{{Zawgyi/Unicode}}
တ႐ုတ္ျပည္လက္ေအာက္ခံ ေဟာင္ေကာင္ကၽြန္းကို ျပန္ပို႔ခံရၿပီး အေရးယူခံရမယ့္အေရးနဲ႔ ရင္ဆိုင္ရႏိုင္တာေၾကာင့္ အေမရိကန္မွာ ေရာက္ေနၾကတဲ့ ေထာင္နဲ႔ခ်ီတဲ့ ေဟာင္ေကာင္ ေဒသခံေတြကို ၁၈ လၾကာ ယာယီခိုလႈံခြင့္ေပးဖို႔ သမၼတ Joe Biden က ခြင့္ျပဳလိုက္ပါတယ္။
ေဟာင္ေကာင္ကၽြန္းက ဒီမိုကေရစီေရး လႈပ္ရွားမႈကို ၁၄ လၾကာ ႏွိမ္နင္းခဲ့တဲ့ တ႐ုတ္အစိုးရကိုလည္း သမၼတ ဘိုင္ဒင္က ျပစ္တင္႐ႈတ္ခ်လိုက္ၿပီး အေမရိကန္ ႏိုင္ငံျခားေရးရာ မူဝါဒအရ ေဟာင္ေကာင္ ေဒသခံေတြကို အေမရိကန္မွာ ယာယီေနထိုင္ အလုပ္လုပ္ခြင့္ျပဳမွာ ျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။
အိမ္ျဖဴေတာ္ ေျပာခြင့္ရကလည္း ၾကာသပေတးေန႔က ေၾကညာခ်က္နဲ႔ ပတ္သက္လို႔ အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပဲြမွာ သတင္းေထာက္ေတြကို ရွင္းျပခဲ့ပါတယ္။
“အေမရိကန္ရဲ႕ ေမွ်ာ္လင့္ခ်က္၊ ရည္မွန္းခ်က္နဲ႔ ႏိုင္ငံတကာ အသိုင္းအ၀န္းမွာ ႀကိဳးပမ္းမႈေတြဟာ ေဟာင္ေကာင္လူထုအေပၚ ဖိႏွိပ္တဲ့ လုပ္ရပ္ေတြကို ျပင္ဖို႔ပါ။” လို႔ အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jen Psaki ကေျပာခဲ့တာပါ။
ယာယီခိုလႈံခြင့္ အမိန္႔နဲ႔ အက်ဳံး၀င္မယ့္သူ အေရအတြက္ အတိအက် မသိရေသးေပမဲ့ ႀကီးေလးတဲ့ ရာဇ၀တ္မႈက်ဳးလြန္ထားသူကလဲြလို႔ အေမရိကန္မွာ ေရာက္ေနတဲ့ ေဟာင္ေကာင္သား ၃၃၀,၀၀၀ ေလာက္ ေနထိုင္ခြင့္ ရႏိုင္တယ္လို႔ အေမရိကန္အစိုးရ အဆင့္ျမင့္ အရာရွိတေယာက္က ေျပာပါတယ္။
ေဟာင္ေကာင္မွာ ၿပီးခဲ့တဲ့ႏွစ္ထဲ စြပ္စဲြခ်က္မ်ဳိးစုံနဲ႔ အတိုက္အခံႏိုင္ငံေရးသမားေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ ဆႏၵျပသူေတြ ၁၀၀ ေလာက္ကိုလည္း တ႐ုတ္အာဏာပိုင္ေတြ ဖမ္းဆီးခဲ့ေၾကာင္း သမၼတဘိုင္ဒင္က အမိန္႔ထုတ္ျပန္ရာမွာ ေျပာဆိုခဲ့တာပါ။
အေမရိကန္ အစိုးရက ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္ အာဏာသိမ္းလိုက္ၿပီး ေနာက္ဆက္တဲြ ဖိႏွိပ္မႈေတြ၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ေပၚေပါက္ေနတာေၾကာင့္ အေမရိကန္ေရာက္ ျမန္မာေတြကို ယာယီအကာအကြယ္ေပး ခိုလႈံခြင့္ျပဳဖို႔လည္း အေမရိကန္က ေမလထဲမွာပဲ ခြင့္ျပဳထားပါတယ္။
.....................................................
{{Unicode}}
တရုတ်ပြည်လက်အောက်ခံ ဟောင်ကောင်ကျွန်းကို ပြန်ပို့ခံရပြီး အရေးယူခံရမယ့်အရေးနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် အမေရိကန်မှာ ရောက်နေကြတဲ့ ထောင်နဲ့ချီတဲ့ ဟောင်ကောင် ဒေသခံတွေကို ၁၈ လကြာ ယာယီခိုလှုံခွင့်ပေးဖို့ သမ္မတ Joe Biden က ခွင့်ပြုလိုက်ပါတယ်။
ဟောင်ကောင်ကျွန်းက ဒီမိုကရေစီရေး လှုပ်ရှားမှုကို ၁၄ လကြာ နှိမ်နင်းခဲ့တဲ့ တရုတ်အစိုးရကိုလည်း သမ္မတ ဘိုင်ဒင်က ပြစ်တင်ရှုတ်ချလိုက်ပြီး အမေရိကန် နိုင်ငံခြားရေးရာ မူဝါဒအရ ဟောင်ကောင် ဒေသခံတွေကို အမေရိကန်မှာ ယာယီနေထိုင် အလုပ်လုပ်ခွင့်ပြုမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။
အိမ်ဖြူတော် ပြောခွင့်ရကလည်း ကြာသပတေးနေ့က ကြေညာချက်နဲ့ ပတ်သက်လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
“အမေရိကန်ရဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်နဲ့ နိုင်ငံတကာ အသိုင်းအဝန်းမှာ ကြိုးပမ်းမှုတွေဟာ ဟောင်ကောင်လူထုအပေါ် ဖိနှိပ်တဲ့ လုပ်ရပ်တွေကို ပြင်ဖို့ပါ။” လို့ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ကပြောခဲ့တာပါ။
ယာယီခိုလှုံခွင့် အမိန့်နဲ့ အကျုံးဝင်မယ့်သူ အရေအတွက် အတိအကျ မသိရသေးပေမဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုကျုးလွန်ထားသူကလွဲလို့ အမေရိကန်မှာ ရောက်နေတဲ့ ဟောင်ကောင်သား ၃၃၀,၀၀၀ လောက် နေထိုင်ခွင့် ရနိုင်တယ်လို့ အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိတယောက်က ပြောပါတယ်။
ဟောင်ကောင်မှာ ပြီးခဲ့တဲ့နှစ်ထဲ စွပ်စွဲချက်မျိုးစုံနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြသူတွေ ၁၀၀ လောက်ကိုလည်း တရုတ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့ကြောင်း သမ္မတဘိုင်ဒင်က အမိန့်ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။
အမေရိကန် အစိုးရက မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းလိုက်ပြီး နောက်ဆက်တွဲ ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေတာကြောင့် အမေရိကန်ရောက် မြန်မာတွေကို ယာယီအကာအကွယ်ပေး ခိုလှုံခွင့်ပြုဖို့လည်း အမေရိကန်က မေလထဲမှာပဲ ခွင့်ပြုထားပါတယ်။