက်ထားရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တနေကုန်အစာမစားဘဲ ဥပုသ်စောင့်ပြီး ညဖက် မီးပျက်လို့ အိပ်မရတာ သိပ်ဆိုးတယ်လို့ ဒါကာ (Dhaka) မြို့တော်မှာ နေသူတယောက်က ပြောပါတယ်။ ညဘက် မီးမလာတဲ့ ပြဿနာဟာ ဒီတကြိမ် အဆိုးဆုံးဆိုတာကို အစိုးရရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ မီးအပြတ်ဆုံး နေရာတွေထဲမှာ စစ်တကောင်း ဆိပ်ကမ်းမြို့နဲ့ အထည်ချုပ်၊ ဆေးဝါးနဲ့ ချည်မျှင် စက်ရုံတွေ အဓိက အခြေစိုက်ရာ Mymensingh မြို့တွေ ပါ ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့အထိ ဒါကာမြို့တော်ရဲ့ အပူချိန်ဟာ ဒီ့မတိုင်ခင် သီတင်းပတ်ကနဲ့ နှိုင်းယှဉ်ရင် ၆.၅ % ပို ပူလာတယ်လို့ အစိုးရထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ နိုင်ငံအနောက်ပိုင်းမှာ မနေ့ဗုဒ္ဓဟူးနေ့က အမြင့်ဆုံးအပူချိန် ၄၂.၈ % အထိ ရှိခဲ့တာပါ။ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေနဲ့ ကလေးငယ်တွေ အပူဒဏ်ကို မခံနိုင်ကြသလို၊ ဒီအတွက် စိတ်မကောင်းဖြစ်မိ၊ စာနာမိတဲ့ အကြောင်း စွမ်းအင်ဝန်ကြီး Nasrul Hamid က သူ့ရဲ့ Facebook စာမျက်နှာက တဆင့် အင်္ဂါနေ့ နှောင်းပိုင်းက ပြောဆိုခဲ့ပါတယ်။ တချို့နိုင်ငံတွေမှာ ဒီနေ့ညနေပိုင်းထဲက စတင်နေတဲ့ Eid al-Fitr ပွဲတော် ဆင်နွှဲဖို့ နိုင်ငံတဝန်း ပြင်ဆင်နေကြချိန်မှာပဲ လက်ရှိ အပူလှိုင်းဒဏ် ဘယ်လောက်ကြာကြာ ထပ်ကြုံရဦးမလဲ မသိနိုင်သေးတာမို့ သတိထားကြဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG