သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားတိုင်း တန်းတူမဲပေးခွင့်အရေးပါမှု သမ္မတဘိုင်ဒန် ထပ်လောင်းပြောကြား


အလာဘားမားပြည်နယ် ဆယ်လ်မာမြို့ရှိ Edmund Pettus တံတားမှာကျင်းပတဲ့ "သွေးစွန်းတနင်္ဂနွေနေ့" အမှတ်တရ ဂုဏ်ပြုတဲ့ သရုပ်ပြချီတက် ဆန္ဒပြပွဲကို ဦးဆောင် ပါဝင်ခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်
အလာဘားမားပြည်နယ် ဆယ်လ်မာမြို့ရှိ Edmund Pettus တံတားမှာကျင်းပတဲ့ "သွေးစွန်းတနင်္ဂနွေနေ့" အမှတ်တရ ဂုဏ်ပြုတဲ့ သရုပ်ပြချီတက် ဆန္ဒပြပွဲကို ဦးဆောင် ပါဝင်ခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်

အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အရေးပါတဲ့ လွတ်လပ်စွာ မဲပေးမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်တဲ့ Bloody Sunday သွေးစွန်းတနင်္ဂနွေလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေကို ဂုဏ်ပြုတဲ့အနေတဲ့ သမ္မတ ဂျိုးဘိုင်ဒန်ဟာ အလာဘားမား ပြည်နယ် ဆဲလ်မာ (Selma) မြို့ကို သွားရောက်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်၊ မတ်လက ဆဲလ်မာမြို့မှာ နိုင်ငံသား အခွင့်အရေး လှုပ်ရှားသူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို နယ်ခံနဲ့ ပြည်နယ် ရဲတပ်ဖွဲ့တွေက ရက်ရက်စက်စက် နှိမ်နင်းခဲ့တာကြောင့် အဲဒီနေ့ကို သွေးစွန်းတဲ့ တနင်္ဂနွေ Bloody Sunday လို့ ခေါ်တွင်ခဲ့တာပါ။ အဲဒီ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားခဲ့တဲ့ ဓါတ်ပုံတွေကြောင့် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုကို ထောက်ခံမှုတွေရရှိခဲ့တာပါ။ ဒါ့အပြင်ဒီဓာတ်ပုံတွေကြောင့်ပဲ အမေရိကန်ပြည်ထောင်စုက မဲပေးခွင့်မှာ လူတိုင်းတန်းတူအခွင့်အရေးမရှိပဲ လူမျိုးရေးခွဲခြားပြီးမှ မဲပေးခွင့်ရရှိတဲ့စနစ်ပယ်ဖျက်ပြီး Voting Rights Act အသက်ပြည့်သူနိုင်ငံသားတိုင်း မဲပေးခွင့်ရှိတဲ့ သမိုင်းဝင်ဥပဒေကို ၁၉၆၅ နှစ်ကုန်ပိုင်းမှာ ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ ဆဲလ်မာဟာ မဲပေးခွင့်မှု အသိမှတ်ပြုခံရအောင် လုပ်ပေးခဲ့ပါတယ်။ ဒီမိုကရေစီလွတ်လပ်မှုရှိဖို့ မဲဆန္ဒထည့်ဝင်နိုင်ခွင့်ရအောင် လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအခွင့်အရေးမရှိရင် ဘာမှ လုပ်လို့မရပါဘူး” လို့ သမ္မတ ဂျိုးဘိုင်ဒန်က မိန့်ခွန်းပြောသွားပါတယ်။

လက်ရှိအမေရိကန်ပြည်ထောင်စုမှာ အပြောင်းအလဲမလိုလားတဲ့ ရှေးရိုးစွဲဝါဒီတွေ ကြီးစိုးတဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေက အခုနှစ်ပိုင်းတွေမှာ မဲပေးခွင့်ဥပဒေတွေကို အားပျော့စေတယ်လို့လည်း သမ္မတက ပြောပါတယ်။ ဆဲလ်မာမြို့မှာ ရောက်နေစဉ်မှာ သမ္မတ ဂျိုးဘိုင်ဒန်ဟာ သွေးစွန်းတနင်္ဂနွေနေ့ကို အမှတ်တရ ဂုဏ်ပြုတဲ့ သရုပ်ပြချီတက် ဆန္ဒပြပွဲကို ဦးဆောင် ပါဝင်ခဲ့သလို ဒီကနေ့ခေတ် နိုင်ငံသား အခွင့်အရေး လှုပ်ရှားသူ မျိုးဆက်သစ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG