သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘရာဇီလ္းရဲ႕ ေကာ္ဖီ ေစ်းကြက္ ဖြံ႔ၿဖိဳးမႈ 


(Zawgyi/ Unicode)

ဘရာဇီလ္း ႏိုင္ငံရဲ႕ ေကာ္ဖီ ထုတ္လုပ္မႈ အမ်ားစုက ျပည္ပ တင္ပို႔မႈ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အထူးထုတ္ ေကာ္ဖီ တံဆိပ္သစ္ေတြနဲ႔ ျပည္တြင္း ေစ်းကြက္ကလည္း ႀကီးထြားလာေနပါတယ္။ Rio de Janeiro မွာ က်င္းပေနတဲ႔ ေကာ္ဖီ ပြဲေတာ္က အရည္အေသြးျမင့္ ေကာ္ဖီေစ႔ေတြဟာ ဆိုရင္ ျပပြဲလာသူေတြၾကားမွာ ေရပန္းစားေနပါတယ္။ AP သတင္းေဆာင္းပါးကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

ဘရာဇီလ္း ႏိုင္ငံဟာ ကမ ၻာေပၚမွာ ေကာ္ဖီ ထုတ္လုပ္မႈ အမ်ားဆံုး ႏိုင္ငံ ျဖစ္ပါတယ္။ ႏိုင္ငံတြင္းမွာ အရြယ္အစားစံု ေကာ္ဖီ စိုက္ကြင္းေပါင္း ၂ သိန္းေလာက္ ရွိပါတယ္။ ဒီထဲက တခုကေတာ့ Goiabal ျဖစ္ၿပီး Rio de Janeiro ရဲ႕ အေရွ႕ေျမာက္ပိုင္း ၉၃ မိုင္ အကြာက Bom Jardim မွာ ရွိတဲ႔ ေကာ္ဖီ စိုက္ကြင္း ျဖစ္ပါတယ္။ ေကာ္ဖီ ဆြတ္ခူးတဲ႔ ရာသီကလည္း ကုန္ဆံုးလု ျဖစ္ေနပါၿပီ။ ေကာ္ဖီသီးေတြကို လႈပ္ခါခ်ၿပီး ခူးဆြတ္တဲ႔ စက္ေတြနဲ႔ အလုပ္လုပ္ၾကပါတယ္။ ၿပီးရင္ အရြက္ေတြနဲ႔ အ႐ိုးေတြကို တခါတည္း ရွင္းပါတယ္။ ပင္မေဆာင္ အေရာက္မွာေတာ့ ခူးဆြတ္ထားတဲ႔ ေကာ္ဖီေစ႔ေတြထဲက အထူးတန္း၀င္ ေကာ္ဖီ အတြက္ သီးသန္႔ လုပ္ပါတယ္။ လက္နဲ႔ေရြးၿပီး အစိမ္းေရာင္ ေကာ္ဖီေစ႔ အားလံုးကို ဖယ္ရွားပါတယ္။ Eleonora Erthal က ေကာ္ဖီစိုက္ လယ္သမား တဦး ျဖစ္ပါတယ္။

“ ေကာ္ဖီေစ႔ အစိမ္းေတြအားလံုးကို ဖယ္ရွားတဲ႔ အမ်ိဳးသမီးေတြ ရွိတဲ႔ ဒီေနရာကို ယူလာရပါတယ္။ ေကာင္းေကာင္းမွည့္တဲ႔ ေကာ္ဖီေတြကိုဘဲ ခ်ိန္ပါတယ္။ ”

Erthal နဲ႔ သူမရဲ႕ ခင္ပြန္း ျဖစ္သူတို႔က ၂၀၁၆ ခုႏွစ္ ကတည္းက အထူး ေကာ္ဖီ ထုတ္လုပ္ေနၾကတာ ျဖစ္ပါတယ္။ ေကာ္ဖီေစ႔ေတြ အခ်ိဳဓာတ္ ပိုလာေစဖို႔ အတြက္ သူတို႔က သတၱဳအိုးႀကီးေတြကို သံုးၿပီး အခ်ဥ္ေဖာက္ၾကပါတယ္။ ၿပီးရင္ ေကာ္ဖီေစ႔ေတြကို အရိပ္မွာ အေျခာက္ခံပါတယ္။ ေကာ္ဖီစိုက္ ေတာင္သူ Erthal က အခုလို ဆက္ၿပီး ေျပာပါတယ္။

“ ဒီေကာ္ဖီက အိုးထဲမွာ ၆ ရက္ ရွိပါၿပီ။ ဒီမွာ အေျခာက္ခံတဲ႔ ေနရာမွာ အေျခာက္ခံဖို႔ အတြက္ ဒီကို ယူလာတာပါ။ ”

ေကာ္ဖီေစ႔ေတြကို ေကာ္ဖီ မထုတ္ခင္မွာ စိုးထိုင္းဆ အေပၚမွာ မူတည္ၿပီး အေျခာက္ခံတဲ႔ အခင္းေပၚမွာ ေကာ္ဖီေစ႔ေတြကို စုစုေပါင္း ရက္ေပါင္း ၃၀ ထားပါတယ္။ Rio de Janeiro မွာ လူႀကိဳက္မ်ားလွတဲ႔ ေကာ္ဖီ ပြဲေတာ္ဟာဆိုရင္ ေကာ္ဖီ ထုတ္လုပ္သူေတြ၊ ေကာ္ဖီ အေရး ကြ်မ္းက်င္သူေတြနဲ႔ ေကာ္ဖီ ဆိုင္ေတြနဲ႔ လူထုၾကား ေတြ႕ဆံုမႈလည္း ျဖစ္ပါတယ္။ Rio ေကာ္ဖီ ပြဲေတာ္ကို တႏွစ္မွာ အနည္းဆံုး ၄ ႀကိမ္ က်င္းပပါတယ္။

ကာလရွည္လာတာနဲ႔ အမွ် ေကာ္ဖီ ထုတ္လုပ္မႈနဲ႔ ေကာ္ဖီ စားသံုးမႈက တစတစ ေျပာင္းလဲ တိုးတက္လာတာကို ေတြ႕ျမင္ရၿပီး အထူးထုတ္ ေကာ္ဖီလည္း တိုးလာပါတယ္။ Patrick Portes က လက္မွတ္ရ ေကာ္ဖီ အရည္အေသြး သတ္မွတ္သူ ျဖစ္ၿပီး ေကာ္ဖီ အတြဲ တခုခ်င္းစီကို သုည ကေန ၁၀၀ အထိ အရည္အေသြး သတ္မွတ္ နံပတ္ေတြ ေပးရပါတယ္။ အထူးတန္း၀င္ ေကာ္ဖီေတြ ျဖစ္ဖို႔ကေတာ့ အနည္းဆံုး အလြန္ေကာင္း အဆင့္ အမွတ္ ၈၀ အနည္းဆံုး ရဖို႔ လိုအပ္ပါတယ္။ အခ်ဥ္ဓာတ္၊ ေကာ္ဖီသား၊ အနံ႔၊ အရသာတို႔က အဓိက က်ပါတယ္။ အထူးတန္း၀င္ ေကာ္ဖီ အျဖစ္ တန္း၀င္လိုသူ ေကာ္ဖီ ထုတ္လုပ္သူေတြ အေနနဲ႔ေတာ့ အဆင့္ျမင့္ တန္း၀င္ဖို႔ အတြက္ လိုအပ္ခ်က္ေတြကို ေလ႔လာၾကရပါတယ္။ လက္မွတ္ရ ေကာ္ဖီအရည္အေသြး စစ္ေဆးသူ Patrick Portes က အခုလို ေျပာပါတယ္။

“ ေက်းလက္က ေကာ္ဖီ ထုတ္လုပ္သူေတြထံကို ကိုယ္တိုင္သြားၿပီး ၾကည့္ပါတယ္။ သူတို႔ရဲ႕ အခင္းအက်င္းကို စစ္ပါတယ္။ အထူးတန္း၀င္ ေကာ္ဖီ ထုတ္ဖို႔ အတြက္ အေျခအေနမ်ိဳး ရွိတာေတြ႕ရင္ ေကာ္ဖီပင္ေတြ ပန္းစပြင့္ခ်ိန္က စလို႔ ေကာ္ဖီ ခူးဆြတ္ခ်ိန္နဲ႔ အေျခာက္ခံခ်ိန္ အဆံုးထိ သူတို႔ကို လမ္းၫႊန္ေပးပါတယ္။ ”

လက္မွတ္ရ ေကာ္ဖီအရည္အေသြး စစ္ေဆးသူ Patrick Portes က ေကာ္ဖီ ထုတ္လုပ္မႈရဲ႕ အဓိက ျဖစ္တဲ႔ အရသာပိုင္းကို အေလးထား ေဆာင္ရြက္ပါတယ္။

“ အထူးေကာ္ဖီက သၾကားမလိုပါဘူး။ အခ်ိဳဓာတ္ ထည့္ဖို႔ မလိုပါဘူး။ အခ်ိဳဓာတ္ ပါၿပီးသား ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အထူးထုတ္ ေကာ္ဖီ ျဖစ္ရတာပါ။ အမ်ားႀကီး တိုးလာပါတယ္။ ပိုေကာင္းတဲ႔ ေကာ္ဖီေတြကို ႀကိဳက္လာတဲ႔ လူေတြ မ်ားလာတာေၾကာင့္လည္း က်မရဲ႕ အလုပ္မွာ သိပ္ၿပီး အက်ိဳးရွိေစပါတယ္။ ”

ေကာ္ဖီ ပြဲေတာ္မွာေတာ့ ဖြင့္ေနက် ေကာ္ဖီ ဆိုင္ေတြ အျပင္ အသစ္ေတြလည္း ပါလာပါတယ္။ ေကာ္ဖီ ကုန္သည္ တဦး ျဖစ္တဲ႔ Leandro Cordeiro က အခုလို ေျပာပါတယ္။

“ ေကာ္ဖီ လုပ္ငန္းမွာ ႏွစ္ျမဳပ္ထားတဲ႔ ေဒသခံ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ေတြ ဘဲ ျဖစ္ျဖစ္ ဒါမွမဟုတ္လည္း လုပ္ငန္းခြဲ လုပ္သူေတြဘဲ ျဖစ္ျဖစ္ ေစ်း၀ယ္စင္တာႀကီးေတြ တဝိုက္မွာ၊ လမ္းေတြေပၚမွာ ေနရာ အႏွံ႔မွာ ေကာ္ဖီ ဆိုင္ေတြ တိုးလာတာကို ေတြ႕ပါတယ္။”

Vassouras town Coffee ေက်ာင္းကို တည္ေထာင္သူ တဦး ျဖစ္တဲ႔ Carlos Lima ရဲ႕ အႏုစိတ္ လွတဲ႔ ေကာ္ဖီ ေလွာ္ျခင္းနဲ႔ ပတ္သက္တဲ႔ ႏွီးေႏွာ ဖလွယ္ပြဲေတြလည္း အခု ေကာ္ဖီ ပြဲေတာ္မွာ ပါ၀င္ပါတယ္။ ႐ိုးရာ နည္းလမ္းေတြနဲ႔ အသားက်ေနသူေတြ အတြက္ ဆန္းသစ္တဲ႔ နည္းလမ္း တခုျဖစ္တဲ႔ ေကာ္ဖီ ေလွာ္ျခင္း လုပ္ငန္းစဥ္ကို ဒီ အဆင့္ျမင့္ စက္ေတြက အစကေန အဆံုးထိ ထိန္းခ်ဳပ္လုပ္ကိုင္ႏိုင္ပါတယ္။ ေကာ္ဖီေစ႔ေတြဟာ ေျပာင္းဖူး ေပါက္ေပါက္နဲ႔ တူတယ္လို႔ Lima က ေျပာပါတယ္။ ေရဓာတ္ ခန္းေျခာက္သြားတာနဲ႔ အမွ် ေပါ့လာတာလို႔ သူက ေျပာပါတယ္။ အထူးတန္း၀င္ ေကာ္ဖီေတြကေတာ့ ပံုမွန္အားျဖင့္ အညိဳေဖ်ာ့ အဆင့္ေလာက္သာ ေလွာ္ၿပီး အဆင့္နိမ့္ေကာ္ဖီေတြကေတာ့ အေရာင္ပိုၿပီး ရင့္ေလ႔ ရွိပါတယ္။ Vassouras town Coffee ေက်ာင္းကို တည္ေထာင္သူ တဦး ျဖစ္တဲ႔ Carlos Lima က အခုလို ေျပာပါတယ္။

အထူးတန္း၀င္ ေကာ္ဖီေတြက ကမ ၻာတလႊားမွာ ပိုၿပီး တိုးလာပါတယ္။ ဘရာဇီလ္းမွာ ဆိုရင္ တႏွစ္ကို ၃၀ ရာခိုင္ႏႈန္းေလာက္ တိုးလာပါတယ္။ ဒါေတာင္မွ သိပ္ၿပီး နည္းေနပါေသးတယ္။ လူ အမ်ားစုကေတာ့ အထူးတန္း၀င္ ေကာ္ဖီေတြ အေၾကာင္း သိပ္ၿပီး မသိၾကေသးပါဘူး။ လူေတြက စၿပီး သိလာေနၿပီး ပံုမွန္ ေသာက္ေနက်နဲ႔ ႏိႈင္းယွဥ္လာပါတယ္။ ဒါက ျပန္လမ္းမရွိတဲ႔ တလမ္းသြား ျဖစ္ပါတယ္လို႔ က်ေနာ္ အၿမဲ ေျပာေလ႔ ရွိပါတယ္။ တႀကိမ္ တခါေလာက္ အထူး ေကာ္ဖီ လုပ္ၿပီ ဆိုတာနဲ႔ အစဥ္အလာ ေကာ္ဖီဘက္ကို ျပန္လွည့္လို႔ မရေတာ့ပါဘူး။

ၾသဂုတ္လ ၁၃ ရက္နဲ႔ ၁၄ ရက္ေန႔မွာ ထပ္ၿပီး က်င္းပမယ့္ Rio ေကာ္ဖီ ပြဲေတာ္ဟာဆိုရင္ ေထာင္နဲ႔ခ်ီတဲ႔ ေကာ္ဖီ ခ်စ္သူေတြနဲ႔ အထူး ေကာ္ဖီ ၀ယ္လက္ေတြ ေထာင္ခ်ီ တက္ေရာက္မယ္လို႔ ခန္႔မွန္းထားပါတယ္။ ဘရာဇီလ္း ေကာ္ဖီ လုပ္ငန္း အဖြဲ႔ ABIC ရဲ႕ စာရင္းအရ အထူးတန္း၀င္ ေကာ္ဖီ အျဖစ္ အသိအမွတ္ျပဳခံရတဲ႔ အေရအတြက္က ၂၀၂၂ ခုႏွစ္မွာ ၂၈၇ အထိ ေရာက္ရွိလာၿပီး ဒီ အေရအတြက္ဟာဆိုရင္ ၂၀၁၉ ခုႏွစ္နဲ႔ ႏိႈင္းယွဥ္ရင္ ၇၈ ရာခိုင္ႏႈန္း တိုးလာတာ ျဖစ္ပါတယ္။

(Unicode)

ဘရာဇီလ်းရဲ့ ကော်ဖီ ဈေးကွက် ဖွံ့ဖြိုးမှု

ဘရာဇီလ်း နိုင်ငံရဲ့ ကော်ဖီ ထုတ်လုပ်မှု အများစုက ပြည်ပ တင်ပို့မှု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အထူးထုတ် ကော်ဖီ တံဆိပ်သစ်တွေနဲ့ ပြည်တွင်း ဈေးကွက်ကလည်း ကြီးထွားလာနေပါတယ်။ Rio de Janeiro မှာ ကျင်းပနေတဲ့ ကော်ဖီ ပွဲတော်က အရည်အသွေးမြင့် ကော်ဖီစေ့တွေဟာ ဆိုရင် ပြပွဲလာသူတွေကြားမှာ ရေပန်းစားနေပါတယ်။ AP သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ဘရာဇီလ်း နိုင်ငံဟာ ကမ ္ဘာပေါ်မှာ ကော်ဖီ ထုတ်လုပ်မှု အများဆုံး နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ အရွယ်အစားစုံ ကော်ဖီ စိုက်ကွင်းပေါင်း ၂ သိန်းလောက် ရှိပါတယ်။ ဒီထဲက တခုကတော့ Goiabal ဖြစ်ပြီး Rio de Janeiro ရဲ့ အရှေ့မြောက်ပိုင်း ၉၃ မိုင် အကွာက Bom Jardim မှာ ရှိတဲ့ ကော်ဖီ စိုက်ကွင်း ဖြစ်ပါတယ်။ ကော်ဖီ ဆွတ်ခူးတဲ့ ရာသီကလည်း ကုန်ဆုံးလု ဖြစ်နေပါပြီ။ ကော်ဖီသီးတွေကို လှုပ်ခါချပြီး ခူးဆွတ်တဲ့ စက်တွေနဲ့ အလုပ်လုပ်ကြပါတယ်။ ပြီးရင် အရွက်တွေနဲ့ အရိုးတွေကို တခါတည်း ရှင်းပါတယ်။ ပင်မဆောင် အရောက်မှာတော့ ခူးဆွတ်ထားတဲ့ ကော်ဖီစေ့တွေထဲက အထူးတန်းဝင် ကော်ဖီ အတွက် သီးသန့် လုပ်ပါတယ်။ လက်နဲ့ရွေးပြီး အစိမ်းရောင် ကော်ဖီစေ့ အားလုံးကို ဖယ်ရှားပါတယ်။ Eleonora Erthal က ကော်ဖီစိုက် လယ်သမား တဦး ဖြစ်ပါတယ်။

“ ကော်ဖီစေ့ အစိမ်းတွေအားလုံးကို ဖယ်ရှားတဲ့ အမျိုးသမီးတွေ ရှိတဲ့ ဒီနေရာကို ယူလာရပါတယ်။ ကောင်းကောင်းမှည့်တဲ့ ကော်ဖီတွေကိုဘဲ ချိန်ပါတယ်။ ”

Erthal နဲ့ သူမရဲ့ ခင်ပွန်း ဖြစ်သူတို့က ၂၀၁၆ ခုနှစ် ကတည်းက အထူး ကော်ဖီ ထုတ်လုပ်နေကြတာ ဖြစ်ပါတယ်။ ကော်ဖီစေ့တွေ အချိုဓာတ် ပိုလာစေဖို့ အတွက် သူတို့က သတ္တုအိုးကြီးတွေကို သုံးပြီး အချဉ်ဖောက်ကြပါတယ်။ ပြီးရင် ကော်ဖီစေ့တွေကို အရိပ်မှာ အခြောက်ခံပါတယ်။ ကော်ဖီစိုက် တောင်သူ Erthal က အခုလို ဆက်ပြီး ပြောပါတယ်။

“ ဒီကော်ဖီက အိုးထဲမှာ ၆ ရက် ရှိပါပြီ။ ဒီမှာ အခြောက်ခံတဲ့ နေရာမှာ အခြောက်ခံဖို့ အတွက် ဒီကို ယူလာတာပါ။ ”

ကော်ဖီစေ့တွေကို ကော်ဖီ မထုတ်ခင်မှာ စိုးထိုင်းဆ အပေါ်မှာ မူတည်ပြီး အခြောက်ခံတဲ့ အခင်းပေါ်မှာ ကော်ဖီစေ့တွေကို စုစုပေါင်း ရက်ပေါင်း ၃၀ ထားပါတယ်။ Rio de Janeiro မှာ လူကြိုက်များလှတဲ့ ကော်ဖီ ပွဲတော်ဟာဆိုရင် ကော်ဖီ ထုတ်လုပ်သူတွေ၊ ကော်ဖီ အရေး ကျွမ်းကျင်သူတွေနဲ့ ကော်ဖီ ဆိုင်တွေနဲ့ လူထုကြား တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ Rio ကော်ဖီ ပွဲတော်ကို တနှစ်မှာ အနည်းဆုံး ၄ ကြိမ် ကျင်းပပါတယ်။

ကာလရှည်လာတာနဲ့ အမျှ ကော်ဖီ ထုတ်လုပ်မှုနဲ့ ကော်ဖီ စားသုံးမှုက တစတစ ပြောင်းလဲ တိုးတက်လာတာကို တွေ့မြင်ရပြီး အထူးထုတ် ကော်ဖီလည်း တိုးလာပါတယ်။ Patrick Portes က လက်မှတ်ရ ကော်ဖီ အရည်အသွေး သတ်မှတ်သူ ဖြစ်ပြီး ကော်ဖီ အတွဲ တခုချင်းစီကို သုည ကနေ ၁၀၀ အထိ အရည်အသွေး သတ်မှတ် နံပတ်တွေ ပေးရပါတယ်။ အထူးတန်းဝင် ကော်ဖီတွေ ဖြစ်ဖို့ကတော့ အနည်းဆုံး အလွန်ကောင်း အဆင့် အမှတ် ၈၀ အနည်းဆုံး ရဖို့ လိုအပ်ပါတယ်။ အချဉ်ဓာတ်၊ ကော်ဖီသား၊ အနံ့၊ အရသာတို့က အဓိက ကျပါတယ်။ အထူးတန်းဝင် ကော်ဖီ အဖြစ် တန်းဝင်လိုသူ ကော်ဖီ ထုတ်လုပ်သူတွေ အနေနဲ့တော့ အဆင့်မြင့် တန်းဝင်ဖို့ အတွက် လိုအပ်ချက်တွေကို လေ့လာကြရပါတယ်။ လက်မှတ်ရ ကော်ဖီအရည်အသွေး စစ်ဆေးသူ Patrick Portes က အခုလို ပြောပါတယ်။

“ ကျေးလက်က ကော်ဖီ ထုတ်လုပ်သူတွေထံကို ကိုယ်တိုင်သွားပြီး ကြည့်ပါတယ်။ သူတို့ရဲ့ အခင်းအကျင်းကို စစ်ပါတယ်။ အထူးတန်းဝင် ကော်ဖီ ထုတ်ဖို့ အတွက် အခြေအနေမျိုး ရှိတာတွေ့ရင် ကော်ဖီပင်တွေ ပန်းစပွင့်ချိန်က စလို့ ကော်ဖီ ခူးဆွတ်ချိန်နဲ့ အခြောက်ခံချိန် အဆုံးထိ သူတို့ကို လမ်းညွှန်ပေးပါတယ်။ ”

လက်မှတ်ရ ကော်ဖီအရည်အသွေး စစ်ဆေးသူ Patrick Portes က ကော်ဖီ ထုတ်လုပ်မှုရဲ့ အဓိက ဖြစ်တဲ့ အရသာပိုင်းကို အလေးထား ဆောင်ရွက်ပါတယ်။

“ အထူးကော်ဖီက သကြားမလိုပါဘူး။ အချိုဓာတ် ထည့်ဖို့ မလိုပါဘူး။ အချိုဓာတ် ပါပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်လည်း အထူးထုတ် ကော်ဖီ ဖြစ်ရတာပါ။ အများကြီး တိုးလာပါတယ်။ ပိုကောင်းတဲ့ ကော်ဖီတွေကို ကြိုက်လာတဲ့ လူတွေ များလာတာကြောင့်လည်း ကျမရဲ့ အလုပ်မှာ သိပ်ပြီး အကျိုးရှိစေပါတယ်။ ”

ကော်ဖီ ပွဲတော်မှာတော့ ဖွင့်နေကျ ကော်ဖီ ဆိုင်တွေ အပြင် အသစ်တွေလည်း ပါလာပါတယ်။ ကော်ဖီ ကုန်သည် တဦး ဖြစ်တဲ့ Leandro Cordeiro က အခုလို ပြောပါတယ်။

“ ကော်ဖီ လုပ်ငန်းမှာ နှစ်မြုပ်ထားတဲ့ ဒေသခံ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ဘဲ ဖြစ်ဖြစ် ဒါမှမဟုတ်လည်း လုပ်ငန်းခွဲ လုပ်သူတွေဘဲ ဖြစ်ဖြစ် ဈေးဝယ်စင်တာကြီးတွေ တဝိုက်မှာ၊ လမ်းတွေပေါ်မှာ နေရာ အနှံ့မှာ ကော်ဖီ ဆိုင်တွေ တိုးလာတာကို တွေ့ပါတယ်။”

Vassouras town Coffee ကျောင်းကို တည်ထောင်သူ တဦး ဖြစ်တဲ့ Carlos Lima ရဲ့ အနုစိတ် လှတဲ့ ကော်ဖီ လှော်ခြင်းနဲ့ ပတ်သက်တဲ့ နှီးနှော ဖလှယ်ပွဲတွေလည်း အခု ကော်ဖီ ပွဲတော်မှာ ပါဝင်ပါတယ်။ ရိုးရာ နည်းလမ်းတွေနဲ့ အသားကျနေသူတွေ အတွက် ဆန်းသစ်တဲ့ နည်းလမ်း တခုဖြစ်တဲ့ ကော်ဖီ လှော်ခြင်း လုပ်ငန်းစဉ်ကို ဒီ အဆင့်မြင့် စက်တွေက အစကနေ အဆုံးထိ ထိန်းချုပ်လုပ်ကိုင်နိုင်ပါတယ်။ ကော်ဖီစေ့တွေဟာ ပြောင်းဖူး ပေါက်ပေါက်နဲ့ တူတယ်လို့ Lima က ပြောပါတယ်။ ရေဓာတ် ခန်းခြောက်သွားတာနဲ့ အမျှ ပေါ့လာတာလို့ သူက ပြောပါတယ်။ အထူးတန်းဝင် ကော်ဖီတွေကတော့ ပုံမှန်အားဖြင့် အညိုဖျော့ အဆင့်လောက်သာ လှော်ပြီး အဆင့်နိမ့်ကော်ဖီတွေကတော့ အရောင်ပိုပြီး ရင့်လေ့ ရှိပါတယ်။ Vassouras town Coffee ကျောင်းကို တည်ထောင်သူ တဦး ဖြစ်တဲ့ Carlos Lima က အခုလို ပြောပါတယ်။

အထူးတန်းဝင် ကော်ဖီတွေက ကမ ္ဘာတလွှားမှာ ပိုပြီး တိုးလာပါတယ်။ ဘရာဇီလ်းမှာ ဆိုရင် တနှစ်ကို ၃၀ ရာခိုင်နှုန်းလောက် တိုးလာပါတယ်။ ဒါတောင်မှ သိပ်ပြီး နည်းနေပါသေးတယ်။ လူ အများစုကတော့ အထူးတန်းဝင် ကော်ဖီတွေ အကြောင်း သိပ်ပြီး မသိကြသေးပါဘူး။ လူတွေက စပြီး သိလာနေပြီး ပုံမှန် သောက်နေကျနဲ့ နှိုင်းယှဉ်လာပါတယ်။ ဒါက ပြန်လမ်းမရှိတဲ့ တလမ်းသွား ဖြစ်ပါတယ်လို့ ကျနော် အမြဲ ပြောလေ့ ရှိပါတယ်။ တကြိမ် တခါလောက် အထူး ကော်ဖီ လုပ်ပြီ ဆိုတာနဲ့ အစဉ်အလာ ကော်ဖီဘက်ကို ပြန်လှည့်လို့ မရတော့ပါဘူး။

သြဂုတ်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ ထပ်ပြီး ကျင်းပမယ့် Rio ကော်ဖီ ပွဲတော်ဟာဆိုရင် ထောင်နဲ့ချီတဲ့ ကော်ဖီ ချစ်သူတွေနဲ့ အထူး ကော်ဖီ ဝယ်လက်တွေ ထောင်ချီ တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဘရာဇီလ်း ကော်ဖီ လုပ်ငန်း အဖွဲ့ ABIC ရဲ့ စာရင်းအရ အထူးတန်းဝင် ကော်ဖီ အဖြစ် အသိအမှတ်ပြုခံရတဲ့ အရေအတွက်က ၂၀၂၂ ခုနှစ်မှာ ၂၈၇ အထိ ရောက်ရှိလာပြီး ဒီ အရေအတွက်ဟာဆိုရင် ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၇၈ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

XS
SM
MD
LG