သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နီေပါေလယာဥ္ပ်က္က ပ်ံသန္းမႈမွတ္တမ္းတင္ ကိရိယာေတြ ရွာေဖြေတြ႕ရွိ 


နီေပါႏိုင္ငံ၊ Pokhara အရပ္မွာပ်က္က်သြားတဲ့ ခရီးသည္တင္ေလယာဥ္။ (ဇန္နဝါရီ ၁၆၊ ၂၀၂၃)

[[Zawgyi/Unicode]]

နီေပါႏုိင္ငံမွာပ်က္က်သြားတဲ့ ခရီးသည္တင္ေလယာဥ္ရဲ ႔ ပ်ံသန္းမႈ မွတ္တမ္းတင္စက္ black box နဲ႔႔ ေလယာဥ္မွဴးအခန္းထဲက အသံမွတ္တမ္းေတြကို ရွာေဖြေရးအဖဲြ႔ေတြ တနလၤာေန႔က ေတြ႔ရွိခဲ့ပါတယ္။ ေလယာဥ္ပ်က္က်မႈမွာ လူ (၇၀) ထက္မနည္း ေသဆုံးၿပီး နီေပါႏုိင္ငံမွာ ႏွစ္ေပါင္း ၃၀ အတြင္း အဆုိးဆုံးလည္းျဖစ္ခဲ့ပါတယ္။

မွတ္တမ္းတင္စက္ေတြက အခ်က္အလက္ေတြအရ Yeti ေလေၾကာင္းလိုု္င္းပိုင္ ATR 72 အင္ဂ်င္၂ လုံးတပ္ ေလယာဥ္ ပ်က္က်ရတဲ့အေၾကာင္းရင္းကို သိရဖို႔လည္း စုံစမ္းစစ္ေဆးေနသူေတြ ေမွ်ာ္လင့္ေနၾကပါတယ္။ ကမၻာလွည့္ခရီးသည္ေတြၾကား ေရပန္းစားတဲ့ Pokhara ၿမိဳ ႔မွာ ဆင္းသက္ခါနီး မိနစ္ပိုင္းအလို တနဂၤေႏြေန႔က ေလယာဥ္ပ်က္က်သြားတာပါ။ ေလယာဥ္မွဴးဆီက ပုံမွန္မဟုတ္တဲ့အေျခအေနတခုမွ သတင္းပို႔လာတာမ်ိဳးမ႐ွိဘူးလို႔ Kathmandu ေလဆိပ္ေျပာခြင့္ရသူက BBC သတင္းဌာနကိုေျပာပါတယ္။

လူ ၇၂ ေယာက္ လိုက္ပါသြားတဲ့ ေလယာဥ္ပ်က္က်ရာေနရာမွာ တနလၤာေန႔က ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြ ဆက္လုပ္ခဲ့ၿပီး ေနာက္ထပ္ အေလာင္း ၂ ေလာင္းကိုေတြ႕ရတာေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၇၀ ရွိသြားၿပိီလို႔လည္း Reuters သတင္းကေဖာ္ျပပါတယ္။

ေပ်ာက္ဆုံးေနဆဲ ခရီးသည္ ၂ ေယာက္လည္း ေသဆုံးသြားၿပီလို႔ ယူဆေနပါတယ္။ ရွာေဖြေရးအဖြဲ႔ေတြကေတာ့ အဂၤါေန႔ထိ ဆက္ၿပီးရွာေဖြသြားမွာပါ။ ဒီျဖစ္ရပ္ကိုစုံစမ္းဖို႔ နီေပါအစိုးရက စုံစမ္းစစ္ေဆးေရးအဖြဲ႔တခုကို ဖြဲ႔စည္းလိုက္ပါတယ္။ မိနစ္ ၃၀ ၾကာပ်ံသန္းရတဲ့ ၿမိဳ ႔ေတာ္ Kathmandu ကေန Pokhara ခရီးစဥ္အတြင္း ခရီးသည္ ၆၈ ဦးနဲ႔ေလယာဥ္အမႈထမ္း ၄ ဦးလိုက္ပါသြားၾကာင္း နီေပါ အရပ္ဘက္ေလေၾကာင္းပ်ံသန္းေရးအာဏာပုိင္ေတြက ေျပာပါတယ္။ ခရီးသည္ေတြထဲမွာ ႏုိင္ငံျခားသာ ၁၅ ဦးပါဝင္ၿပီး အိႏၵိယ ၅ ဦး ၊ ရုရွား၄ ဦး၊ ေတာင္ကိုရီးယား ၂ ဦးနဲ႔ အာဂ်င္တီးနား၊ ၾသစေၾတးလ်၊ အုိင္ယာလန္နဲ႔ျပင္သစ္နုိင္ငံတို႔ကတဦးစီ လိုက္ပါသြားခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

နီပေါလေယာဉ်ပျက်က ပျံသန်းမှုမှတ်တမ်းတင် ကိရိယာတွေ ရှာဖွေတွေ့ရှိ

နီပေါနိုင်ငံမှာပျက်ကျသွားတဲ့ ခရီးသည်တင်လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင်စက် black box နဲ့ လေယာဉ်မှူးအခန်းထဲက အသံမှတ်တမ်းတွေကို ရှာဖွေရေးအဖွဲ့တွေ တနင်္လာနေ့က တွေ့ရှိခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုမှာ လူ (၇၀) ထက်မနည်း သေဆုံးပြီး နီပေါနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံးလည်းဖြစ်ခဲ့ပါတယ်။

မှတ်တမ်းတင်စက်တွေက အချက်အလက်တွေအရ Yeti လေကြောင်းလိုင်းပိုင် ATR 72 အင်ဂျင်၂ လုံးတပ် လေယာဉ် ပျက်ကျရတဲ့အကြောင်းရင်းကို သိရဖို့လည်း စုံစမ်းစစ်ဆေးနေသူတွေ မျှော်လင့်နေကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့ Pokhara မြို့မှာ ဆင်းသက်ခါနီး မိနစ်ပိုင်းအလို တနင်္ဂနွေနေ့က လေယာဉ်ပျက်ကျသွားတာပါ။ လေယာဉ်မှူးဆီက ပုံမှန်မဟုတ်တဲ့အခြေအနေတခုမှ သတင်းပို့လာတာမျိုးမရှိဘူးလို့ Kathmandu လေဆိပ်ပြောခွင့်ရသူက BBC သတင်းဌာနကိုပြောပါတယ်။

လူ ၇၂ ယောက် လိုက်ပါသွားတဲ့ လေယာဉ်ပျက်ကျရာနေရာမှာ တနင်္လာနေ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ခဲ့ပြီး နောက်ထပ် အလောင်း ၂ လောင်းကိုတွေ့ရတာကြောင့် သေဆုံးသူ စုစုပေါင်း ၇၀ ရှိသွားပြီလို့လည်း Reuters သတင်းကဖော်ပြပါတယ်။

ပျောက်ဆုံးနေဆဲ ခရီးသည် ၂ ယောက်လည်း သေဆုံးသွားပြီလို့ ယူဆနေပါတယ်။ ရှာဖွေရေးအဖွဲ့တွေကတော့ အင်္ဂါနေ့ထိ ဆက်ပြီးရှာဖွေသွားမှာပါ။ ဒီဖြစ်ရပ်ကိုစုံစမ်းဖို့ နီပေါအစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို ဖွဲ့စည်းလိုက်ပါတယ်။ မိနစ် ၃၀ ကြာပျံသန်းရတဲ့ မြို့တော် Kathmandu ကနေ Pokhara ခရီးစဉ်အတွင်း ခရီးသည် ၆၈ ဦးနဲ့လေယာဉ်အမှုထမ်း ၄ ဦးလိုက်ပါသွားကြာင်း နီပေါ အရပ်ဘက်လေကြောင်းပျံသန်းရေးအာဏာပိုင်တွေက ပြောပါတယ်။ ခရီးသည်တွေထဲမှာ နိုင်ငံခြားသာ ၁၅ ဦးပါဝင်ပြီး အိန္ဒိယ ၅ ဦး ၊ ရုရှား၄ ဦး၊ တောင်ကိုရီးယား ၂ ဦးနဲ့ အာဂျင်တီးနား၊ သြစတြေးလျ၊ အိုင်ယာလန်နဲ့ပြင်သစ်နိုင်ငံတို့ကတဦးစီ လိုက်ပါသွားခဲ့ကြပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG