သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Barcelona အကြမ်းဖက်မှု ထရပ်ယာဉ်မောင်းကို စပိန်ရဲပစ်သတ်


စပိန်နိုင်ငံ Barcelona မြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Van ကားနဲ့လူတွေကိုအတင်းဝင်တိုက်ခဲ့တဲ့ ယာဉ်မောင်လို့ယုံကြည်ရသူကို ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ Las Ramblas လမ်းမကြီးပေါ်မှာ ၁၃ ယောက်ကို ကားနဲ့တိုက်သတ်ခဲ့သူကို လိုက်လံရှာဖွေနေတဲ့ရဲတွေက Barcelona မြို့အနောက်ဖက် ၄၅ ကီလိုမီတာအကွာလောက်မှာရှိတဲ့ Subirats မြို့မှာ Younes Abouyaaqoub ကိုပစ်သတ်ခဲ့တာဖြစ်ပါတယ်။

ဝရမ်းပြေး Abouyaaqoub ဟာ ဖေါက်ခွဲရေးပစ္စည်းတွေတပ်ဆင်ထားပုံရတဲ့ ခါးပါတ်ကို ဝတ်ဆင်ထားတာတွေ့ရပြီးနောက် ရဲက ပစ်ခတ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဝေးထိန်းဗုံးရှင်းလင်းရေးစက်ရုပ်နဲ့ စစ်ဆေးတော့မှ အဲဒီခါးပါတ်ဟာ ဟန်လုပ်ထားတဲ့အတုကြီးဖြစ်နေတာ သိရပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေတဲ့ Las Ramblas လမ်းမကြီးပေါ်မှာ ကားနဲ့အတင်းဝင်တိုက်ခဲ့ပြီးနောက် အခြေအနေရှုပ်ထွေးနေစဉ်မှာ Abouyaaqoub ဟာအနားက ဈေးထဲကိုဝင်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာလို့ CCTV ရုပ်ပုံတွေမှာမြင်ရကြောင်း တနင်္လာနေ့အစောပိုင်းက သတင်းစာရှင်းပွဲမှာ ရဲကပြောကြားခဲ့ပါတယ်။

အဲဒီကနေ မြို့ပြင်ကို ခြေကျင်လျှောက်သွားခဲ့ပြီး ယာဉ်မောင်းတယောက်ကို ဓါးနဲ့ထိုးသတ်ကာ သူ့ရဲ့ကားကို Abouyaaqoub မောင်းယူသွားခဲ့တာဖြစ်ပါတယ်။ သူ့ကိုရထားဘူတာရုံတခုနဲ့ Subirats မြို့ထဲက စပျစ်ခြံထဲမှာတေ့ွတယ်လို့ သတင်းပေးသူတွေရဲ့ အကြောင်းကြားမှုကြောင့် ရဲကလိုက်လံရှာဖွေခဲ့တာဖြစ်ပါတယ်။ ၁၂ ယောက်ပါဝင်တဲ့ အကြမ်းဖက် Cell တခုမှာ နောက်ဆုံးလွတ်မြောက်နေသူ Younes Abouyaaqoub ကိုလိုက်လံရှာဖွေနေတယ်လို့ အစောပိုင်းတုန်းက အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ကြာသပတေးနေ့တုန်းက Las Ramblas လမ်းမကြီးပေါ်မှာတိုက်ခိုက်ခံရမှုအပါအဝင် စုစုပေါင်း ၁၅ ယောက်သေဆုံးခဲ့ပါတယ်။

Barcelona အကြမ်းဖက်မှု ထရပ်ယာဉ်မောင်းကို စပိန်ရဲပစ်သတ်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG