သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနဲ့ ဆေးနွေးပွဲအကြို ကန်ဝန်ကြီး Blinken အင်ဒိုဝန်ကြီးနဲ့ တေ့ွ


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး။ (ဓာတ်ပုံ -AP Photo/Jose Luis Magana, pool)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး။ (ဓာတ်ပုံ -AP Photo/Jose Luis Magana, pool)

(Zawgyi/ Unicode)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi တို့ အမေရိကန် နိုင်ငံခြားရေး ဌာနမှာ အင်္ဂါနေ့က တွေ့ဆုံပြီး ြမ်မာ့ အရေး အပါအဝင် ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြပါတယ်။

အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN ရဲ့ ဝန်ကြီးများ ဆွေးနွေးပွဲကို အခု သီတင်းပတ်မှာ အွန်လိုင်းကနေ တက်ရောက်မယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က မြန်မာ စစ်ခေါင်းဆောင်တွေ တာဝန်ယူမှုရှိစေရေး၊ နောက် မြန်မာနိုင်ငံ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် ပြန်လည် ကျင့်သုံးရေး၊ ဖမ်းထားသူ အားလုံး ပြန်လွှတ်ပေးရေးနဲ့ စစ်တပ်ဘက်က အကြမ်းဖက်နေတာတွေ ရပ်တန့်ရေး တွန်းအားပေး ဆောင်ရွက်မယ့် ကိုယ်စားလှယ် တဦး ရွေးချယ်ရေးတို့ အတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကို တိုက်တွန်းမယ့် အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန အကြီးတန်း တာဝန်ရှိသူ ၂ ဦးက ပြောဆိုထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံကို Covid-19 ကာကွယ်ဆေး အလုံးရေ ၈ သန်းကို အမေရိကန်က ပေးအပ်ထားပြီး ဖြစ်ကြောင်းလည်း ဝန်ကြီး Blinken က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်နဲ့ ကုထုံးပိုင်းဆိုင်ရာမှာပါ အမေရိကန်က အင်ဒိုနီးရှားကို ကူညီထားကြောင်းလည်း ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က Covid-19 ကြောင့် လူပေါင်း ၂၀၆၉ ဦး သေဆုံးခဲ့ရပြီး တရက်တည်းနဲ့ သေဆုံးမှု အများဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ Covid-19 ကြောင့် သေဆုံးရမှုလည်း ဆက်ပြီး မြင့်တက်နေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)






XS
SM
MD
LG