ပ်က္က်သြားတဲ႔ နီေပါေလယာဥ္ ရွာမေတြ့ေသး
{{Zawgyi/Unicode}}
နီေပါႏိုင္ငံမွာ လူ၂၂ ဦးလုိက္ပါလာတဲ့ ခရီးသည္ေလယာဥ္တစင္း မေန႔ တနဂၤေႏြေန႔က ပ်က္က်ခဲ့ၿပီး ကယ္ဆယ္ေရးသမားေတြက ရွာေဖြလို႔မေတြ႔ေသးပါဘူး။ ၿမိဳ႕ေတာ္ Kathmandu ရဲ႕ အေရွ႕ဖက္ ၁၂၅ မိုင္အကြာမွာရွိတဲ့ Pokhara ေတာင္ေပၚ အပန္းေျဖၿမိဳ႕ ကေန Jomsom ၿမိဳ႕ကို ပ်ံသန္းသြားတဲ့ Twin Otter ပန္ကာတပ္ ေလယာဥ္ဟာ ဆင္းသက္ခါနီးမွာ ေလေၾကာင္းထိန္းသိမ္းေရး ေမွ်ာ္စင္နဲ႔ အဆက္သြယ္ျပတ္ေတာက္ခဲ့ပါတယ္။
အဲဒီေနာက္ စစ္တပ္ပိုင္ ရဟတ္ယာဥ္တစင္း နဲ႔ ပုဂၢဳိလိက ရဟတ္ယာဥ္ေတြ ပါဝင္ၿပီး ရွာေဖြကယ္ဆယ္ေရးေတြလုပ္ေဆာင္ခဲ့ၾကတယ္လို႔ နီေပါေလေၾကာင္းဌာနက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ ဒါေပမယ့္လည္း ရာသီဥတုဆိုးဝါးမႈေၾကာင့္ ေတာင္တန္းေတြအတြင္းမွာ ျမင္ကြင္းမရွင္းလင္းတဲ့အတြက္ ပ်က္က်သြားတဲ့ေနရာကို ရွာေဖြမေတြ႔ေသးပါဘူး။
အဲဒီေလယာဥ္နဲ႔ အတူ ဂ်ာမန္ခရီးသည္ ၂ဦး အပါအဝင္ ႏိုင္ငံျခားသား ၆ ဦးလိုက္ပါလာၿပီး စုစုေပါင္း ခရီးသည္ ၁၉ ဦး၊ ေလယာဥ္အမႈထမ္း ၃ ဦးပါဝင္ပါတယ္။
.................................................
ပျက်ကျသွားတဲ့ နီပေါလေယာဉ် ရှာမတွေ့သေး
{{Zawgyi/Unicode}}
နီပေါနိုင်ငံမှာ လူ၂၂ ဦးလိုက်ပါလာတဲ့ ခရီးသည်လေယာဉ်တစင်း မနေ့ တနင်္ဂနွေနေ့က ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ရှာဖွေလို့မတွေ့သေးပါဘူး။ မြို့တော် Kathmandu ရဲ့ အရှေ့ဖက် ၁၂၅ မိုင်အကွာမှာရှိတဲ့ Pokhara တောင်ပေါ် အပန်းဖြေမြို့ ကနေ Jomsom မြို့ကို ပျံသန်းသွားတဲ့ Twin Otter ပန်ကာတပ် လေယာဉ်ဟာ ဆင်းသက်ခါနီးမှာ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နဲ့ အဆက်သွယ်ပြတ်တောက်ခဲ့ပါတယ်။
အဲဒီနောက် စစ်တပ်ပိုင် ရဟတ်ယာဉ်တစင်း နဲ့ ပုဂ္ဂိုလိက ရဟတ်ယာဉ်တွေ ပါဝင်ပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်ခဲ့ကြတယ်လို့ နီပေါလေကြောင်းဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း ရာသီဥတုဆိုးဝါးမှုကြောင့် တောင်တန်းတွေအတွင်းမှာ မြင်ကွင်းမရှင်းလင်းတဲ့အတွက် ပျက်ကျသွားတဲ့နေရာကို ရှာဖွေမတွေ့သေးပါဘူး။
အဲဒီလေယာဉ်နဲ့ အတူ ဂျာမန်ခရီးသည် ၂ဦး အပါအဝင် နိုင်ငံခြားသား ၆ ဦးလိုက်ပါလာပြီး စုစုပေါင်း ခရီးသည် ၁၉ ဦး၊ လေယာဉ်အမှုထမ်း ၃ ဦးပါဝင်ပါတယ်။