သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်များ ကန်သမ္မတထုတ်ပြန်


အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ သားဖြစ်သူတို့အား အတူတွေ့ရစဉ် (ယခင်ပုံဟောင်း)
အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ သားဖြစ်သူတို့အား အတူတွေ့ရစဉ် (ယခင်ပုံဟောင်း)

အမေရိကန် သမ္မတ ဘိုင်ဒန် က လူပေါင်း ၁၅၀၀ ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့လိုက်ပြီး ပြစ်မှုကြီး မဟုတ်တဲ့ အကျဥ်းကျသူ ၃၉ ယောက်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ခေတ်သစ် သမိုင်းမှာ တရက်တည်းနဲ့လုပ်တဲ့ အကြီးမားဆုံး သက်ညှာမှု လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဘာမဆို ဖြစ်နိုင်တယ် ဆိုတာ နဲ့ တကျော့ပြန် ထပ်ကြိုးစားခွင့်တွေ အပေါ်မှာ အမေရိကန် နိုင်ငံကို တည်ဆောက်ထားတာပါ လို့ သမ္မတ ဘိုင်ဒန် က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ သေနတ်နဲ့ အခွန်မှုတွေနဲ့ တရားစွဲခံရပြီး အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရတဲ့ သား Hunter Biden ကို လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးတဲ့နောက် အခု ကြေညာချက်က လိုက်လာတာ ဖြစ်ပါတယ်။

ပြစ်ဒဏ် လျှော့ပေါ့လိုက်သူတွေ ကတော့ အကျဥ်းက လွှတ်လိုက်ပြီး အိမ်မှာပဲ ခြေချုပ်နဲ့ နေထိုင်နေကြရသူတွေ ဖြစ်ပါတယ်။ ဆော်ဩစည်းရုံးကြတဲ့ အဖွဲ့တွေကလည်း ထရမ့် အစိုးရ တက်မလာမီ ဒါ့ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လွတ်ငြိမ်းခွင့်ပေးဖို့ ဖိအားပေးနေကြတာပါ။

သက်ညှာခွင့် လျှောက်ထားချက်တွေကို သူသုံးသပ်နေပြီး လာမယ့် ရက်သတ္တပတ်တွေမှာ ဆက်လက် လုပ်ဆောင်မယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။ သက်တမ်း ကုန်ဆုံးခါနီးမှာ အမေရိကန် သမ္မတတွေ အနေနဲ့ သနားသက်ညှာမှုကို ပြသကြတာက ထုံးစံဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG