သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဆာင္းရာသီအိုလံပစ္ က်င္းပမယ့္ ေဘဂ်င္းၿမိဳ႕ေတာ္မွာ အိုမီခရြန္ပိုး ကူးစက္မႈေတြ႔


တ႐ုတ္ႏုိင္ငံ Tianjin ၿမိဳ႕မွာ ကိုဗစ္စစ္ေဆးဖုိ႔ ေဒသခံတဦးဆီက Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ဇန္နဝါရီ ၁၁၊ ၂၀၂၂)

(Zawgyi / Unicode)

ေဆာင္းရာသီ အိုလံပစ္ပဲြ မစခင္နဲ႔ တ႐ုတ္ႏွစ္သစ္ကူး မတိုင္ခင္ ကိုဗစ္ေရာဂါ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ဖို႔ တ႐ုတ္အာဏာပိုင္ေတြ ႀကိဳးစားေနၾကခ်ိန္မွာပဲ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး အစီအမံေတြ တင္းတင္းက်ပ္က်ပ္ခ်ထားတဲ့ ေဘဂ်င္းၿမိဳ႕ေတာ္မွာ အိုမီခရြန္ ကူးစက္ျမန္ ဗီဇေျပာင္းပိုးသစ္ ကူးစက္ခံရသူ အတည္ျပဳလူနာတေယာက္ ေတြ႔ရွိခဲ့ပါတယ္။

ျပည္တြင္းမွာပဲ အိုမီခရြန္ပိုး ကူးစက္ခံရသူတဦးကို Haidaian ရပ္ကြက္မွာ စေနေန႔ မနက္ပိုင္းက ေတြ႔ရွိခဲ့တာျဖစ္ေၾကာင္း ေဘဂ်င္းက ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဆိုင္ရာ အရာရွိ Pang Xinghuo က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ ပိုးေတြ႔ရွိသူ ေနထိုင္တဲ့ အေဆာက္အဦနဲ႔ ႐ုံးအေဆာက္အဦမွာ ေနထိုင္သူေတြကို ကိုဗစ္စစ္ေဆးမႈေတြ လုပ္ခဲ့ေၾကာင္းနဲ႔ သူ သြားေရာက္ခဲ့ရာ ေနရာ ၁၇ ခုအတြက္လည္း ကန္႔သတ္မႈေတြ လုပ္ထားေၾကာင္း ေျပာပါတယ္။

တ႐ုတ္ေတာင္ပိုင္း Zhuhai ၿမိဳ႕မွာလည္း အိုမီခရြန္ပိုး ကူးစက္သူ ၇ ဦး စစ္ေဆးေတြ႔ရွိခဲ့တာေၾကာင့္ ၿမိဳ႕တြင္း ဘတ္စ္ကား ေျပးဆြဲမႈေတြ ရပ္လိုက္ၿပီး ေဒသခံေတြ အိမ္ျပင္မထြက္ၾကဖို႔ တိုက္တြန္းထားေၾကာင္း ၿမိဳ႕အာဏာပိုင္ေတြက ေျပာပါတယ္။ ဆိပ္ကမ္းၿမိဳ႕ တၿမိဳ႕ျဖစ္တဲ့ Tianjin တ႐ုတ္ႏိုင္ငံ အလယ္ပိုင္းက Anyang နဲ႔ တျခားၿမိဳ႕ငယ္ေတြက သန္းနဲ႔ခ်ီတဲ့ လူေတြကိုလည္း ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ အသြားအလာေတြ ကန္႔သတ္ထားပါတယ္။

ကူးစက္ျမန္ အိုမီခရြန္နဲ႔ ဒယ္လ္တာပိုး ကူးစက္မႈေတြ တိုးလာေနတာေၾကာင့္ ေဖေဖာ္ဝါရီ ၁ ရက္ စတင္မယ့္ တ႐ုတ္ႏွစ္သစ္ကူး မတိုင္ခင္ တ႐ုတ္ႏိုင္ငံအတြက္ ႀကီးမားတဲ့ စိန္ေခၚမႈႀကီးေတြနဲ႔ ရင္ဆိုင္ရဖို႔ရွိေၾကာင္း တ႐ုတ္အမ်ိဳးသားက်န္းမာေရးေကာ္မရွင္ ေျပာခြင့္ရ Mi Feng ကလည္း စေနေန႔မွာ သတိေပးထားပါတယ္။

အိႏၵိယႏိုင္ငံမွာေတာ့ ကိုဗစ္ပိုး ကူးစက္သူ ၂၇၀,၀၀၀ နီးပါးနဲ႔ စံခ်ိန္တင္ မ်ားျပားခဲ့ေၾကာင္း အိႏၵိယက်န္းမာေရးဌာနက စေနေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

ကိုဗစ္ကူးစက္မႈေတြ တိုးလာေနတဲ့ အေမရိကန္မွာေတာ့ ေရွ႕လာမယ့္ သီတင္းပတ္ အနည္းငယ္အတြင္း ကိုဗစ္ပိုးရွိမရွိ အိမ္မွာ ကိုယ့္ဘာသာ စစ္ေဆးႏိုင္မယ့္ ပစၥည္းေတြကို အစိုးရက အခမဲ့ ေဝငွေပးဖို႔ စီစဥ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဆောင်းရာသီအိုလံပစ် ကျင်းပမယ့် ဘေဂျင်းမြို့တော်မှာ အိုမီခရွန်ပိုး ကူးစက်မှုတွေ့

ဆောင်းရာသီ အိုလံပစ်ပွဲ မစခင်နဲ့ တရုတ်နှစ်သစ်ကူး မတိုင်ခင် ကိုဗစ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ တရုတ်အာဏာပိုင်တွေ ကြိုးစားနေကြချိန်မှာပဲ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေ တင်းတင်းကျပ်ကျပ်ချထားတဲ့ ဘေဂျင်းမြို့တော်မှာ အိုမီခရွန် ကူးစက်မြန် ဗီဇပြောင်းပိုးသစ် ကူးစက်ခံရသူ အတည်ပြုလူနာတယောက် တွေ့ရှိခဲ့ပါတယ်။

ပြည်တွင်းမှာပဲ အိုမီခရွန်ပိုး ကူးစက်ခံရသူတဦးကို Haidaian ရပ်ကွက်မှာ စနေနေ့ မနက်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ကြောင်း ဘေဂျင်းက ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ အရာရှိ Pang Xinghuo က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပိုးတွေ့ရှိသူ နေထိုင်တဲ့ အဆောက်အဦနဲ့ ရုံးအဆောက်အဦမှာ နေထိုင်သူတွေကို ကိုဗစ်စစ်ဆေးမှုတွေ လုပ်ခဲ့ကြောင်းနဲ့ သူ သွားရောက်ခဲ့ရာ နေရာ ၁၇ ခုအတွက်လည်း ကန့်သတ်မှုတွေ လုပ်ထားကြောင်း ပြောပါတယ်။

တရုတ်တောင်ပိုင်း Zhuhai မြို့မှာလည်း အိုမီခရွန်ပိုး ကူးစက်သူ ၇ ဦး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် မြို့တွင်း ဘတ်စ်ကား ပြေးဆွဲမှုတွေ ရပ်လိုက်ပြီး ဒေသခံတွေ အိမ်ပြင်မထွက်ကြဖို့ တိုက်တွန်းထားကြောင်း မြို့အာဏာပိုင်တွေက ပြောပါတယ်။ ဆိပ်ကမ်းမြို့ တမြို့ဖြစ်တဲ့ Tianjin တရုတ်နိုင်ငံ အလယ်ပိုင်းက Anyang နဲ့ တခြားမြို့ငယ်တွေက သန်းနဲ့ချီတဲ့ လူတွေကိုလည်း ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် အသွားအလာတွေ ကန့်သတ်ထားပါတယ်။

ကူးစက်မြန် အိုမီခရွန်နဲ့ ဒယ်လ်တာပိုး ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဖေဖော်ဝါရီ ၁ ရက် စတင်မယ့် တရုတ်နှစ်သစ်ကူး မတိုင်ခင် တရုတ်နိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးတွေနဲ့ ရင်ဆိုင်ရဖို့ရှိကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ပြောခွင့်ရ Mi Feng ကလည်း စနေနေ့မှာ သတိပေးထားပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ကိုဗစ်ပိုး ကူးစက်သူ ၂၇၀,၀၀၀ နီးပါးနဲ့ စံချိန်တင် များပြားခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတဲ့ အမေရိကန်မှာတော့ ရှေ့လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ကိုဗစ်ပိုးရှိမရှိ အိမ်မှာ ကိုယ့်ဘာသာ စစ်ဆေးနိုင်မယ့် ပစ္စည်းတွေကို အစိုးရက အခမဲ့ ဝေငှပေးဖို့ စီစဉ်နေပါတယ်။

XS
SM
MD
LG