သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဘဂ်င္းၿမိဳ႕ေတာ္ ၁၀ ႏွစ္အတြင္း အႀကီးမားဆံုး သဲမုန္တိုင္းေဘးဒဏ္ခံေနရ


ေဘဂ်င္းၿမိဳ႕ေတာ္ မွာ သဲမုန္တိုင္းတိုက္ခတ္

(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းနဲ႔ ဂိုဘီသဲကႏၲာရ ထဲမွာ ေလျပင္းတိုက္ခတ္မႈကေန ၁၀ ႏွစ္တာ ကာလအတြင္း အႀကီးမားဆံုး သဲမုန္တိုင္းႀကီ ျဖစ္ေပၚေနၿပီး ေဘဂ်င္းၿမိဳ႕ေတာ္တလႊား မွာေတာ့ အညိဳေရာင္ ဖုန္မႈန္႔ေတြနဲ႔ ဖံုးလႊမ္းေနပါတယ္။

မြန္ဂိုလီးယား ကုန္းတြင္းပိုင္းေဒသကေန ေဘဂ်င္းၿမိဳ႕ေတာ္ တဝိုက္က ျပည္နယ္ေတြ ျဖစ္တဲ့ က်န္စု၊ ရွန္ဇီနဲ႔ ဟာေဘး ေဒသ ေတြအထိ သဲမုန္တိုင္း ျဖတ္သန္းေနတာေၾကာင့္ တ႐ုတ္မိုးေလဝႆ ဌာနက အဝါေရာင္ အဆင့္ သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

ဒီသဲမုန္တိုင္းဟာ မြန္ဂိုလီးယား နဲ႔ မြန္ဂိုလီးယား ကုန္တြင္းပိုင္းကေန တိုက္ခတ္တဲ့ ျပင္းထန္တဲ့ ေလမုန္တိုင္းေၾကာင့္ ျဖစ္လာၿပီး ေလျပင္းက အဲဒီေဒသတြင္း သဲကႏၲာရထဲက သဲမုန္ေလးေတြကို သယ္ေဆာင္ၿပီး ေဘဂ်င္းၿမိဳ႕ေတာ္ကို ညတြင္းခ်င္း ေရာက္သြားတဲ့အခါ ေလထုဟာ အဝါေရာင္တိမ္ခိုးလို ျဖစ္လာႏိုင္တယ္လို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းထားတာပါ။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက က်န္းမာေရးအတြက္ ထုတ္ျပန္ထားတဲ့ ရွိသင့္တဲ့ ေလထုတဲ အမႈန္ပါဝင္ႏႈန္းဟာ ၅၀ မိုက္ခ႐ိုဂရမ္ထက္ မပိုေစတဲ့ PM10 အဆင့္ သတ္မွတ္ထားတာ ျဖစ္ေပမယ့္ ေဘဂ်င္းက တခ်ိဳ႕ရပ္ကြက္ေတြမွာ PM 10 ထက္ ေက်ာ္ေနတာ ေတြ႕ရပါတယ္။

ေဘဂ်င္းမွာ မတ္လနဲ႔ ဧၿပီလေတြမွာ သဲမုန္တိုင္းတိုက္ခတ္မႈကို ပံုမွန္ ၾကံဳရေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ဘေဂျင်းမြို့တော် ၁၀ နှစ်အတွင်း အကြီးမားဆုံး သဲမုန်တိုင်းဘေးဒဏ်ခံနေရ

(Unicode)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ဂိုဘီသဲကန္တာရ ထဲမှာ လေပြင်းတိုက်ခတ်မှုကနေ ၁၀ နှစ်တာ ကာလအတွင်း အကြီးမားဆုံး သဲမုန်တိုင်းကြီ ဖြစ်ပေါ်နေပြီး ဘေဂျင်းမြို့တော်တလွှား မှာတော့ အညိုရောင် ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းနေပါတယ်။

မွန်ဂိုလီးယား ကုန်းတွင်းပိုင်းဒေသကနေ ဘေဂျင်းမြို့တော် တဝိုက်က ပြည်နယ်တွေ ဖြစ်တဲ့ ကျန်စု၊ ရှန်ဇီနဲ့ ဟာဘေး ဒေသ တွေအထိ သဲမုန်တိုင်း ဖြတ်သန်းနေတာကြောင့် တရုတ်မိုးလေဝဿ ဌာနက အဝါရောင် အဆင့် သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဒီသဲမုန်တိုင်းဟာ မွန်ဂိုလီးယား နဲ့ မွန်ဂိုလီးယား ကုန်တွင်းပိုင်းကနေ တိုက်ခတ်တဲ့ ပြင်းထန်တဲ့ လေမုန်တိုင်းကြောင့် ဖြစ်လာပြီး လေပြင်းက အဲဒီဒေသတွင်း သဲကန္တာရထဲက သဲမုန်လေးတွေကို သယ်ဆောင်ပြီး ဘေဂျင်းမြို့တော်ကို ညတွင်းချင်း ရောက်သွားတဲ့အခါ လေထုဟာ အဝါရောင်တိမ်ခိုးလို ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတာပါ။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာရေးအတွက် ထုတ်ပြန်ထားတဲ့ ရှိသင့်တဲ့ လေထုတဲ အမှုန်ပါဝင်နှုန်းဟာ ၅၀ မိုက်ခရိုဂရမ်ထက် မပိုစေတဲ့ PM10 အဆင့် သတ်မှတ်ထားတာ ဖြစ်ပေမယ့် ဘေဂျင်းက တချို့ရပ်ကွက်တွေမှာ PM 10 ထက် ကျော်နေတာ တွေ့ရပါတယ်။

ဘေဂျင်းမှာ မတ်လနဲ့ ဧပြီလတွေမှာ သဲမုန်တိုင်းတိုက်ခတ်မှုကို ပုံမှန် ကြုံရလေ့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG