သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden ဆော်ဒီနဲ့ အစ္စရေးလ်ကို သွားမည်


(Zawgyi / Unicode)


အမေရိကန် သမ္မတ Joe Biden လာမယ့် လ အတွင်း အရှေ့အလယ်ပိုင်းကို ပထမဆုံး အကြိမ် သွားရောက်မှာ ဖြစ်ပြီး အစ္စရေးလ်၊ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းနဲ့ ဆော်ဒီအာရေဗျတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

သမ္မတ Biden ရဲ့ ဇူလိုလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ အရှေ့အလယ်ပိုင်း ခရီးစဉ်ကို အမေရိကန် သမ္မတ အိမ်ဖြူတော်က အင်္ဂါနေ့မှာ ကြေညာပါတယ်။ အမေရိကန် သမ္မတ Biden အနေနဲ့ ဒီမိုကရက်တစ် သမ္မတလောင်း အဖြစ် ဆော်ဒီအာရေဗျကို လူ့အခွင့်အရေး စံနှုန်းတွေကြောင့် အပယ်ခံ နိုင်ငံ လို့ သုံးနှုန်း ပြောဆိုခဲ့ပြီး အမေရိကန် နဲ့ ဆော်ဒီအာရေဗျ ဆက်ဆံရေးကိုလည်း ပြန်လည်ချိန်ညှိဖို့ ကတိပြုခဲ့ပြီးနောက်မှာ ဆော်ဒီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

အမေရိကန် အခြေစိုက် သတင်းသမား Jamal Khashoggi ကို ၂၀၁၈ ခုနှစ်က သတ်ဖြတ်မှုမှာ ညွှန်ကြားခဲ့သူလို့ အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေက သတ်မှတ်ထားတဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့လည်း သမ္မတ Biden တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ အမေရိကန် သမ္မတ Biden ရဲ့ ခရီးစဉ်ကို စောင့်မျှော် ကြိုဆိုနေကြောင်း ဆော်ဒီ တာဝန်ရှိသူတွေကလည်း ပြောဆိုထားပါတယ်။

သမ္မတ Biden ဆော်ဒီနဲ့ အစ္စရေးလ်ကို သွားမည်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

(Unicode)

သမ်မတ Biden ဆောျဒီနဲ့ အစ်စရေးလျကို သှားမညျ




XS
SM
MD
LG