သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါလ်နိုင်ငံ မြေပြိုမှု ၁၂ ဦးထက်မနည်း သေဆုံး


နီပေါလ်မှာ မိုးကြီး မြေပြိုပြီးနောက် မြင်ကွင်း။
နီပေါလ်မှာ မိုးကြီး မြေပြိုပြီးနောက် မြင်ကွင်း။

(Zawgyi / Unicode)

နီပေါလ်နိုင်ငံက ကျေးရွာနှစ်ခုမှာ တနင်္ဂနွေနေ့က မုတ်သုံမိုး အပြင်းအထန်ရွာပြီး မြေပြိုတာတွေ ဖြစ်ခဲ့လို့ သေဆုံးသူ ၁၂ ဦးထက်မနည်း ရှိခဲ့တယ်လို့ နီပေါလ်အစိုးရ အရာရှိတဦးက ပြောပါတယ်။

မြို့တော် Kathmandu အရှေ့ပိုင်း ၆၂ မိုင်အကွာ Barahbise ရွာမှာ မိုးကြီးပြီး မြေပြိုကျလာတာကြောင့် အိမ်တွေနဲ့ လူတွေ မျောပါသွားခဲ့ပြီး အဲ့ဒီရွာမှာတင် သေဆုံးသူ ၁၀ ဦးနဲ့ ပျောက်ဆုံးနေသူ ၂၁ ဦး ရှိတယ်လို့ အစိုးရအရာရှိ Murari Wasti က ပြောပါတယ်။ အခုဖြစ်ခဲ့တဲ့ဒေသဟာ တရုတ်နိုင်ငံ တိဘက်ဒေသနဲ့ နယ်စပ်အနီးမှာ ရှိပါတယ်။

အလားတူ နိုင်ငံအနောက်မြောက်ပိုင်း Baglun ရွာမှာလည်း မိုးကြီး မြေပြိုတာကြောင့် နောက်ထပ် ၂ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အခုဖြစ်ခဲ့တဲ့ နေရာနှစ်ခုစလုံးမှာ မနက်အရုဏ်တက်ချိန်မတိုင်ခင် မထင်မှတ်ဘဲ မြေပြိုကျခဲ့တာဖြစ်လို့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်နိုင်တဲ့ အခြေအနေ မရှိခဲ့ဘူးလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့လည်း အစိုးရ အရာရှိ Wasti က ပြောပါတယ်။

အခုနောက်ဆုံး သေဆုံးရသူတွေ အပါအဝင် နီပေါနိုင်ငံမှာ ဇွန်ကနေ စက်တင်ဘာလတွင်း မုတ်သုံရာသီ မိုးကြီးပြီး မြေပြိုတာတွေကြောင့် သေဆုံးရသူ စုစုပေါင်း ၃၁၄ ဦးရှိသွားပြီး ပျောက်ဆုံးသူ ၁၁၁ ဦးထက်မနည်းနဲ့ ဒဏ်ရာရသူ ၁၆၀ ရှိတဲ့အကြောင်းလည်း Wasti က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)







XS
SM
MD
LG