သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်သားတို့အတွက် ဗြိတိန် အထူးပြည်ဝင်ခွင့် ထုတ်ပေးတော့မည်


Anti-government office workers wearing masks
ဟောင်ကောင်ရုံးလုပ်သားတွေရဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ (ဓာတ်ပုံ- Reuters)
Anti-government office workers wearing masks ဟောင်ကောင်ရုံးလုပ်သားတွေရဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ (ဓာတ်ပုံ- Reuters)

(Zawgyi/Unicode)
ဗြိတိန်ကို လာချင်တဲ့ ဟောင်ကောင်ဒေသခံတွေ အတွက် အထူးဗီဇာ လျှောက်ထားနိုင်အောင် ဗြိတိန်အစိုးရက ပြင်ဆင်နေပါပြီ။ တချိန်က ဗြိတိသျှကိုလိုနီဖြစ်တဲ့ ဟောင်ကောင်ဒေသခံတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို တရုတ်အစိုးရက ခြေမှုန်းနေတာကို တုန့်ပြန်တဲ့အနေနဲ့ ဟောင်ကောင်ဒေသခံတချို့ကို ဗြိတိန်နိုင်ငံသား အမြန်လုပ်ပေးမယ့် အစီစဉ်ကို ဗြိတိန်က စတင်ခဲ့တဲ့နောက် အခု သောင်းနဲ့ချီတဲ့ ဒေသခံတွေ လာရောက်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

လျှောက်ထားတဲ့ လုပ်ငန်းစဉ်အတွက် ပြီးခဲ့တဲလမှာ အွန်လိုင်းမှာ စဖွင့်ပေးခဲ့တာ ဖြစ်ပြီး ပထမ ၅ နှစ်ကာလ အတွင်း ဟောင်ကောင် ဒေသခံ ၃ သိန်းလောက် လာရောက်မယ်လို့ မျှော်လင့်ထားကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။လျှောက်ထားသူတွေထဲမှာ အသက် ၂၇ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ Finn Lau လည်း ပါဝင်ပါတယ်။ သူဟာ အခု လန်ဒန်မှာ ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ပြီး အချိန်ပိုင်းကျောင်းတက်နေတာပါ။ သူဟာ ၂၀၁၄ တုန်းက ဟောင်ကောင်မှာ တရုတ်သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ ထီးတော်လှန်ရေးလို့ခေါ်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အဓိကကဏ္ဍက ပါဝင်လှုပ်ရှားခဲ့သူတဦး ဖြစ်ပါတယ်။ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ဆက်လက်ဖြစ်ပွါးနေပြီး မကြာခင်လတွေ အတွင်းမှာပဲ တက်ကြွလှုပ်ရှားသူ ဒါဇင်နဲ့ချီ အဖမ်းဆီးခံခဲ့ရပါတယ်။

ဟောင်ကောင်ကို ထိန်းချုပ်မှုတွေ တိုးလုပ်လာတဲ့ တရုတ်အစိုးရက ၂၀၂၀ မှာ အမျိုးသားလုံခြုံရေး ဥပဒေကို ပြဌာန်းခဲ့ချိန်မှာတော့ ဒါဟာ ၁၉၈၄ ခုနှစ် တရုတ်-ဗြိတိန် ပူးတွဲသဘောတူညီချက်ကို ချိုးဖေါက်တာ ဖြစ်ကြောင်း ဗြိတိန်ကပြောကြားခဲ့ပြီး ဒါကိုတုန့်ပြန်တဲ့ အနေနဲ့ BN(O) လို့ခေါ်တဲ့ ပြည်ပ ဗြိတိန်နိုင်ငံသား ဗီဇာ အစီစဉ်ကို စတင်ခဲ့တာပါ။ ဒီဗီဇာ လျှောက်ထားသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အတွက် ဗြိတိန်မှာ ၅ နှစ် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။ ၅ နှစ်နောက်ပိုင်း မှာ ဆက်နေထိုင်ခွင့် တနှစ်အတွက် လျှောက်ထားနိုင်သလို တနှစ်နောက်ပိုင်း ဗြိတိန် နိုင်ငံသား အဖြစ်ပါ ခံယူနိုင်တာ ဖြစ်ပါတယ်။

.................................................

တိုက်ရိုက် လင့်ခ်



(Unicode)



XS
SM
MD
LG