သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ေအာက္ေမ့ဖြယ္ေန႔ ခရီးသြားေတြ ေလယာဥ္အခက္ၾကံဳ 


Flight Cancellations Memorial Day Weekend

ဒီသီတင္းပတ္မွာ က်ေရာက္တဲ့ အေမရိကန္က က်ဆံုးစစ္သည္ ေအာက္ေမ့ဖြယ္ေန႔ Memorial Day အားလပ္ရက္နဲ႔ ေႏြရာသီမွာ ခရီးထြက္ၾကတဲ့သူေတြ ေလယာဥ္ခေတြ ေစ်းတက္တာအျပင္၊ ခရီးစဥ္ေတြ ဖ်က္သိမ္းတာနဲ႔ပါ ၾကံဳေနရပါတယ္။

အေမရိကန္မွာ ေအာက္ေမ့ဖြယ္ေန႔ ခရီးသြားေတြ ေလယာဥ္အခက္ၾကံဳ

{{Zawgyi/Unicode}}
ဒီသီတင္းပတ္မွာ က်ေရာက္တဲ့ အေမရိကန္က က်ဆံုးစစ္သည္ ေအာက္ေမ့ဖြယ္ေန႔ Memorial Day အားလပ္ရက္နဲ႔ ေႏြရာသီမွာ ခရီးထြက္ၾကတဲ့သူေတြ ေလယာဥ္ခေတြ ေစ်းတက္တာအျပင္၊ ခရီးစဥ္ေတြ ဖ်က္သိမ္းတာနဲ႔ပါ ၾကံဳေနရပါတယ္။ ေလေၾကာင္းခရီးစဥ္ေတြကို ေစာင့္ၾကည့္ေဖာ္ျပေနတဲ့ FlightAware Website ရဲ႕ စေနေန႔က ေဖာ္ျပခ်က္အရ အေမရိကန္ အေရွ႕ဖက္ျခမ္းေဒသ စံေတာ္ခ်ိန္ေန႔လည္ ၂ နာရီအထိ ေလယာဥ္ခရီးစဥ္ေပါင္း ၁,၂ဝဝ ေက်ာ္ကို ဖ်က္သိမ္းထားပါတယ္။

ေသာၾကာေန႔ကလည္း ေလယာဥ္ခရီးစဥ္ေပါင္း ၂,၃ဝဝ ေက်ာ္ကို ဖ်က္ခဲ့ရပါတယ္။ အထိအနာဆုံးျဖစ္တဲ့ Delta ေလေၾကာင္းလိုင္းကေတာ့ စေနေန႔မွာ ခရီးစဥ္အားလုံးရဲ႕ ၉ ရာခိုင္ႏႈန္းရွိတဲ့၊ ခရီးစဥ္ေပါင္း ၂၄ဝ ေက်ာ္ကို ဖ်က္ခဲ့ရတာပါ။

Delta ေလေၾကာင္းလိုင္းရဲ႕ လုပ္ငန္းေတြ အမ်ားစုရွိရာလည္းျဖစ္ ႐ုံးခ်ဳပ္ရွိရာေနရာလည္းျဖစ္တဲ့ Georgia ျပည္နယ္၊ Atlanta ၿမိဳ႕က Hartsfield-Jackson ႏိုင္ငံတကာေလဆိပ္မွာလည္း ခရီးစဥ္ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြနဲ႔ အႀကီးအက်ယ္ ၾကံဳခဲ့ရပါတယ္။

စေနေန႔မွာ ေလယာဥ္ခရီးစဥ္ ၅ ရာခိုင္ႏႈန္း ဖ်က္ခဲ့ရၿပီး၊ ၇ ရာခိုင္ႏႈန္းက ေႏွာင့္ေႏွးမႈေတြ ၾကံဳခဲ့ရတာပါ။ ရာသီဥတု မေကာင္းတာေၾကာင့္ေရာ၊ ေလေၾကာင္းထိန္းသိမ္းေရး အစီအစဥ္ေတြေၾကာင့္ပါ ခရီးစဥ္ေတြ ဖ်က္ရတာလို႔လည္း Delta ေလေၾကာင္းလိုင္းက AP သတင္းဌာနကို ေျပာဆိုထားၿပီး၊ ေအာက္ေမ့ဖြယ္ေန႔ သီတင္းပတ္ကုန္ အားလပ္ရက္ ခရီးသြားေတြအတြက္ ခရီးစဥ္ေတြ ဖ်က္ရမယ္ဆိုရင္ အနည္းဆုံး ၂၄ နာရီ ႀကိဳတင္အေၾကာင္းၾကားဖို႔ စီစဥ္ေနတယ္လို႔လည္း ေျပာပါတယ္။

ေႏြရာသီအားလပ္ရက္အတြက္ ခရီးသြားဖို႔ ေလယာဥ္လက္မွတ္ ႀကိဳတင္၀ယ္ယူေနသူေတြလည္း ေစ်းတက္တာနဲ႔ ၾကံဳေနရတာပါ။ ေႏြရာသီမွာ ျပည္တြင္း အသြားအျပန္ခရီးအတြက္ ပ်မ္းမွ် ေဒၚလာ ၄၀၀ ေက်ာ္ ေပးေနရၿပီး ဒါဟာဆိုရင္ ကပ္ေရာဂါမတိုင္ခင္ ၂၀၁၉ ခုႏွစ္ကထက္ ၂၄ ရာခိုင္ႏႈန္း ေစ်းတက္သြားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................................................

အမေရိကန်မှာ အောက်မေ့ဖွယ်နေ့ ခရီးသွားတွေ လေယာဉ်အခက်ကြုံ

{{Zawgyi/Unicode}}
ဒီသီတင်းပတ်မှာ ကျရောက်တဲ့ အမေရိကန်က ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ Memorial Day အားလပ်ရက်နဲ့ နွေရာသီမှာ ခရီးထွက်ကြတဲ့သူတွေ လေယာဉ်ခတွေ ဈေးတက်တာအပြင်၊ ခရီးစဉ်တွေ ဖျက်သိမ်းတာနဲ့ပါ ကြုံနေရပါတယ်။ လေကြောင်းခရီးစဉ်တွေကို စောင့်ကြည့်ဖော်ပြနေတဲ့ FlightAware Website ရဲ့ စနေနေ့က ဖော်ပြချက်အရ အမေရိကန် အရှေ့ဖက်ခြမ်းဒေသ စံတော်ချိန်နေ့လည် ၂ နာရီအထိ လေယာဉ်ခရီးစဉ်ပေါင်း ၁,၂ဝဝ ကျော်ကို ဖျက်သိမ်းထားပါတယ်။

သောကြာနေ့ကလည်း လေယာဉ်ခရီးစဉ်ပေါင်း ၂,၃ဝဝ ကျော်ကို ဖျက်ခဲ့ရပါတယ်။ အထိအနာဆုံးဖြစ်တဲ့ Delta လေကြောင်းလိုင်းကတော့ စနေနေ့မှာ ခရီးစဉ်အားလုံးရဲ့ ၉ ရာခိုင်နှုန်းရှိတဲ့၊ ခရီးစဉ်ပေါင်း ၂၄ဝ ကျော်ကို ဖျက်ခဲ့ရတာပါ။

Delta လေကြောင်းလိုင်းရဲ့ လုပ်ငန်းတွေ အများစုရှိရာလည်းဖြစ် ရုံးချုပ်ရှိရာနေရာလည်းဖြစ်တဲ့ Georgia ပြည်နယ်၊ Atlanta မြို့က Hartsfield-Jackson နိုင်ငံတကာလေဆိပ်မှာလည်း ခရီးစဉ်နှောင့်နှေးကြန့်ကြာမှုတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရပါတယ်။

စနေနေ့မှာ လေယာဉ်ခရီးစဉ် ၅ ရာခိုင်နှုန်း ဖျက်ခဲ့ရပြီး၊ ၇ ရာခိုင်နှုန်းက နှောင့်နှေးမှုတွေ ကြုံခဲ့ရတာပါ။ ရာသီဥတု မကောင်းတာကြောင့်ရော၊ လေကြောင်းထိန်းသိမ်းရေး အစီအစဉ်တွေကြောင့်ပါ ခရီးစဉ်တွေ ဖျက်ရတာလို့လည်း Delta လေကြောင်းလိုင်းက AP သတင်းဌာနကို ပြောဆိုထားပြီး၊ အောက်မေ့ဖွယ်နေ့ သီတင်းပတ်ကုန် အားလပ်ရက် ခရီးသွားတွေအတွက် ခရီးစဉ်တွေ ဖျက်ရမယ်ဆိုရင် အနည်းဆုံး ၂၄ နာရီ ကြိုတင်အကြောင်းကြားဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

နွေရာသီအားလပ်ရက်အတွက် ခရီးသွားဖို့ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူနေသူတွေလည်း ဈေးတက်တာနဲ့ ကြုံနေရတာပါ။ နွေရာသီမှာ ပြည်တွင်း အသွားအပြန်ခရီးအတွက် ပျမ်းမျှ ဒေါ်လာ ၄၀၀ ကျော် ပေးနေရပြီး ဒါဟာဆိုရင် ကပ်ရောဂါမတိုင်ခင် ၂၀၁၉ ခုနှစ်ကထက် ၂၄ ရာခိုင်နှုန်း ဈေးတက်သွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG