သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ပိုလန် သမ္မတနှစ်ဦး အိမ်ဖြူတော်မှာတွေ့ဆုံ


အမေရိကန်သမ္မတ Joe Biden (ဝဲ-ရှေ့) က ပိုလန်သမ္မတ Andrzej Duda နဲ့ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့ အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံစဥ်။ (မတ်လ ၁၂၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden (ဝဲ-ရှေ့) က ပိုလန်သမ္မတ Andrzej Duda နဲ့ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့ အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံစဥ်။ (မတ်လ ၁၂၊ ၂၀၂၄)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ပိုလန်သမ္မတ အင်ဒရေဒူးဒနဲ့ ဝန်ကြီးချုပ် ဒေါ်လ်နယ် တပ်ခ်စ်တို့နဲ့ အင်္ဂါနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်လွှတ်တော်မှာ ယူကရိန်းကူညီရေးနဲ့ပတ်သက်လို့ သောင်မတင်ရေမကျဖြစ်နေချိန်မှာ ခုလို တွေ့ဆုံတာ ဖြစ်ပါတယ်။

ဘိုင်ဒန်အစိုးရက ယူကရိန်းကို စစ်ရေးအကူအညီအသစ်ပေးဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာ သတင်းဌာနက ပထမဆုံး အင်္ဂါနေ့တုန်းကဖော်ပြခဲ့ချိန်မှာ တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ယူကရိန်းရဲ့အိမ်နီးချင်းပိုလန်က မြောက်အတ္တလန္တိတ် စစ်ရေးစာချုပ်အဖွဲ့ နေတိုးရဲ့ အရှေ့ဘက်ဒေသတွေမှာ တပ်တွေတိုးချဖို့လိုလားပါတယ်။ ဒါပေမဲ့ ပိုလန် နယ်စပ်မှာ တပ်တွေပိုချဖို့ မလိုပါဘူးလို့ သမ္မတဘိုင်ဒန်က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။ ဒီအကြောင်း အင်္ဂါနေ့မှာ ဆွေးနွေးမယ်လို့လည်း ဆက်ပြောခဲ့ပါတယ်။

မတ်လ ၁၂ ရက်နေ့ဟာ နေတိုးအဖွဲ့ကို ပိုလန်ဝင်ရောက်ခဲ့တဲ့ ၂၅ နှစ်မြောက်နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ရုရှားက ပိုပြီးရန်လိုလာတဲ့အတိုင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို တမျိုးသားလုံးထုတ်ကုန်တန်ဖိုး ဂျီဒီပီရဲ့ ၃ ရာနှုန်းတိုးဖို့ အမေရိကန်နိုင်ငံကိုမလာမီ ပိုလန်သမ္မတဒူးဒက တိုက်တွန်းခဲ့ပါသေးတယ်။ အမေရိကန်ဟာ ဥရောပနဲ့ ကမ္ဘာ့လုံခြုံရေးကိစ္စတွေမှာ ခေါင်းဆောင်ဖြစ်သင့်မြဲဖြစ်သင့်နေတာ ကို ယူကရိန်းစစ်ပွဲက ရှင်းရှင်းကြီး ပြလိုက်ပါတယ် လို့ တနင်္လာနေ့က နိုင်ငံကို ပြောတဲ့မိန့်ခွန်းမှာ မစ္စတာဒူးဒက ပြောခဲ့ပါတယ်။

ကန်နဲ့ပိုလန် သမ္မတနှစ်ဦး အိမ်ဖြူတော်မှာတွေ့ဆုံ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG