သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ပါလက်စတိုင်းနိုင်ငံဖြစ်ပေါ်ရေးမရှိဘဲ အစ္စရေးလုံခြုံရေးမရနိုင်” ကန်နိုင်ငံခြားရေးဝန်ကြီး


ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့မှာကျင်းပနေတဲ့ ၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွါးရေးဖိုရမ်တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်။ (ဇန်နဝါရီ ၁၇၊ ၂၀၂၄)
ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့မှာကျင်းပနေတဲ့ ၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွါးရေးဖိုရမ်တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်။ (ဇန်နဝါရီ ၁၇၊ ၂၀၂၄)

'ပါလက်စတိုင်းနိုင်ငံ' ဆိုပြီး သတ်သတ်မှတ်မှတ်မရှိသရွေ့ အစ္စရေးအနေနဲ့ “စစ်မှန်တဲ့လုံခြုံရေး” ကို မရရှိနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။ ဒီလို လုပ်နိုင်ခဲ့ရင် ဒေသတွင်းမှာ ပိုပြီး စည်းလုံးညီညွတ်စေပြီး အစ္စရေးရဲ့ထိပ်တန်းပြိုင်ဘက် အီရန်ကိုလည်း တပါတည်း အထီးကျန်ဖြစ်စေနိုင်မှာဖြစ်ကြောင်း ဘလင်ကန်က ဆွဇ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့နှစ်ပတ်လည်အစည်းအဝေးမှာ ပြောခဲ့တာပါ။

“ဒီလို အရောက်သွားနိုင်ဖို့မှာ ပြဿနာက အရမ်းခက်ခဲပြီး စိန်ခေါ်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ လိုအပ်တယ်။ ဒီ့အတွက် မတူတဲ့အမြင်တွေကို လက်ခံကြိုဆိုတတ်တဲ့ စိတ်အခံရှိဖို့လိုအပ်တယ်” လို့ ဘလင်ကန်က ပြောပါတယ်။ အာရပ်နဲ့ မွတ်ဆလင်ကမ္ဘာက ခေါင်းဆောင်တွေရဲ့ အစ္စရေးအပေါ်အမြင်က ပြောင်းလဲခဲ့ပြီးဖြစ်လို့ ပါလက်စတိုင်းနိုင်ငံထူထောင်နိုင်မှသာ ဒေသတွင်းမှာ အစ္စရေးအနေနဲ့ ပိုပြီး ပေါင်းစည်းနိုင်ဖို့ အထောက်အကူဖြစ်စေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါဗို့စ်အစည်းအဝေးတက်ရောက်နေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက စစ်ဆင်ရေးတွေမရပ်ဘူးဆိုရင် ဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့သတိပေးပါတယ်။

"အခု ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျနော်တို့ မျက်မြင်တွေ့နေရပါတယ်။ ဒါကြောင့် စစ်ပွဲတွေက ရေရှည် ဆက်ဖြစ်နေမယ့် သဘောရှိနေတယ်။” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အမီအဗ္ဗဒူလာဟင် (Amirabdollahian) က သီးခြား အမေးအဖြေကဏ္ဍမှာ ပြောပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒါဗို့စ်မှာ ဘလင်ကန်နဲ့တော့ တွေ့ဆုံခြင်းမရှိပါဘူး။ ဒါဗို့စ်ဖိုရမ် ဒုတိယနေ့မှာ ပြင်သစ်၊ အာဂျင်တီးနားနဲ့စပိန်နိုင်ငံတွေက ခေါင်းဆောင်တွေလည်း မိန့်ခွန်းပြောခဲ့ကြပါတယ်။

၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၁၉ ရက် နေ့အထိ ဆွစ်ဇာလန်နိုင်ငံ အဲ့လ်ပ်တောင်ပေါ်အပမ်းဖြေမြို့မှာကျင်းပနေပြီး နိုင်ငံ့အကြီးအကဲတွေ၊ စီးပွားလုပ်ငန်းကော်ပိုရိတ်ကြီးတွေက အမှုဆောင်အရာရှိတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ တက်ရောက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG