သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဲလားရု(စ်) နဲ့ NATO နယ်စပ်မှာ ရုရှားနျူကလီယားလ က်နက် ထားရှိမည်


ဘဲလားရုစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Boris Gryzlov
ဘဲလားရုစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Boris Gryzlov

{{Zawgyi/Unicode}}

ရုရှားက သူတို့အစိုးရပိုင်တဲ့မဟာဗျူဟာမြောက် နျူကလီယားလက်နက်တွေကို ဘဲလားရုစ်နိုင်ငံနဲ့အနောက်ဘက်နယ်နိမိတ်ဖြစ်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့နယ်စပ်မှာ ထားရှိသွားမှာဖြစ်တယ်လို့ ဘဲလားရုစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

ယူကရိန်းစစ်ကြောင့် ရုရှားနဲ့အနောက်နိုင်ငံတွေကြား တင်းမာမှုပြင်းထန်နေချိန်မှာ သံအမတ်ကြီး Boris Gryzlov က အခုလို ပြောကြားလိုက်တာပါ။

ဘဲလားရုစ်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ လတ်ဗီးယား၊ လစ်သူရေးနီးယားနဲ့ ပိုလန်နိုင်ငံတို့ရဲ့နယ်စပ်မှာ ကီလိုမီတာ ၁,၂၅၀ ရှိနေတဲ့ နယ်စပ်တလျှောက်မှာ သူတို့ရဲ့နျူကလီယားလက်နက်တွေကို ထားရှိသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနျူကလီယားလက်နက်တွေထားရှိရေးအတွက် လိုအပ်တဲ့တည်ဆောက်ရေးလုပ်ငန်းတွေကို ဇူလိုင်တရက်နေ့အပြီးလုပ်သွားမယ်လို့ ရုရှားသမ္မတ ဗလာတီမာ ပူတင်ကပြောထားသလို ဘဲလားရုစ်စစ်လေယာဉ်တွေ နျူကလီယားလက်နက်သယ်ဆောင်နိုင်တဲ့အဆင့်အရောက်အောင် ကူညီလုပ်ဆောင်ပေးမယ်လို့လည်း ဆိုပါတယ်။

ရုရှားနဲ့ဘဲလားရုစ်တို့ဟာ စီးပွါးရေး၊ နိုင်ငံရေး၊ စစ်ရေးအရ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီထားကြပြီး ဘဲလားရုစ်နယ်မြေမှာ ရုရှားရဲ့စစ်မြေပြင်သုံး တိုက်ပွဲဝင်တပ်ဖွဲ့တွေနဲ့ လက်နက်တွေကိုလည်းပဲ ထားရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}





XS
SM
MD
LG