သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ေဒသတြင္းအေရး အာဆီယံႏိုင္ငံေတြနဲ႔ ကန္ႏိုင္ငံျခားေရး၀န္ႀကီး အြန္လိုင္းေဆြးေႏြးမည္


(Zawgyi/Unicode)
အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Antony Blinken ဟာ အေရွ႕ေတာင္ အာရွ ႏိုင္ငံေတြက တာဝန္ရွိသူေတြနဲ႔ ျမန္မာ့အေရး အပါအဝင္ ေဒသတြင္း ကိစၥေတြကို လာမယ့္ သီတင္းပတ္ တခုလုံး အြန္လိုင္းကေန ေတြ႕ဆုံ ေဆြးေႏြးမယ့္ အေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဌာန အႀကီးတန္ တာဝန္ရွိသူ တဦးက စေနေန႔မွာ ေျပာပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Blinken တက္မယ့္ အြန္လိုင္း အစည္းအေဝးေတြ အတြင္းမွာ ျမန္မာ စစ္တပ္ရဲ႕ ကိုယ္စားလွယ္ေတြလည္း ပါဝင္လာမွာ ျဖစ္ေပမယ့္လည္း စစ္ေကာင္စီရဲ႕ တာဝန္ရွိသူေတြကို အသိအမွတ္ျပဳတာထက္ စစ္ေကာင္စီကို သတင္းစကားေပးဖို႔ အခြင့္အလမ္း တခု ျဖစ္တယ္လို႔လည္း အေမရိကန္ ႏိုင္ငံျခားေရး ဌာန တာဝန္ရွိသူကို ကိုးကားၿပီး Reuters သတင္းက ေဖာ္ျပခဲ့တာပါ။

ျမန္မာ စစ္ဗိုလ္ခ်ဳပ္ တစုရဲ႕ ဆိုး႐ြားတဲ့ လုပ္ရပ္ေၾကာင့္ေတာ့ အာဆီယံကို အေမရိကန္က စြန႔္ခြာမွာ မဟုတ္ဘူးလို႔လည္း အဲဒီ အရာရွိက ေျပာပါတယ္။ စစ္ေကာင္စီကို ဆန႔္က်င္တဲ့ NUG အမ်ိဳးသား ညီၫြတ္ေရး အစိုးရနဲ႔ အေမရိကန္ အစိုးရ တာဝန္ရွိသူေတြ ထိေတြ႕ဆက္ဆံမႈ ရွိေၾကာင္းလည္း ထပ္ေလာင္း ေျပာပါတယ္။

လာမယ့္ သီတင္းပတ္ အတြင္း ၅ ရက္ဆက္တိုက္ အြန္လိုင္းကေန အစည္းအေဝး တက္မယ့္ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Blinken က တျခားႏိုင္ငံေတြနဲ႔ အာဆီယံ ႏိုင္ငံေတြရဲ႕ ႏွစ္ပတ္လည္ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝးကို တက္ေရာက္မွာ ျဖစ္သလို ျမန္မာ၊ ကေမ ၻာဒီးယား၊ လာအို၊ ဗီယက္နမ္နဲ႔ ထိုင္းႏိုင္ငံတို႔ ပါတဲ့ မဲေခါင္ျမစ္ ေအာက္ပိုင္း ႏိုင္ငံမ်ား သီးျခား စည္းေဝးပြဲကိုလည္း တက္ေရာက္မွာ ျဖစ္ပါတယ္။

အေရွ႕ေတာင္ အာရွ ေဒသ အေရး အေမရိကန္ရဲ႕ ခိုင္မာမႈကို ထင္ထင္ရွားရွား ျပသမႈ ျဖစ္ပါတယ္လို႔ အမည္မေဖာ္တဲ့ ႏိုင္ငံျခားေရး ဌာန အႀကီးတန္း တာဝန္ရွိသူက Reuters သတင္းေအဂ်င္စီကို ေျပာပါတယ္။ တခ်ိန္တည္းမွာဘဲ အေမရိကန္ အစိုးရက အေရွ႕ေတာင္ အာရွ ႏိုင္ငံေတြကို လာမယ့္ သီတင္းပတ္ အလယ္ပိုင္းေလာက္မွာ Covid-19 ကာကြယ္ေဆး အလုံးေရ ၂၃ သန္း လႉဒါန္းဖို႔ ရွိေနတဲ့ အထဲမွာ စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံ မပါဝင္ပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာနဲ့ဒေသတွင်းအရေး အာဆီယံနိုင်ငံတွေနဲ့ ကန်နိုင်ငံခြားရေးဝန်ကြီး အွန်လိုင်းဆွေးနွေးမည်


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ဟာ အရှေ့တောင် အာရှ နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေး အပါအဝင် ဒေသတွင်း ကိစ္စတွေကို လာမယ့် သီတင်းပတ် တခုလုံး အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးမယ့် အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန အကြီးတန် တာဝန်ရှိသူ တဦးက စနေနေ့မှာ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken တက်မယ့် အွန်လိုင်း အစည်းအဝေးတွေ အတွင်းမှာ မြန်မာ စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်လာမှာ ဖြစ်ပေမယ့်လည်း စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေကို အသိအမှတ်ပြုတာထက် စစ်ကောင်စီကို သတင်းစကားပေးဖို့ အခွင့်အလမ်း တခု ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။

မြန်မာ စစ်ဗိုလ်ချုပ် တစုရဲ့ ဆိုးရွားတဲ့ လုပ်ရပ်ကြောင့်တော့ အာဆီယံကို အမေရိကန်က စွန့်ခွာမှာ မဟုတ်ဘူးလို့လည်း အဲဒီ အရာရှိက ပြောပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ NUG အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေ ထိတွေ့ဆက်ဆံမှု ရှိကြောင်းလည်း ထပ်လောင်း ပြောပါတယ်။

လာမယ့် သီတင်းပတ် အတွင်း ၅ ရက်ဆက်တိုက် အွန်လိုင်းကနေ အစည်းအဝေး တက်မယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က တခြားနိုင်ငံတွေနဲ့ အာဆီယံ နိုင်ငံတွေရဲ့ နှစ်ပတ်လည် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်သလို မြန်မာ၊ ကမေ ္ဘာဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ ပါတဲ့ မဲခေါင်မြစ် အောက်ပိုင်း နိုင်ငံများ သီးခြား စည်းဝေးပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

အရှေ့တောင် အာရှ ဒေသ အရေး အမေရိကန်ရဲ့ ခိုင်မာမှုကို ထင်ထင်ရှားရှား ပြသမှု ဖြစ်ပါတယ်လို့ အမည်မဖော်တဲ့ နိုင်ငံခြားရေး ဌာန အကြီးတန်း တာဝန်ရှိသူက Reuters သတင်းအေဂျင်စီကို ပြောပါတယ်။ တချိန်တည်းမှာဘဲ အမေရိကန် အစိုးရက အရှေ့တောင် အာရှ နိုင်ငံတွေကို လာမယ့် သီတင်းပတ် အလယ်ပိုင်းလောက်မှာ Covid-19 ကာကွယ်ဆေး အလုံးရေ ၂၃ သန်း လှူဒါန်းဖို့ ရှိနေတဲ့ အထဲမှာ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံ မပါဝင်ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG