သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်တဲ့ဥရောပအသံဝန်ထမ်းဟောင်း သတင်းထောက် ဘဲလားရုစ်မှာ ဖမ်းခံရ


Belarus သတင်းထောက် Ihar Karnei၊ မတ် ၁၂၊ ၂၀၁၈
Belarus သတင်းထောက် Ihar Karnei၊ မတ် ၁၂၊ ၂၀၁၈

ဘဲလားရုစ်နိုင်ငံက အာဏာပိုင်တွေဟာ လွတ်လပ်တဲ့ဥရောပအသံရေဒီယို အပါအဝင် သတင်းဌာန အတော်များများမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ထင်ရှားတဲ့ သတင်းထောက် တဦး ဖြစ်သူ Ihar Karnei ကို တနင်္လာနေ့က ဖမ်းဆီးလိုက်ပါတယ်။ ဒါဟာ ဘဲလားရုစ်မှာ မီဒီယာသမားတွေကို ပစ်မှတ်ထားဖမ်းဆီးနေတဲ့ နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး အခုဆိုရင် ဘီလာရုစ်မှာ ဖမ်းခံရတဲ့ သတင်းထောက် အရေအတွက်က ၃၀ ကျော် နေပြီဖြစ်ပါတယ်။

ဘဲလားရုစ် မြို့တော် Minsk မှာ ရှိတဲ့ Ihar Karnei ရဲ့ နေအိမ် တိုက်ခန်းကို တနင်္လာနေ့က ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး သူ့ကိုဖမ်းဆီး ခေါ် ဆောင်သွားသလို ကွန်ပျူတာနဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်း သွာပါတယ်။

Karnei ကို လက်ရှိမှာ Akrestina စစ်ကြောရေးစခန်းမှာထိန်းသိမ်းထားပြီး ရှေ့နေရောမိသားစုနဲ့ပါ တွေ့ခွင့် မရသေးကြောင်း သမီးဖြစ်သူ ပိုလီနာက လွတ်လပ်တဲ့ ဥရောပ အသံ (RFE) ကို ပြောပါတယ်။

“Arkestina စစ်ကြောရေးစခန်းဟာ ဆိုးရွားပြီး အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်ရာမှာ နာမည်ဆိုးနဲ့ ကျာ်ကြားတယ်” လို့ ဘီလာရုစ်လူ့အခွင့်အရေးအဖွဲ့ Viasna က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ရှိ ဘဲလားရုစ် သံရုံးက Karnei ဖမ်းခံရတာနဲ့ ပတ်သက်ပြီး တိုက်ရိုက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို ဗွီအိုအေကိုနိုင်ငံခြားရေးဝန်ကြီးဌာနကိုဆက်သွယ်ဖို့ ပြန်လည်ဖြေကြား ခဲ့ပါတယ်။

ဘဲလားရုစ်အာဏာပိုင်တွေဟာ ၂၀၂၁ ခုနှစ်တုန်းက အမေရိကန်အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာမီဒီယာ (USAGM) အေဂျင်စီအောက်က အမှီအခိုကင်းတဲ့ မီဒီယာတခု ဖြစ်တဲ့ လွတ်လပ်တဲ့ ဥရောပအသံ RFE/RL ကို တခြား လွတ်လပ်တဲ့ မီဒီယာတွေ၊ အရပ်ဘက်အခွင့်အရေးအဖွဲ့တွေနဲ့ အတူ "အစွန်းရောက်အဖွဲ့အစည်း" အဖြစ် တံဆိပ်တပ်ခဲ့ပါတယ်။


ဘဲလားရုစ်မှာ ဩဂုတ်လ ၂၀၂၀ ရွေးကောက်ပွဲ အပြီးသမ္မတ Alexander Lukashenko အနိုင်ရကြောင်း ကြေညာပြီးနောက်ပိုင်း လူထုကလမ်းပေါ်ထွက်ကန့်ကွက်ဆန္ဒပြ ခဲ့ကြတဲ့အတွက် အစိုးရဟာ အတိုက်အခံတွေနဲ့ ဝေဖန်သူတွေကို ဆက်တိုက်ဖိနှိပ်နေသလို သတင်းထောက်ဒါဇင်နဲ့ချီတို့ကို ဖမ်းဆီးပြီး အလုပ်ကြမ်းနဲ့ နှစ်ရှည်ထောင်တွေချမှတ်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG