သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာလာနေတဲ့နယ်စပ်အခြေအနေကြောင့် တောင်-မြောက်ကိုရီးယားဆက်ဆံရေးဝန်ကြီး ရာထူးကနုတ်ထွက်


တာင်ကိုရီးယားနိုင်ငံရဲ့ နှစ်နိုင်ငံပေါင်း စည်းရေးဝန်ကြီးဌာန ဝန်ကြီး Kim Yeon-chul
တာင်ကိုရီးယားနိုင်ငံရဲ့ နှစ်နိုင်ငံပေါင်း စည်းရေးဝန်ကြီးဌာန ဝန်ကြီး Kim Yeon-chul

Zawgyi/Unicode

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှုတွေမြင့်တက်နေတဲ့ကိစ္စအပေါ် တာဝန်ယူကြောင်း ပြသတဲ့ အနေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နှစ်နိုင်ငံပေါင်း စည်းရေးဝန်ကြီးဌာန ဝန်ကြီး Kim Yeon-chul မနေ့က ရာထူးက နှုတ်ထွက်သွားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖေါက်ခွဲဖျက်ဆီးခဲ့ပြီးတဲ့နောက် အခုလို နှုတ်ထွက်ခဲ့တာ လည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ဝန်ကြီး Kim Yeon-chul ရဲ့နှုတ်ထွက်စာကို သမ္မတ Moon Jae-in က လက်ခံလိုက်တယ်လို့သာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီကစလို့ တောင်-မြောက် ပေါင်းစည်းရေး အဓိက တာဝန်ယူထားသူ ဝန်ကြီး Kim က တောင်-မြောက် ဆက်ဆံရေး ဆိုးရွားလာတဲ့ အခြေအနေကို တာဝန်ယူတဲ့အနေနဲ့ နှုတ်ထွက်ဖို့ကို ဗုဒ္ဓဟူးနေ့ကတည်းက ကမ်းလှမ်းပြောကြားထားခဲ့တာပါ။

တောင်ကိုရီးယားနယ်စပ်ဘက်ကနေ မြောက်ကိုရီးယား ဆန့်ကျင်ရေး စာစောင်တွေနဲ့ တခြား ထောက်ပံ့ရေးပစ္စည်းတွေကို မိုးပျံပူပေါင်းတွေနဲ့ပစ်လွှတ်နေတာကို မြောက်ကိုရီးယားက ဒေါသထွက်ပြီး အင်္ဂါနေ့တုန်းက နှစ်နိုင်ငံဆက်ဆံရေးရုံး ကိုဖေါက်ခွဲ ဖျက်ဆီးပစ်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်နိုင်ငံ Hanoi မြို့မှာ အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ နျူကလီးယားအရေး တွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့နောက်ပိုင်း တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး လအတန်ကြာ အေးစက်စက်ဖြစ်လာနေတာပါ ခင်ဗျား။

တိုက်ရိုက် လင့်ခ်


[Unicode]






XS
SM
MD
LG