သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ်ပြစ်ဒဏ်ကျခံ ၃၇ ဦးကို ကန်သမ္မတ သေဒဏ်ပယ်ဖျက်


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

အမေရိကန် ဖက်ဒရယ် တရားရုံးတွေက သေဒဏ် ချမှတ်ထားသူ ၄၀ ထဲက ၃၇ ယောက်ကို တသက်တကျွန်း ပြစ်ဒဏ်အဖြစ် လျှော့ပေါ့ပေးလိုက်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန် က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

သေဒဏ်တိုးချဲ့ပေးဖို့ လိုလားသူ ထရမ့် သမ္မတ ဖြစ်လာဖို့ ရက်သတ္တပတ် အနည်းငယ်အလိုမှာ အခုလို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ အကြမ်းဖက် ဝါဒနဲ့ လူမျိုး ဘာသာရေး အခြေခံ မုန်းတီး သတ်ဖြတ်မှုတွေကလွဲပြီး၊ ကျန် သေဒဏ်တွေကို လျှော့ပေါ့လိုက်တာပါ။

သေဒဏ် လျှော့မပေးတဲ့ သုံးယောက်ကတော့ တောင်ကရိုလိုင်းနား ပြည်နယ် Charleston မြို့က ဘုရားကျောင်းမှာ လူမည်း ၉ ယောက်ကို ၂၀၁၅ က သတ်ဖြတ်ခဲ့သူ၊ ပင်န်ဆယ်ဗေးနီးယား ပြည်နယ် ပစ္စဘဂ် မြို့၊ ဂျူးဘုရားကျောင်းမှာ ဝတ်ပြုသူ ၁၁ ဦးကို ၂၀၁၈ က သတ်ဖြတ်ခဲ့သူ နဲ့ မက္ကဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့ မာရသွန်ပွဲမှာ ၂၀၁၃ ခုနှစ်က ဗုံးခွဲခဲ့သူတို့ပဲ ဖြစ်ကြပါတယ်။ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ လျှော့ချပြီး၊ မျှတ ထိရောက်တဲ့ တရားရေးစနစ်ဖြစ်ဖို့ လုပ်သက်တလျှောက်လုံး သူ လုပ်ခဲ့တယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပြီး အခုလို ကြေညာလိုက်တာပါ။

အစိုးရ ရှေ့နေ၊ အထက်လွှတ်တော် တရားရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ နဲ့ ယခု သမ္မတ အတွေ့အကြုံတွေနဲ့ ကျွန်တော့် အသိတရားအရ ပြည်ထောင်စု အဆင့်မှာ သေဒဏ်အသုံးပြုတာ ရပ်ရမယ်လို့ ပိုပြီး ယုံကြည်လာကြောင်း သူ့ထုတ်ပြန်ချက်မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG