သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်ဆံုးစစ္သည္ ေအာက္ေမ့ဖြယ္ေန႔ သမၼတ Biden တက္ေရာက္ဂုဏ္ျပဳ


(Zawgyi / Unicode)

အေမရိကန္ႏိုင္ငံမွာ တနလၤာေန႔က်ေရာက္တဲ့ က်ဆံုးစစ္သည္ ေအာက္ေမ့ဖြယ္ေန႔ အတြက္ Arlington စစ္သခ်ႋဳင္းမွာ ျပဳလုပ္တဲ့ အခမ္းအနားကို သမၼတ ဂ်ိဳးဘိုင္ဒန္ တက္ေရာက္ၿပီး စစ္ပြဲေတြအတြင္း က်ဆံုးခဲ့ရတဲ့ စစ္သည္ေတြ အတြက္ အမွတ္ရေအာက္ေမ့စကား ေျပာၾကားၿပီးဂုဏ္ျပဳခဲ့ပါတယ္။

ဒီကေန႔ က်ဆံုးစစ္သည္ေတြကို ေအာက္ေမ့သတိရတာနဲ႔ အတူ ထပ္ၿပီးလည္း အတည္ျပဳေျပာပါရေစ။ လြတ္လပ္မႈအတြက္ အသက္ေတြေပးဆပ္ ခဲ့ရတာပါ။ ဒီမိုကေရစီဆိုတာ ၿပီးျပည့္စံုတယ္ဆိုတာ မရွိပါဘူး။ ဒါေပမယ့္ တိုက္ယူထိုက္သလို လိုအပ္ရင္ အသက္ေတြပါ ေပးၾကရတာ ျဖစ္ၿပီး ဒါဟာ အေမရိကန္ႏိုင္ငံရဲ႕ စံထားစရာ ျဖစ္ေၾကာင္း ေျပာသြားတာပါ။

အေမရိကန္ႏိုင္ငံမွာ ေမလရဲ႕ ေနာက္ဆံုးပတ္ တနလၤာေန႔ကို က်ဆံုးစစ္သည္မ်ား ေအာက္ေမ့ဖြယ္ေန႔ အျဖစ္ သတ္မွတ္ၿပီး ႏွစ္စဥ္ ဂုဏ္ျပဳသလို အားလပ္ရက္ အျဖစ္လည္း သတ္မွတ္ထားတာပါ။ အေမရိကန္ စစ္သည္ေတြ ဒီမိုကေရစီအတြက္ တိုက္ပြဲဝင္ခဲ့ၾကသလို အခုအခ်ိန္မွာ ယူကရိန္း ျပည္သူေတြကလည္း သူတို႔ႏိုင္ငံ ဒီမိုကေရစီအတြက္ တိုက္ပြဲဝင္ေနၾကတယ္လို႔လည္း သမၼတဘိုင္ဒန္က ေျပာပါတယ္။ သူတို႔တိုက္ပြဲကေတာ့ ဒီမိုကေရစီနဲ႔ လြတ္လပ္မႈ အတြက္ျပည္သူအားလံုး ပါဝင္ေနၾကတာလို႔ ဆိုပါတယ္။

အေမရိကန္သမၼတဘိုင္ဒန္နဲ႔ ဒုသမၼတ Kamala Harris တို႔ဟာ စစ္ပြဲအတြင္းက်ဆံုးခဲ့ရတဲ့ အညတရ ဂူဗိမၼာန္မွာ လြမ္းသူ႔ပန္းေခြခ် ဂုဏ္ျပဳခဲ့တာပါ။ လြန္ခဲ့တဲ့ ၂ ႏွစ္ တာကာလအတြင္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ မက်င္းပျဖစ္ခဲ့တဲ့ ေအာက္ေမ့ဖြယ္ေန႔ စီတန္းလွည့္လည္တဲ့ အခမ္းအနားကို ဝါရွင္တန္ဒီစီက Constitution Avenue လမ္းမႀကီးေပၚမွာ စည္စည္ကားကား ျပဳလုပ္ခဲ့ပါတယ္။

အနယ္နယ္ အရပ္ရပ္မွာ ေရာက္ေနတဲ့ စစ္ျပန္စစ္မႈထမ္းေဟာင္း ေတြကလည္း ဝါရွင္တန္ဒီစီကို ေမာ္ေတာ္ဆိုင္ကယ္ ေတြနဲ႔ လာေရာက္ၿပီး ေအာက္ေမ့ဖြယ္ေန႔ အခမ္းအနားမွာ ႏွစ္စဥ္ ပါဝင္ဆင္ႏႊဲၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ သမ္မတ Biden တက်ရောက်ဂုဏ်ပြု


အမေရိကန်နိုင်ငံမှာ တနင်္လာနေ့ကျရောက်တဲ့ ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ အတွက် Arlington စစ်သင်္ချိုင်းမှာ ပြုလုပ်တဲ့ အခမ်းအနားကို သမ္မတ ဂျိုးဘိုင်ဒန် တက်ရောက်ပြီး စစ်ပွဲတွေအတွင်း ကျဆုံးခဲ့ရတဲ့ စစ်သည်တွေ အတွက် အမှတ်ရအောက်မေ့စကား ပြောကြားပြီးဂုဏ်ပြုခဲ့ပါတယ်။

ဒီကနေ့ ကျဆုံးစစ်သည်တွေကို အောက်မေ့သတိရတာနဲ့ အတူ ထပ်ပြီးလည်း အတည်ပြုပြောပါရစေ။ လွတ်လပ်မှုအတွက် အသက်တွေပေးဆပ် ခဲ့ရတာပါ။ ဒီမိုကရေစီဆိုတာ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် တိုက်ယူထိုက်သလို လိုအပ်ရင် အသက်တွေပါ ပေးကြရတာ ဖြစ်ပြီး ဒါဟာ အမေရိကန်နိုင်ငံရဲ့ စံထားစရာ ဖြစ်ကြောင်း ပြောသွားတာပါ။

အမေရိကန်နိုင်ငံမှာ မေလရဲ့ နောက်ဆုံးပတ် တနင်္လာနေ့ကို ကျဆုံးစစ်သည်များ အောက်မေ့ဖွယ်နေ့ အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဂုဏ်ပြုသလို အားလပ်ရက် အဖြစ်လည်း သတ်မှတ်ထားတာပါ။ အမေရိကန် စစ်သည်တွေ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြသလို အခုအချိန်မှာ ယူကရိန်း ပြည်သူတွေကလည်း သူတို့နိုင်ငံ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ သူတို့တိုက်ပွဲကတော့ ဒီမိုကရေစီနဲ့ လွတ်လပ်မှု အတွက်ပြည်သူအားလုံး ပါဝင်နေကြတာလို့ ဆိုပါတယ်။

အမေရိကန်သမ္မတဘိုင်ဒန်နဲ့ ဒုသမ္မတ Kamala Harris တို့ဟာ စစ်ပွဲအတွင်းကျဆုံးခဲ့ရတဲ့ အညတရ ဂူဗိမ္မာန်မှာ လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခဲ့တာပါ။ လွန်ခဲ့တဲ့ ၂ နှစ် တာကာလအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းပဖြစ်ခဲ့တဲ့ အောက်မေ့ဖွယ်နေ့ စီတန်းလှည့်လည်တဲ့ အခမ်းအနားကို ဝါရှင်တန်ဒီစီက Constitution Avenue လမ်းမကြီးပေါ်မှာ စည်စည်ကားကား ပြုလုပ်ခဲ့ပါတယ်။

အနယ်နယ် အရပ်ရပ်မှာ ရောက်နေတဲ့ စစ်ပြန်စစ်မှုထမ်းဟောင်း တွေကလည်း ဝါရှင်တန်ဒီစီကို မော်တော်ဆိုင်ကယ် တွေနဲ့ လာရောက်ပြီး အောက်မေ့ဖွယ်နေ့ အခမ်းအနားမှာ နှစ်စဉ် ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG