သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ တရုတ်သမ္မတတို့ လာမယ့်သီတင်းပတ်တွေအတွင်း စကားပြောဖို့ရှိ


အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ဝဲ) နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ APEC အာရှပစိဖိတ်စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုဖိုရိမ်ပြင်ပမှာ တွေ့ဆုံကြစဥ်။ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ဝဲ) နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ APEC အာရှပစိဖိတ်စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုဖိုရိမ်ပြင်ပမှာ တွေ့ဆုံကြစဥ်။ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

လာမယ့်သီတင်းပတ်တွေအတွင်း တရုတ်သမ္မတ ရှီကျင့်ပင် (Xi Jinping) နဲ့ စကားပြောဖို့ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အသင့်စောင့်နေတယ်လို့ အမေရိကန် လုံခြုံရေးအထူးအကြံပေး Jake Sullivan ကပြောကြားလိုက်ပါတယ်။ ဘေကျင်းမြို့တော်မှာ သမ္မတရှီနဲ့ ဒီနေ့ တွေ့ဆုံစဉ် Jake Sullivan ကပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အဆင့်မြင့် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ သဓိဌာန်ချထားကြောင်းနဲ့ လာမယ့်သတင်းပတ်တွေအတွင်း သမ္မတရှီနဲ့ ဆွေးနွေးဖို့ အဆင်သင့်စောင့်နေပါတယ်လို့ အိမ်ဖြူတော် လုံခြုံရေးအထူးအကြံပေး Jake Sullivan ပြောကြားခဲ့တာဖြစ်ပါတယ်။ အကျိုးဆက်တွေများတဲ့ ၂ နိုင်ငံ ဆက်ဆံရေးမှာ အဆင့်မြင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးလမ်းကြောင်းတွေပွင့်နေဖို့ သမ္မတဘိုင်ဒန်က သူ့ကို တရုတ်နိုင်ငံကို စေလွှတ်ခဲ့တာဖြစ်တ ယ်လို့လည်း ပြောကြားခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား ပြိုင်ဆိုင်မှုတွေကနေ ထိပ်တိုက်တွေ့မှု၊ ပဋိပက္ခတွေအဖြစ် ရောက်မသွားအောင်နဲ့၊ ၂ နိုင်ငံ စိတ်ဝင်စားတဲ့ ကိစ္စရပ်တွေမှာ လက်တွဲဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်းလည်း Jake Sullivan က သတင်းစကားပါးခဲ့ပါတယ်။

၂ နိုင်ငံလုံးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေရှိခဲ့ပေမဲ့ ကမ္ဘာကြီး တည်ငြိမ် အခြေအနေကောင်းမွန်စေဖို့ ၂ နိုင်ငံ ဆက်ဆံရေးဟာ မပြောင်းမလဲ ရှိနေပါတယ်လို့ တရုတ်သမ္မတရှီကျင့်ပင်ကလည်း ပြောကြားခဲ့ပါတယ်။ အပြန်အလှန် လေးစားရှိရေး၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးနဲ့ ၂ ဘက်လုံး အရှုံးမရှိ ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ မူတွေကိုလည်း တရုတ်က မပြောင်းမလဲ ကိုင်စွဲထားတယ်လို့ ပြောပါတယ်။
တရုတ်သမ္မတနဲ့ အမေရိကန်အမျိုးသားအကြံပေးတို့တွေ့ဆုံမှုအတွင်း ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ယူကရိန်းစစ်ပွဲတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့လည်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

အမေရိကန် လုံခြုံရေးအထူးအကြံပေး Jake Sullivan ဟာ ဒီနေ့အစောပိုင်းကလည်း တရုတ်စစ်ရေးကော်မရှင်ဒုဥက္ကဋ္ဌ Zhang Youxia နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်အနေနဲ့ ထိုင်ဝမ်နဲ့ စစ်ရေးပူးပေါင်းမှုတွေ၊ စစ်လက်နက်ရောင်းချမှုတွေ ရပ်ဖို့နဲ့ တိုင်ဝမ်နဲ့ပတ်သက်လို့ မဟုတ်မှန်တာတွေ မပြောဖို့ တရုတ်စစ်ရေးကော်မရှင်ဒုဥက္ကဋ္ဌက တိုက်တွန်းခဲ့တယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။

ကန်နဲ့ တရုတ်သမ္မတတို့ လာမယ့်သီတင်းပတ်တွေအတွင်း စကားပြောဖို့ရှိ
please wait

No media source currently available

0:00 0:01:52 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG