သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတနဲ့ သမ္မတကတော် စစ်သည်တွေကို ခရစ္စမတ် နှုတ်ခွန်းဆက်


ပြည်တွင်းပြည်ပမှာ အမှုထမ်းနေကြတဲ့ အမေရိကန် စစ်သည်တွေကို အွန်လိုင်းကနေ နှုတ်ခွန်းဆက်စကား ပြောကြားနေတဲ့ အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden. (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)
ပြည်တွင်းပြည်ပမှာ အမှုထမ်းနေကြတဲ့ အမေရိကန် စစ်သည်တွေကို အွန်လိုင်းကနေ နှုတ်ခွန်းဆက်စကား ပြောကြားနေတဲ့ အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden. (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် ခရစ္စမတ်ပွဲ ဆင်နွှဲနေတဲ့ သမ္မတ Joe Biden က ပြည်တွင်းပြည်ပမှာ အမှုထမ်းနေကြတဲ့ အမေရိကန် စစ်သည်တွေကို အွန်လိုင်းကနေ နှုတ်ခွန်းဆက်စကား ပြောကြားလိုက်ပါတယ်။

တိုင်းပြည်အတွက် စွန့်လွှတ်မှုတွေနဲ့ တာဝန်ယူမှုတွေ အတွက်လည်း အမေရိကန် စစ်သည်တွေကို ချီးကျူးခဲ့တာပါ။

အမေရိကန်၊ ကာတာ၊ ရိုမေးနီးယား၊ ဘာရိန်း စတဲ့နိုင်ငံတွေမှာ အမှုထမ်းနေကြတဲ့ ကြည်း၊ ရေ၊ လေ၊ မရိန်း၊ အာကာသနဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေကို သမ္မတကတော် Jill Biden အပြင် တပ်မှူးလို့ အမည်ပေးထားတဲ့ ခွေးကလေးတို့နဲ့အတူ အိမ်ဖြူတော်မှာ စနေနေ့က ကျေးဇူးတင်စကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အကြီးအကဲအဖြစ် အခုလို နှုတ်ခွန်းဆက်ခွင့်ရတဲ့ အချိန်မှာ အမေရိကန် စစ်သည်တွေသာမက မိသားစုဝင်တွေပါ စွန့်လွှတ်မှုတွေအတွက် ကျေးဇူးတင်စကား ပြောကြားလိုကြောင်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။ တိုင်းပြည်အတွက် သံမဏိလို ခိုင်မာတဲ့ ကျောရိုးအဖြစ် တင်စားသုံးနှုန်းပြီး စစ်သည်တွေနဲ့ မိသားစုတွေ အပေါ်မှာလည်း တိုင်းပြည်က စောင့်ရှောက်ဖို့ တာဝန်ရှိကြောင်း သမ္မတက အလေးထား ပြောကြားခဲ့တာပါ။

အခုလို အားလပ်ရက် အခါသမယမှာ မိသားစုတွေနဲ့ ခွဲခွာပြီး တိုင်းပြည်အတွက် အမှုထမ်းနေရတဲ့ စစ်သည်တွေရဲ့ ဘဝအပေါ် စာနာ နားလည်ကြောင်းလည်း သမ္မတကတော်က ပြောကြားခဲ့ပါတယ်။

ခရစ္စမတ် အားလပ်ရက်ကာလကို အိမ်ဖြူတော်မှာ မိသားစုနဲ့ အေးအေးချမ်းချမ်း ကုန်ဆုံးဖို့ ရည်ရွယ်ထားတဲ့ သမ္မတနဲ့ သမ္မတကတော်တို့ကတော့ ကပ်ရောဂါကာလမှာ သတ္တိရှိရှိ၊ ခံနိုင်ရည်ရှိရှိ ရင်ဆိုင်ကြတဲ့ အမေရိကန်ပြည်သူတွေကို ချီးကျူးကြောင်းနဲ့ ခက်ခဲတဲ့ကာလကို ဖြတ်သန်းနိုင်ဖို့ ဆုမွန်ကောင်း တောင်းလိုက်ကြောင်းလည်း ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

အမေရိကန် သမ္မတနဲ့ သမ္မတကတော် စစ်သည်တွေကို ခရစ္စမတ် နှုတ်ခွန်းဆက်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)








XS
SM
MD
LG