သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Covid ကာကွယ်ရေး ရှေ့တန်းရောက်နေတဲ့ ဘူတန် နိုင်ငံ


(Zawgyi/ Unicode)

တောင်ပေါ် ဒေသ ဘုရင့်နိုင်ငံငယ် တခု ဖြစ်တဲ့ ဘူတန်နိုင်ငံဟာ တောင်အာရှ ဒေသကို လွန်စွာ အထိနာစေတဲ့ Covid ကပ်ရောဂါ ကိုင်တွယ်ရာမှာ ရှားရှားပါးပါး အောင်ပွဲ ရရှိခဲ့ပါတယ်။ သေဆုံးသူ ၂ ဦး၊ ရောဂါ ကူးစက်သူ ၂,၅၀၀ သာ ရှိခဲ့ပြီး အခုအခါ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်တဲ့ အတွက် ကမ ္ဘာပေါ်မှာ ကာကွယ်ဆေး အလျင်မြန်ဆုံး ထိုးနှံပေးနိုင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

လူမှု အသိုက်အဝန်းရဲ့ ခွန်အားကို ရယူနိုင်တာ၊ အာဏာပိုင်တွေရဲ့ စေ့စပ်သေချာတဲ့ အစီအစဉ်နဲ့ နိုင်ငံတကာက ထိုးဆေး လှုဒါန်းမှုတွေကြောင့် အရင်းအမြစ် သိပ်မရှိလှတဲ့ ဒီ နိုင်ငံငယ်ဟာ Covid ပြသနာ ကိုင်တွယ်ရာမှာ ကမ ္ဘာ့နိုင်ငံ အများအပြားထက် ရှေ့တန်း ရောက်ခဲ့တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ယမန်နှစ် ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်လာစဉ် ဘူတန် နိုင်ငံဟာ သူ့ရဲ့ သေးငယ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှု အင်အားကို တိုးပွားလာအောင် ဆုငွေ အထောက်အပံ့တွေ ပေးပြီး စေတနာ့ ဝန်ထမ်းတွေကိုလည်း လှုံ့ဆော်နိုင်ခဲ့တဲ့ အတွက် ထောင်နဲ့ချီပြီး ပါဝင်ခဲ့ကြပါတယ်။ အခု အခါမှာ နိုင်ငံသား စေတနာ့ ဝန်ထမ်းအင်အား ၃၀,၀၀၀ ခန့် ရှိနေပြီး ဆရာဝန် ၃၀၀ ကျော်နဲ့ ကျန်းမာရေး ဝန်ထမ်း ၃,၀၀၀ လောက်ကို အားဖြည့် ကူညီနေကြတာပါ။

ကာကွယ်ဆေး ပထမ ၅ သိန်းကို အိန္ဒိယက ကူညီခဲ့ပြီး နောက်ပိုင်းမှာတော့ ကမ ္ဘာ့နိုင်ငံတွေက ပံ့ပိုးခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG