သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအလယ်ပိုင်းကို နိုင်ငံခြားရေး Blinken ခရီးထွက်နေ 


ပူးတွဲသတင်းစာရှင်းလင်းပွဲအပြီး နှုတ်ဆက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ)နဲ့ ကာဇက်စတန် နိုင်ငံခြားရေးဝန်ကြီး Mukhtar Tileuberdi (ယာ) (ဖေော်ဝါရီ ၂၈၊ ၂၀၂၃)
ပူးတွဲသတင်းစာရှင်းလင်းပွဲအပြီး နှုတ်ဆက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ)နဲ့ ကာဇက်စတန် နိုင်ငံခြားရေးဝန်ကြီး Mukhtar Tileuberdi (ယာ) (ဖေော်ဝါရီ ၂၈၊ ၂၀၂၃)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာရှအလယ်ပိုင်းနိုင်ငံတွေက ထိပ်တန်းသံတမန်တွေကို ဆက်တိုက်တွေ့ဆုံဖို့ ကာဇက်စတန်ကို ဒီကနေ့ ရောက်ရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ ကာဇက်နိုင်ငံခြားရေးဝန်ကြီး Mukhtar Tileuberdi, သမ္မတ Kassym-Jomart Tokayev တို့နဲ့တေ့ွဆုံဖို့ရှိပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဝင်တိုက်တာ တနှစ်တိတိ ပြည့်အပြီး ရက်ပိုင်းအကြာမှာ ဝန်ကြီး Blinken အာရှအလယ်ပိုင်းကို သွားရောက်နေတာပါ။ အာရှတိုက်အလယ်ပိုင်း တိုင်းပြည်တွေ ရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာပိုင်စိုးရေးနဲ့ နယ်မြေ စိုးမိုးရေး ကို အမေရိကန်က ကတိကဝတ်ထား လေးစားကြောင်း နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောဆိုလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒီသီတင်းပတ် နှောင်းပိုင်းကျရင်တော့ Uzbek နိုင်ငံ မြို့တော် Tashkent ကိုရောက်ရှိမှာဖြစ်ပါတယ်။

ဝန်ကြီးဘလင်ကန်ခရီးစဉ် အပြီးမှာ ယခင်ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါခဲ့ကြတဲ့ Kazakhstan, Kyrgyzstan, Tajikistan, Turkmenistan နဲ့ Uzbekistan နိုင်ငံတွေပါဝင်တဲ့ C 5 + 1 အစည်းအဝေးတစ်ရပ်ကိုလည်း ကျင်းပလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

အာရှအလယ်ပိုင်း ငါးနိုင်ငံဟာ အစဉ်အလာအားဖြင့် ရုရှားအစိုးရ သြဇာလွှမ်းမိုးထားတဲ့ ဒေသတွေကို ရှုမြင်ထားကြပါတယ်။ ဒီနိုင်ငံတွေက ယူကရိန်းကို စစ်ဝင်တိုက်တဲ့ ရုရှားကို လူသိရှင်ကြား ထောက်ခံထားကြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ် မှာ ကုလသမဂ္ဂအထွေထွေညီလာခံက ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာလည်း မဲမပေးပဲ နေခဲ့ကြပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုဟာ သူတို့အတွက် ခြိမ်းခြောက်မှု ဖြစ်တယ်ဆိုတာ ဝန်ကြီး Blinken ရဲ့ အာရှအလယ်ပိုင်းခရီးစဉ်အတွင်း ဒီနိုင်ငံတွေ ကို နားချစည်းရုံးနိုင်လိမ့်မယ်လို့ အမေရိကန်ဘက်က မျှော်လင့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]







XS
SM
MD
LG