သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်မှု ၃၀ နီးပါးသေဆုံး


လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်မှု ၃၀ နီးပါးသေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်မှု ၃၀ နီးပါးသေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ်ရှိရာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ တနင်္လာနေ့ည ၁၁ နာရီကျော်က တိုက်ခိုက်မှုဖြစ်ပွားပြီး ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၃၀ နီးပါး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်တာလို့ KIO က ပြောဆိုပြီး စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ KIO အကြား လိုင်ဇာဒေသ နမ့်ဆန်ယန်မှာ ၃လကျော် စစ်ရေးတင်းမာနေချိန် ဒီလ ၉ရက်နေ့ညက လိုင်ဇာမြို့ ၂မိုင်ခန့်သာကွာဝေးတဲ့ မုန်လိုင်ခက်ကျေးရွာ မှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီး အများအပြား ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီက ပစ်ခတ်တာဖြစ်ကြောင်းနဲ့ ပစ်ခတ်တဲ့ လက်နက်အမျိုးအစားကို စစ်ဆေးနေဆဲဖြစ်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ အမြောက်နဲ့လည်း ပစ်ပါတယ်။ သူတို့ကတော့။ ဒီ ဗုံးကြီး ကျတဲ့နောက်မှာလည်း သုံး- လေးခါ အမြှောက်နဲ့လည်း ပစ်ပါတယ်။ အ‌မြောက်ဆိုတာကတော့ ၁၂၀ မမ လို့ ယူဆတယ်ပေါ့နော်။ အဲဒါနဲ့လည်း ပစ်ပါတယ်။ ဒါပေမဲ့ ဗုံးကြီးကိုတော့ လေကြောင်းနဲ့ ပစ်တဲ့ပုံစံဖြစ်ပါတယ်။ မဟုတ်ရင်လည်း ဒရုန်းနဲ့ပစ်တဲ့ ပုံစံမျိုးတွေ။ ဒါမှ မဟုတ်ရင်တော့ ဟို အဝေးပစ်တဲ့ ရော့ကက်တွေပေါ့နော်။ Cruise တို့နဲ့ ပစ်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ အဲဒါကိုတော့ ကျနော်တို့ တိတိကျကျ ပြောလို့ မရဘူး။ စစ်ဆေးရေးအဖွဲ့တွေကိုတော့ စစ်ဆေးထားတာတော့ရှိပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်တွေကိုတော့ အခုထက်ထိကတော့ ကျနော်တို့ သတင်းဌာနအဖွဲ့မှာ မရသေးဘူးဖြစ်နေတာ။”

This image contains sensitive content which some people may find offensive or disturbing.
လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်မှု ၃၀ နီးပါးသေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်မှု ၃၀ နီးပါးသေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
This image contains sensitive content which some people may find offensive or disturbing - Click to reveal
လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်မှု ၃၀ နီးပါးသေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)

ဒီပစ်ခတ်တိုက်ခိုက်မှုမှာ ၁၆နှစ်အောက် ကလေး ၁၁ ယောက်အပါအဝင် သေဆုံးသူ ၂၉ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူက ၅၇ ဦးရှိကြောင်း နဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းမှာရှိတဲ့ နေအိမ်အားလုံးနီးပါး ပျက်ဆီးခဲ့ရတယ် လို့လည်းပြောပါတယ်။

“ အခုနောက်ဆုံးကတော့ သေတဲ့လူဦးရေကတော့ ၂၉ဦးရှိပါတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ ၅၇ ဦး ရှိပါတယ်ခင်ဗျ။ ၁၆နှစ်အောက် ကလေးကတော့ ၁၁ ယောက်ပါပါတယ်ခင်ဗျ။ အဲဒီမုန်လိုင်ခက်ကတော့ အရင်က ရွာလည်းဖြစ်ပါတယ်။ နောက် စစ်ရှောင်တွေ ပြန်နေထိုင်တဲ့ စစ်ရှောင်စခန်းလည်း ဖြစ်ပါတယ်။ အခု ကျတာကတော့ စစ်ရှောင်စခန်း အလယ်လောက်မှာ ဖြစ်ပါတယ်။ အဲဒီမှာရှိတဲ့ အိမ်တွေအကုန်လုံးကတော့ ပျက်စီးကုန်တာ ဖြစ်ပါတယ်။ ”

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ တိုက်ခိုက်တာမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

“လိုင်ဇာသတင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့က နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အမြဲတမ်းထိန်းသိမ်း ဆောင်ရွက်လျှက် ရှိပါတယ်။ ဒီလိုနယ်စပ်ဒေသနဲ့ နီးတဲ့နေရာမှာ ညသန်းခေါင်အချိန်လောက်ကြီးမှာ ဗုံးကြဲတိုက်ခိုက်တယ်တို့၊ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်တို့ ဆိုတာ ဖြစ်နိုင်မလားဆိုတာ စဉ်းစားစေချင်ပါတယ်။ ကျွန်တော်တို့ ပြောခဲ့ပြီးဖြစ်တယ်။ တပ်မတော်အနေနဲ့ ကတော့ မည်သည့်ဌာနချုပ်မဆို လက်နက်ကိုင်သောင်းကျန်းနေတဲ့ မည်သည့်ဌာနချုပ်ကိုမဆို ကျွန်တော်တို့ ပစ်ခတ်နိုင်တယ်။ တိုက်ခိုက်နိုင်ပါတယ်။ သို့သော် ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့ဘူးဆိုတာကို ပြောပြီး ဖြစ်ပါတယ်။”

KIO ဘက်က လေယာဉ်နဲ့ ပစ်ခတ်တယ်။ လက်နက်ကြီး ပစ်ခတ်တယ်ဆို အမျိုးမျိုးပြောဆိုနေတယ်လို့ ထောက်ပြပြီး ဒါဟာ KIO လက်နက်တိုက် ပေါက်ကွဲတာလည်း ဖြစ်နိုင်ကြောင်း ဆက်လက် ပြောဆိုထား ပါတယ်။

“ကျွန်တော်အတိအကျပြောနိုင်တာ တခုကတော့ အခုပေါက်ကွဲမှုဖြစ်တဲ့နေရာသည် KIA အနေနဲ့ UAV တွေ၊ မောင်းသူမဲ့လေယာဉ်တွေ သုံးပြီးတော့ တပ်မတော်စခန်းတွေကို Drop Bomb လာချတဲ့နေရာ၊ စစ်ကြောင်းတွေ အပေါ်မှာ Drop Bomb လာချတဲ့ နေရာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့။ ဒီမှာပေါက်ကွဲမှုတခု ဖြစ်ခဲ့တယ်၊ ဒီပေါက်ကွဲမှုသည် ဘာကြောင့်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ယခင်တုန်းကလည်း လိုင်ဇာအနီးမှာ KIA ရဲ့လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခု ပေါက်ကွဲခဲ့ဖူးပါတယ်။ သူတိုအနေနဲ့ သတင်း ဖုံးကွယ် ပြီး လုပ်ခဲ့တာမျိုးရှိတယ်။ အခုလည်း Drop Bomb တွေ သိုလှောင်တဲ့နေရာ ပေါက်ကွဲတာ ဖြစ်နိုင် ကြောင်း ကျွန်တော်တို့သုံးသပ်ပါတယ်။ မြေပြင်သတင်းတော့ ကျနော်တို့ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။”
KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီဘက်က ပစ်ခတ်တာလို့ အခိုင်အမာပြောဆိုပြီး တိုက်ခိုက်မှုဖြစ်တဲ့နေရာမှာ လက်နက်သိုလှောင်တာ မရှိဘူးလို့ ပြောပါတယ်။

“ သူတို့ ပစ်တာ မဟုတ်ဘူး ဆိုတာကတော့ လုံး၀ မှန်ကန်မှုမရှိဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဗုံးကြီး ကျတဲ့နောက်ပိုင်းလည်း သူတို့ရဲ့ ဒီ အမြောက်ဆံတွေ ဆက်ပြီးမှ ကျနေတုံးပဲဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ကျနော်တို့ရဲ့ လက်နက်တွေ ထားတဲ့နေရာလည်း မရှိပါဘူး။ အခုဗုံးကြီးကျတဲ့ နေရာဟာလည်း ကျနော်တို့ ပြည်သူလူထုတွေ ရှိတဲ့ ရွာ၊ စစ်ရှောင်စခန်းရဲ့ အလယ်မှာ ဘောလုံးကွင်းပုံစံ မြေပြန့်မြေပြင်လည်း ဖြစ်ပါတယ်။ လမ်းမဘေးမှာပေါ့နော်။ ဘာမှ အဆောက်အဦးလည်း မရှိတဲ့နေရာမှာ ကျတာဖြစ်ပါတယ်။ အဲဒီကနေ ပတ်ဝန်းကျင်အကုန်လုံး ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။”

လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၃ ရက် နေ့ညမှာလည်း ဖားကန့်မြို့နယ် အနန့်ပါရွာမှာ ကျင်းပတဲ့ KIA တည်ထောင်တဲ့ နှစ်ပတ်လည် အခမ်းအနားကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့ဖူးပါတယ်။ ဒီတိုက်ခိုက်မှုမှာ KIA အရာရှိ၊ စစ်သည်အပါအဝင် လုပ်ငန်းရှင်နဲ့ ပြည်သူ စုစုပေါင်း ၆၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ဖူးပါတယ်။

ဒီလ ၁၅ရက်နေ့မှာတော့ NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုတာ ၈နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ စစ်ကောင်စီက ဒီအခမ်းအနားကို တက်ရောက်ဖို့အတွက် KIO ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပါတယ်။ ဒါပေမဲ့ KIO ဗဟိုကော်မတီဘက်ကတော့ တစုံတရာ အကြောင်း ပြန်ကြားတာ မရှိပါဘူး။ KIO ဟာ NCA စာချုပ် ဖြစ်မြောက်ရေးအတွက် အစဉ်တစိုက် ပါဝင်ဆွေးနွေးခဲ့ပေမဲ့ NCA ကို လက်မှတ် ရေးထိုးတာ မရှိ တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေဟာ ဇူလိုင်လဆန်းက စတင်ပြီး လိုင်ဇာဒေသအနီး နမ်ဆန်ယန်ရွာဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို နှစ်ဘက် စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG