သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Black Lives Matter ကုိ ႏုိဘယ္လ္ၿငိမ္းခ်မ္းေရးဆု ခ်ီးျမႇင့္ဖုိ႔ အဆုိျပဳထား


ေအာ္ရီဂြန္ျပည္နယ္ ပို႔တ္လန္းဒ္ၿမိဳ႕မွာ Black Lives Matter ဆႏၵျပပြဲျမင္ကြင္း။ (ဇူလုိင္ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

လူမ်ိဳးေရး တရားမၽွတမႈကို ေတာင္းဆိုေနတဲ့ Black Lives Matter - BLM လႈပ္ရွားမႈကို ၿငိမ္းခ်မ္းေရးႏုိဘယ္လ္ဆု ခ်ီးျမႇင့္ဖို႔ အဆိုျပဳထားတယ္လို႔ ေနာ္ေဝ ပါလီမန္အမတ္တဦးက ေျပာပါတယ္။

၂၀၁၃ ခုႏွစ္မွာ စတင္ခဲ့တဲ့ Black Lives Matter လူမည္းေတြရဲ႕ အသက္လည္း အေရးႀကီးပါတယ္ဆိုတဲ့ လႈပ္ရွားမႈက ၿပီးခဲ့တဲ့ႏွစ္ ေမလက အေမရိကန္ လူမည္းအမ်ိဳးသား George Floyd လူျဖဴရဲလက္ထဲ အသက္ဆုံး႐ႈံးရၿပီးတဲ့ေနာက္မွာ ပိုၿပီး အရွိန္ျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။ အသက္႐ွဴလို႔ မရဘူးလို႔ ေအာ္ေနတဲ့ၾကားက လူျဖဴရဲအရာရွိက အဲဒီ လူမည္းအမ်ိဳးသား Floyd ရဲ႕ လည္ကုပ္ေပၚ ၈ မိနစ္ၾကာ ဒူးေထာက္ ဖမ္းဆီးထားၿပီးတဲ့ေနာက္ Floyd ေသဆုံးသြားခဲ့ရတာပါ။

အဲဒီျဖစ္ရပ္က အေမရိကန္ႏုိင္ငံတဝန္း Black Lives Matter လို႔ေခၚတဲ့ ဆႏၵျပပြဲေတြကို အရွိန္ျမင့္တက္သြားေစသလို ကမၻာအႏွံ႔ ပ်ံ႕ႏွံ႔သြားတာလည္း ျဖစ္ပါတယ္။

BLM လႈပ္ရွားမႈက လူမ်ိဳးေရး တရားမၽွတမႈကို ေတာင္းဆိုတဲ့ ကမၻာလုံးဆိုင္ရာ လႈပ္ရွားမႈႀကီး ျဖစ္လာေၾကာင္း BLM လႈပ္ရွားမႈကို ႏုိဘယ္လ္ၿငိမ္းခ်မ္းေရးဆု အတြက္ အဆိုျပဳထားသူ ေနာ္ေဝ ဆိုရွယ္လစ္အမတ္ Petter Eide က AFP ကို ေျပာပါတယ္။

ဒီလႈပ္ရွားမႈက ႏုိင္ငံေပါင္းစုံကို ျပန္႔သြားခဲ့သလို လူမ်ိဳးေရး မမၽွမတျဖစ္မႈကို တိုက္ဖ်က္ေရး လူေတြ သတိျပဳမိလာေအာင္ အေရးႀကီးတဲ့ ေဆာင္ရြက္ခ်က္တခု ျဖစ္လာတယ္လို႔လည္း သူက ေျပာပါတယ္။

ၿငိမ္းခ်မ္းေရး ႏုိဘယ္လ္ဆုအတြက္ တျခား သတင္းထြက္ေနသူေတြထဲ Wikileaks ကို ထူေထာင္သူ Julian Assange နဲ႔ အေမရိကန္ သမၼတေဟာင္း Donald Trump၊ သတင္းမီဒီယာ လြတ္လပ္ခြင့္ဆိုင္ရာ လႈပ္ရွားေနတဲ့ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႔ (RSF) နဲ႔ Svetlana Tikhanovskaya ဦးေဆာင္တဲ့ ဘယ္လာ႐ုစ္ အတိုက္အခံ ေခါင္းေဆာင္ေတြ ပါဝင္ပါတယ္။

ႏုိဘယ္လ္ဆု ဆြတ္ခူးရရွိသူေတြကို ေအာက္တိုဘာလက စတင္ၿပီး ေၾကညာမွာ ျဖစ္ပါတယ္။ မႏွစ္က ႏုိဘယ္လ္ ၿငိမ္းခ်မ္းေရးဆုကို ကမၻာ့စားနပ္ရိကၡာ အစီအစဥ္ (WFP) က ဆြတ္ခူးရရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

Black Lives Matter ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ဖို့ အဆိုပြုထား

လူမျိုးရေး တရားမျှတမှုကို တောင်းဆိုနေတဲ့ Black Lives Matter - BLM လှုပ်ရှားမှုကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ဖို့ အဆိုပြုထားတယ်လို့ နော်ဝေ ပါလီမန်အမတ်တဦးက ပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တဲ့ Black Lives Matter လူမည်းတွေရဲ့ အသက်လည်း အရေးကြီးပါတယ်ဆိုတဲ့ လှုပ်ရှားမှုက ပြီးခဲ့တဲ့နှစ် မေလက အမေရိကန် လူမည်းအမျိုးသား George Floyd လူဖြူရဲလက်ထဲ အသက်ဆုံးရှုံးရပြီးတဲ့နောက်မှာ ပိုပြီး အရှိန်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အသက်ရှူလို့ မရဘူးလို့ အော်နေတဲ့ကြားက လူဖြူရဲအရာရှိက အဲဒီ လူမည်းအမျိုးသား Floyd ရဲ့ လည်ကုပ်ပေါ် ၈ မိနစ်ကြာ ဒူးထောက် ဖမ်းဆီးထားပြီးတဲ့နောက် Floyd သေဆုံးသွားခဲ့ရတာပါ။

အဲဒီဖြစ်ရပ်က အမေရိကန်နိုင်ငံတဝန်း Black Lives Matter လို့ခေါ်တဲ့ ဆန္ဒပြပွဲတွေကို အရှိန်မြင့်တက်သွားစေသလို ကမ္ဘာအနှံ့ ပျံ့နှံ့သွားတာလည်း ဖြစ်ပါတယ်။

BLM လှုပ်ရှားမှုက လူမျိုးရေး တရားမျှတမှုကို တောင်းဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီး ဖြစ်လာကြောင်း BLM လှုပ်ရှားမှုကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု အတွက် အဆိုပြုထားသူ နော်ဝေ ဆိုရှယ်လစ်အမတ် Petter Eide က AFP ကို ပြောပါတယ်။

ဒီလှုပ်ရှားမှုက နိုင်ငံပေါင်းစုံကို ပြန့်သွားခဲ့သလို လူမျိုးရေး မမျှမတဖြစ်မှုကို တိုက်ဖျက်ရေး လူတွေ သတိပြုမိလာအောင် အရေးကြီးတဲ့ ဆောင်ရွက်ချက်တခု ဖြစ်လာတယ်လို့လည်း သူက ပြောပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် တခြား သတင်းထွက်နေသူတွေထဲ Wikileaks ကို ထူထောင်သူ Julian Assange နဲ့ အမေရိကန် သမ္မတဟောင်း Donald Trump၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားနေတဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) နဲ့ Svetlana Tikhanovskaya ဦးဆောင်တဲ့ ဘယ်လာရုစ် အတိုက်အခံ ခေါင်းဆောင်တွေ ပါဝင်ပါတယ်။

နိုဘယ်လ်ဆု ဆွတ်ခူးရရှိသူတွေကို အောက်တိုဘာလက စတင်ပြီး ကြေညာမှာ ဖြစ်ပါတယ်။ မနှစ်က နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဆွတ်ခူးရရှိခဲ့ပါတယ်။

XS
SM
MD
LG