သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စီးပွါး ဖွံ့ဖြိုးမှု ဆက်လက်ကျဆင်း


(Zawgyi / Unicode)

အမေရိကန်မှာ စီးပွားရေး ကပ်ဆိုက်တဲ့ အခြေအနေကို ရောက်နေကြောင်း အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ စီးပွားရေး ပညာရှင်တချို့က ပြောဆိုနေကြပေမဲ့ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစိုးရအဖွဲ့ဝင်တွေကတော့ လက်မခံကြပါဘူး။

ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell အပါအဝင် ထင်ရှားတဲ့ ဘဏ်လုပ်ငန်းရှင်တွေ၊ စီးပွားရေးပညာရှင်တွေကိုယ်တိုင် စီးပွားရေးကပ်ဆိုက်တဲ့ အခြေအနေကို မရောက်သေးဘူးလို့ ပြောဆိုထားကြောင်းလည်း သမ္မတဘိုင်ဒင်က အိမ်ဖြူတော်မှာ ကြာသပတေးနေ့က ပြောဆိုလိုက်တာပါ။

သမ္မတအဖြစ် စတင်တာဝန်ယူစဉ်ကစလို့ အလုပ်အကိုင် ရရှိမှုတွေ တိုးတက်လာသလို၊ အဆင့်မြင့် နည်းပညာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေဟာ စီးပွားရေးကပ်ဆိုက်တဲ့ လက္ခဏာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ စီးပွားရေး အခြေအနေကို တိုင်းတာရာမှာ အဓိကကျတဲ့ ဘဏ္ဍာရေး ၃ လပတ် ဖွံ့ဖြိုးမှုပမာဏဟာ ဒုတိယအကြိမ် ဆက်လက် ကျဆင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ အချက်အလက်တွေ ထုတ်ပြန်ခဲ့တဲ့ တချိန်တည်းမှာပဲ သမ္မတရဲ့ မှတ်ချက် ထွက်ပေါ်ခဲ့တာပါ။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှု ပမာဏဟာ ပထမ ၃ လပတ် အတွင်း ၁ ဒဿမ ၆ ရာနှုန်းကျဆင်းခဲ့ပြီး၊ ဒုတိယ ၃ လပတ်ဖြစ်တဲ့ ဧပြီလကနေ ဇွန်လမှာ ၀ ဒဿမ ၉ ရာနှုန်းကျဆင်းခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေး ကပ်ဆိုက်တဲ့ အဆင့်ကို ရောက်နေပြီ ဆိုတာကိုတော့ စီးပွားရေး ကျဆင်းမှုတွေ လနဲ့ချီ အကြီးအကျယ် ကြုံရတဲ့ အခြေအနေမျိုးမှာ နိုင်ငံတော် စီးပွားရေး သုတေသနဗျုရို (NBER) က တရားဝင် ကြေညာရပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG