သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗျူဟာမြောက် နျူလက်နက်ချထားရေး ဘဲလားရုစ်ပြင်ဆင်


ရုရှားသမ္မတ Vladimir Putin (ဝဲ) နဲ့ ဘဲလားရုစ်သမ္မတ Alexander Lukashenko တို့ စိန့်ပီတာစဘတ်ဂ်မှာ တွေ့ဆုံစဥ်။ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)
ရုရှားသမ္မတ Vladimir Putin (ဝဲ) နဲ့ ဘဲလားရုစ်သမ္မတ Alexander Lukashenko တို့ စိန့်ပီတာစဘတ်ဂ်မှာ တွေ့ဆုံစဥ်။ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)

သမ္မတ Alexander Lukashenko ရဲ့အမိန့်အရ နည်းပရိယာယ်ပိုင်းဆိုင်ရာ နျူကလီယာလက်နက်တွေ ချထားဖို့ စစ်တပ်အနေနဲ့ အဆင်သင့်ဖြစ်မဖြစ် စတင် စစ်ဆေးနေပြီလို့ ဘဲလားရုစ်နိုင်ငံက အင်္ဂါနေ့က ပြောပါတယ်။

နည်းပရိယာယ် နျူကလီယာ လက်နက်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ အစီအစဥ်တွေရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပြီး တရက်အကြာမှာ ဘဲလားရုစ်က ခုလိုပြောလိုက်တာပါ။ နည်းပရိယာယ် နျူကလီယာလက်နက်တွေ အသုံးပြုဖို့ စီမံကိန်းချတာ၊ ပြင်ဆင်တာကနေ တိုက်ခိုက်တာအထိ ဆောင်ရွက်ချက်အားလုံးအတွက် စစ်ဆေးမှာဖြစ်တယ်လို့ ဘဲလားရုစ် ကာကွယ်ရေးဝန်ကြီး Viktor Khrenin က ပြောပါတယ်။ နည်းပရိယာယ် နျူကလီယာ လက်နက်တွေဟာ စစ်မြေပြင်က တပ်တွေကိုတိုက်ခိုက်ဖို့ လုပ်ထားတဲ့ လက်နက်တွေဖြစ်ပါတယ်။

တာဝေးပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေက နျူကလီယာ ထိပ်ဖူးတွေက တမြို့လုံးကိုဖျက်ဆီးနိုင်ပြီး နည်းပရိယာယ် နျူကလီယာလက်နက်တွေကတော့ အဲဒီလောက် ပြင်းအားမရှိတဲ့လက်နက်တွေပါ။

၂၀၂၂ ခုနှစ်အကုန်မှာ ရုရှားက နျူကလီယာစွမ်းရည်ရှိ Iskander ဒုံးကျည်တွေကို ဘဲလာရုစ်မှာ ချထားခဲ့ပါတယ်။ မနှစ်က သဘောတူညီချက်အရ ရုရှားရဲ့ နည်းပရိယာယ် နျူကလီယာ လက်နက်တွေကို ဘဲလာရုစ်နိုင်ငံမှာ ဒါဇင်အတော်များများ ချထားခဲ့တယ်လို့ ဘဲလားရုစ် သမ္မတ Lukashenko က ဧပြီလထဲမှာ ပြောခဲ့ပါတယ်။

ဗျူဟာမြောက် နျူလက်နက်ချထားရေး ဘဲလားရုစ်ပြင်ဆင်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG