သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရင္သားကင္ဆာ ႀကိဳတင္သိေအာင္ အေထာက္အကူျပဳႏိုင္မယ့္ "စမတ္ဘရာဇီယာ"


ရင္သားကင္ဆာ ႀကိဳတင္သိေအာင္ အေထာက္အကူျပဳႏိုင္မယ့္ "စမတ္ဘရာဇီယာ"

ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ တႏွစ္ကို ရင္သားကင္ဆာနဲ႔ ေသဆံုးရသူ ၁၉ ၀၀၀ ေလာက္ ရွိတယ္လို႔ အာဖရိက ကင္ဆာေရာဂါ ေလ့လာသူေတြက ခန္႔မွန္းထားပါတယ္။ ဒီေရာဂါနဲ႔ ေသဆံုးရသူ အေရအတြက္က တိုးလာေနဆဲျဖစ္ၿပီး ဒါဟာ ရင္သားကင္ဆာအတြက္ စမ္းသပ္ စစ္ေဆးမႈေတြလုပ္ဖို႔ အခ်ိန္အေတာ္ၾကာ ေစာင့္ၾကရတာေၾကာင့္လည္း ပါပါတယ္။

ရင္သားကင္ဆာ ႀကိဳတင္သိေအာင္ အေထာက္အကူျပဳႏိုင္မယ့္ "စမတ္ဘရာဇီယာ"

{{Zawgyi/Unicode}}
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ တႏွစ္ကို ရင္သားကင္ဆာနဲ႔ ေသဆံုးရသူ ၁၉ ၀၀၀ ေလာက္ ရွိတယ္လို႔ အာဖရိက ကင္ဆာေရာဂါ ေလ့လာသူေတြက ခန္႔မွန္းထားပါတယ္။ ဒီေရာဂါနဲ႔ ေသဆံုးရသူ အေရအတြက္က တိုးလာေနဆဲျဖစ္ၿပီး ဒါဟာ ရင္သားကင္ဆာအတြက္ စမ္းသပ္ စစ္ေဆးမႈေတြလုပ္ဖို႔ အခ်ိန္အေတာ္ၾကာ ေစာင့္ၾကရတာေၾကာင့္လည္း ပါပါတယ္။

ႏိုင္ဂ်ီးရီးယား ႐ိုေဘာ့နည္းပညာ အင္ဂ်င္နီယာတဦးကေတာ့ ရင္သားကင္ဆာျဖစ္တာကို ေစာေစာစီးစီး သိေအာင္ လုပ္ေပးၿပီး အသက္ကယ္ႏိုင္တဲ့ ဘရာဇီယာကို သူတီထြင္ထားတယ္လို႔ ေျပာပါတယ္။ ႏိုင္ဂ်ီးရီးယားက VOA သတင္းေထာက္ Timothy Obiezu ေပးပို႔တဲ့သတင္းကို ေဒၚခင္မ်ိဳးသက္က ေျပာျပေပးမွာပါ။

႐ိုေဘာ့နည္းပညာ အင္ဂ်င္နီယာ Kemisola Bolarinwa ရဲ႕ အေဒၚဟာ ရင္သားကင္ဆာ အဆင့္ ၃ နဲ႔ ၂၀၁၇ မွာေသဆံုးခဲ့ရပါတယ္။ သူ႔အေဒၚက ဒီေရာဂါျဖစ္တာဟာ သူ႔ကို စုန္းျပဳစားတာဆိုၿပီး ေပ်ာက္ေအာင္ ဆုေတာင္းတာပဲ လုပ္ခဲ့တယ္လို႔ ေျပာပါတယ္။ သူ႔အေဒၚဆံုးပါးသြားခ်ိန္မွာေတာ့ တျခားအမ်ိဳးသမီးေတြကို ကူဖို႔ သူမက ဆံုးျဖတ္ခဲ့တာပါ။

"အေဒၚ့ကို ကုေပးတဲ့ ကင္ဆာ အထူးကုေတြထဲက တေယာက္ကို က်မက ေမးၾကည့္ပါတယ္။ ဒီကင္ဆာေရာဂါအတြက္ ကနဦးအဆင့္မွာ စမ္းသပ္ႏိုင္သလားေပါ့။ အဲလိုစမ္းသပ္ႏိုင္ရင္ ကုသ ေပးႏိုင္တဲ့ အခြင့္အလန္းေရာ ရွိသလားေပ့ါ။ သူ႔ကို ေမးသလို ကိုယ္တိုင္လည္း သုေတသနလုပ္ၾကည့္ေတာ့ ေရာဂါရွင္ ၁၀ ေယာက္မွာ ၉ ေယာက္ကို ေပ်ာက္ေအာင္ ကုေပးႏိုင္တာ ေတြ႕ရပါတယ္”

ဒီေရာဂါနဲ႔ ပတ္သက္ၿပီး အကူညီေပးဖို႔ smart bra ကို Bolarinwa က တီထြင္ခဲ့တာပါ။ သူ႔ smart bra ဟာ ရင္သားနဲ႔ ရင္ဘတ္ နံရံက အခ်က္အလက္ေတြကို ေကာက္ယူၿပီး ရတဲ့အေျဖကို နာရီဝက္အတြင္း မိုဘိုင္း application မွာ တင္ေပးႏိုင္တယ္လို႔ ေျပာပါတယ္။ သူ႔ရဲ႕ ပထမဆံုး smart bra ေမာ္ဒယ္ ပံုစံကိုေတာ့ အေစာဆံုး လာမယ့္ ၂၀၂၃ ဧၿပီလ ေလာက္မွာ ထုတ္ႏိုင္မယ္လို႔ ခန္႔မွန္းထားပါတယ္။

"ဒီေဖေဖၚဝါရီမွာ ေရွ႕ေျပးပံုစံတခု ထုတ္ခဲ့ပါတယ္။ ဒီ စက္အတြက္ ထိေရာက္မႈပိုရွိလာေစဖို႔ ကြန္ျပဴတာ chip နဲ႔ပတ္သက္ၿပီး ဘယ္လိုလုပ္ႏိုင္မယ္ဆိုတာကို ကမာၻတလႊားက ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္သူေတြဆီက အၾကံျပဳခ်က္ေတြ ရခဲ့ၿပီးေတာ့မွာ ဒီေရွ႕ေျပးပံုစံကို ထုတ္ခဲ့တာပါ။

ႏိုင္ဂ်ီးရီးယားမွာ တႏွစ္ကို ကင္ဆာနဲ႔ ေသဆံုးရသူက ၇၂၀၀၀ ေလာက္ ရွိတယ္လို႔ က်န္းမာေရး အရာရွိေတြက ေျပာပါတယ္။ ရင္သားကင္ဆာနဲ႔ ေသဆံုးရသူက အမ်ားဆံုးျဖစ္ၿပီး ဒါဟာ ေရာဂါရွိမရွိ စမ္းသပ္မႈ အခ်ိန္မီ မရတာေၾကာင့္ ဆိုတာ မၾကာခဏ ေတ႔ြရတယ္လို႔ ေဆးဘက္ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

Bolarinwa ကေတာ့ စမ္းသပ္မယ့္သူေတြ ႀကိဳတင္ခ်ိန္းဆိုစရာ မလိုပဲ လာစစ္ေဆးႏိုင္ဖို႔ သူ႔စက္ကို ေဒသေဆးခန္းေလးေတြမွာထားႏိုင္ေအာင္ အစိုးရခြင့္ျပဳမႈရဖို႔ လုပ္ေနတာပါ။

ရင္သားကင္ဆာေဝဒနာရွင္ Gloria Chinyere Okwu ဟာ ၂၀၁၇ မွာ ခြဲထုတ္ ဖယ္ရွားပစ္ခဲ့ၿပီး အသက္မေသ ရပ္တည္ႏိုင္ခဲ့သူပါ။ သူ႔အမာရြတ္နဲ႔ ပတ္သက္ၿပီး စိုးရိမ္စိတ္ေတြ ေက်ာ္လႊားႏိုင္ဖို႔ shirtless ဓါတ္ပံုအ႐ိုက္ခံတဲ့ အဖြဲ႔ထဲပါခဲ့သူျဖစ္ၿပီး သူမဟာ အခု ရင္သားကင္ဆာ ပညာေရးအဖြဲ႔ြျဖစ္တဲ့ Project Pink Blue မွာအလုပ္လုပ္ေနပါတယ္။

"ကင္ဆာျဖစ္လို႔ ႏွိမ္ခ်င္တဲ့သူေတြကို ဂ႐ုမစိုက္နဲ႔လို႔ က်မေျပာပါတယ္။ ဒါဟာ ေသမိန္႔က်တာ မဟုတ္ပါဘူး။ တြန္းအားဆက္ေပးဖို႔၊ ေမွ်ာ္လင့္ခ်က္ ဆက္ထားဖို႔၊ ယံုၾကည္ခ်က္ ဆက္ထားဖို႔၊ ၾကံဳေနရတဲ့ စိန္ေခၚမႈေတြ ဆက္ေျပာျပဖို႔လုပ္ရမွာပါ။ တကယ္လည္း တေန႔က်ရင္ ဒီကင္ဆာအတြက္ ေဆးေတြ႕မယ္လို႔ က်မတို႔ ေမွ်ာ္လင့္ပါတယ္”

၂၀၁၇ မွာ ႏိ္ုင္ဂ်ီးရီးယား သမၼတက ႏိုင္ဂ်ီးရီးယား ကင္ဆာသုေတသနနဲ႔ ကုသေရးဆိုင္ရာ ဥပေဒတရပ္ကို လက္မွတ္ေရးထိုး ျပဌာန္းခဲ့ပါတယ္။
ေနာက္တႏွစ္မွာပဲ ၄ ႏွစ္စီမံကိန္းအတြက္ ေဒၚလာ သန္း ၂၀၀ ကို ကင္ဆာ ထိန္းခ်ဳပ္ေရး အစီစဥ္ အျဖစ္ စတင္ေဆာင္ရြက္ၿပီး ကနဦးအဆင့္ ရင္သားကင္ဆာျဖစ္ပြါးမႈကို သိႏိုင္ဖို႔နဲ႔ ကုသဖို႔ လုပ္ခဲ့ပါတယ္။

Project Pink Blue အဖြဲ႔အမႈေဆာင္ၫႊန္ၾကားေရးမႈးက Runcie Chidebe ပါ။
"က်မတို႔ဆီမွာက က်န္းမာေရးစံနစ္မေကာင္းပါဘူး။ စံနစ္က သိပ္လည္းရႈပ္ေထြးသလို ျပည္သူလူထုအတြက္ ကင္ဆာ စမ္းသပ္မႈေတြလည္း လုပ္မေပးႏိုင္ပါဘူး။”

ကင္ဆာေရာဂါအတြက္ ေစာေစာသိေအာင္ စမ္းသပ္ဖို႔နဲ႔ က်န္းမာတဲ့ ေနထိုင္မႈပံုစံေျပာင္းေရး တြက္ ေအာက္တိုဘာလမွာ ကင္ဆာအသိပညာေပး လူထုလႈပ္ရွားမႈေတြကို အကူအညီေပးတဲ့အဖြဲ႔ေတြက က်င္းပၾကပါတယ္။

"တာရွည္ခံေအာင္လုပ္ထားတဲ့ အစားအစာေတြစားတာ၊ ကိုယ္လက္လႈပ္ရွားမႈသိပ္မရွိတာ၊ ခ်င့္ခ်င့္ခ်ိန္ခ်ိန္မစားတာ လိုမ်ိဳး လူေနမႈပံုစံေတြ ေျပာင္းေနတာေၾကာင့္ ေရာဂါျဖစ္သူ ပိုမ်ားလာတာ ေတြ႕ေနရပါတယ္။ ရင္သားကင္ဆာအတြက္ စစ္ေဆးမႈေတြ ေသေသခ်ာခ်ာ လုပ္ဖို႔လည္း ႏိႈးေဆာ္ေနပါတယ္”

Bolarinwa ကေတာ့ သူ႔တီထြင္မႈက ရင္သားကင္ဆာ အတြက္ အ ကူညီေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာပါ။

တိုက္႐ိုက္ လင့္ခ္

...........................................

ရင်သားကင်ဆာ ကြိုတင်သိအောင် အထောက်အကူပြုနိုင်မယ့် "စမတ်ဘရာဇီယာ"

{{Zawgyi/Unicode}}
နိုင်ဂျီးရီးယားနိုင်ငံမှာ တနှစ်ကို ရင်သားကင်ဆာနဲ့ သေဆုံးရသူ ၁၉ ၀၀၀ လောက် ရှိတယ်လို့ အာဖရိက ကင်ဆာရောဂါ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။ ဒီရောဂါနဲ့ သေဆုံးရသူ အရေအတွက်က တိုးလာနေဆဲဖြစ်ပြီး ဒါဟာ ရင်သားကင်ဆာအတွက် စမ်းသပ် စစ်ဆေးမှုတွေလုပ်ဖို့ အချိန်အတော်ကြာ စောင့်ကြရတာကြောင့်လည်း ပါပါတယ်။

နိုင်ဂျီးရီးယား ရိုဘော့နည်းပညာ အင်ဂျင်နီယာတဦးကတော့ ရင်သားကင်ဆာဖြစ်တာကို စောစောစီးစီး သိအောင် လုပ်ပေးပြီး အသက်ကယ်နိုင်တဲ့ ဘရာဇီယာကို သူတီထွင်ထားတယ်လို့ ပြောပါတယ်။ နိုင်ဂျီးရီးယားက VOA သတင်းထောက် Timothy Obiezu ပေးပို့တဲ့သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရိုဘော့နည်းပညာ အင်ဂျင်နီယာ Kemisola Bolarinwa ရဲ့ အဒေါ်ဟာ ရင်သားကင်ဆာ အဆင့် ၃ နဲ့ ၂၀၁၇ မှာသေဆုံးခဲ့ရပါတယ်။ သူ့အဒေါ်က ဒီရောဂါဖြစ်တာဟာ သူ့ကို စုန်းပြုစားတာဆိုပြီး ပျောက်အောင် ဆုတောင်းတာပဲ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ သူ့အဒေါ်ဆုံးပါးသွားချိန်မှာတော့ တခြားအမျိုးသမီးတွေကို ကူဖို့ သူမက ဆုံးဖြတ်ခဲ့တာပါ။

"အဒေါ့်ကို ကုပေးတဲ့ ကင်ဆာ အထူးကုတွေထဲက တယောက်ကို ကျမက မေးကြည့်ပါတယ်။ ဒီကင်ဆာရောဂါအတွက် ကနဦးအဆင့်မှာ စမ်းသပ်နိုင်သလားပေါ့။ အဲလိုစမ်းသပ်နိုင်ရင် ကုသ ပေးနိုင်တဲ့ အခွင့်အလန်းရော ရှိသလားပေ့ါ။ သူ့ကို မေးသလို ကိုယ်တိုင်လည်း သုတေသနလုပ်ကြည့်တော့ ရောဂါရှင် ၁၀ ယောက်မှာ ၉ ယောက်ကို ပျောက်အောင် ကုပေးနိုင်တာ တွေ့ရပါတယ်”

ဒီရောဂါနဲ့ ပတ်သက်ပြီး အကူညီပေးဖို့ smart bra ကို Bolarinwa က တီထွင်ခဲ့တာပါ။ သူ့ smart bra ဟာ ရင်သားနဲ့ ရင်ဘတ် နံရံက အချက်အလက်တွေကို ကောက်ယူပြီး ရတဲ့အဖြေကို နာရီဝက်အတွင်း မိုဘိုင်း application မှာ တင်ပေးနိုင်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ ပထမဆုံး smart bra မော်ဒယ် ပုံစံကိုတော့ အစောဆုံး လာမယ့် ၂၀၂၃ ဧပြီလ လောက်မှာ ထုတ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

"ဒီဖေဖေါ်ဝါရီမှာ ရှေ့ပြေးပုံစံတခု ထုတ်ခဲ့ပါတယ်။ ဒီ စက်အတွက် ထိရောက်မှုပိုရှိလာစေဖို့ ကွန်ပြူတာ chip နဲ့ပတ်သက်ပြီး ဘယ်လိုလုပ်နိုင်မယ်ဆိုတာကို ကမ္ဘာတလွှားက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီက အကြံပြုချက်တွေ ရခဲ့ပြီးတော့မှာ ဒီရှေ့ပြေးပုံစံကို ထုတ်ခဲ့တာပါ။

နိုင်ဂျီးရီးယားမှာ တနှစ်ကို ကင်ဆာနဲ့ သေဆုံးရသူက ၇၂၀၀၀ လောက် ရှိတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ ရင်သားကင်ဆာနဲ့ သေဆုံးရသူက အများဆုံးဖြစ်ပြီး ဒါဟာ ရောဂါရှိမရှိ စမ်းသပ်မှု အချိန်မီ မရတာကြောင့် ဆိုတာ မကြာခဏ တေ့ွရတယ်လို့ ဆေးဘက် ကျွမ်းကျင်သူတွေက ပြောပါတယ်။

Bolarinwa ကတော့ စမ်းသပ်မယ့်သူတွေ ကြိုတင်ချိန်းဆိုစရာ မလိုပဲ လာစစ်ဆေးနိုင်ဖို့ သူ့စက်ကို ဒေသဆေးခန်းလေးတွေမှာထားနိုင်အောင် အစိုးရခွင့်ပြုမှုရဖို့ လုပ်နေတာပါ။

ရင်သားကင်ဆာဝေဒနာရှင် Gloria Chinyere Okwu ဟာ ၂၀၁၇ မှာ ခွဲထုတ် ဖယ်ရှားပစ်ခဲ့ပြီး အသက်မသေ ရပ်တည်နိုင်ခဲ့သူပါ။ သူ့အမာရွတ်နဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ကျော်လွှားနိုင်ဖို့ shirtless ဓါတ်ပုံအရိုက်ခံတဲ့ အဖွဲ့ထဲပါခဲ့သူဖြစ်ပြီး သူမဟာ အခု ရင်သားကင်ဆာ ပညာရေးအဖွဲ့ွဖြစ်တဲ့ Project Pink Blue မှာအလုပ်လုပ်နေပါတယ်။

"ကင်ဆာဖြစ်လို့ နှိမ်ချင်တဲ့သူတွေကို ဂရုမစိုက်နဲ့လို့ ကျမပြောပါတယ်။ ဒါဟာ သေမိန့်ကျတာ မဟုတ်ပါဘူး။ တွန်းအားဆက်ပေးဖို့၊ မျှော်လင့်ချက် ဆက်ထားဖို့၊ ယုံကြည်ချက် ဆက်ထားဖို့၊ ကြုံနေရတဲ့ စိန်ခေါ်မှုတွေ ဆက်ပြောပြဖို့လုပ်ရမှာပါ။ တကယ်လည်း တနေ့ကျရင် ဒီကင်ဆာအတွက် ဆေးတွေ့မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်”

၂၀၁၇ မှာ နိုင်ဂျီးရီးယား သမ္မတက နိုင်ဂျီးရီးယား ကင်ဆာသုတေသနနဲ့ ကုသရေးဆိုင်ရာ ဥပဒေတရပ်ကို လက်မှတ်ရေးထိုး ပြဌာန်းခဲ့ပါတယ်။
နောက်တနှစ်မှာပဲ ၄ နှစ်စီမံကိန်းအတွက် ဒေါ်လာ သန်း ၂၀၀ ကို ကင်ဆာ ထိန်းချုပ်ရေး အစီစဉ် အဖြစ် စတင်ဆောင်ရွက်ပြီး ကနဦးအဆင့် ရင်သားကင်ဆာဖြစ်ပွါးမှုကို သိနိုင်ဖို့နဲ့ ကုသဖို့ လုပ်ခဲ့ပါတယ်။

Project Pink Blue အဖွဲ့အမှုဆောင်ညွှန်ကြားရေးမှုးက Runcie Chidebe ပါ။
"ကျမတို့ဆီမှာက ကျန်းမာရေးစံနစ်မကောင်းပါဘူး။ စံနစ်က သိပ်လည်းရှုပ်ထွေးသလို ပြည်သူလူထုအတွက် ကင်ဆာ စမ်းသပ်မှုတွေလည်း လုပ်မပေးနိုင်ပါဘူး။”

ကင်ဆာရောဂါအတွက် စောစောသိအောင် စမ်းသပ်ဖို့နဲ့ ကျန်းမာတဲ့ နေထိုင်မှုပုံစံပြောင်းရေး တွက် အောက်တိုဘာလမှာ ကင်ဆာအသိပညာပေး လူထုလှုပ်ရှားမှုတွေကို အကူအညီပေးတဲ့အဖွဲ့တွေက ကျင်းပကြပါတယ်။

"တာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေစားတာ၊ ကိုယ်လက်လှုပ်ရှားမှုသိပ်မရှိတာ၊ ချင့်ချင့်ချိန်ချိန်မစားတာ လိုမျိုး လူနေမှုပုံစံတွေ ပြောင်းနေတာကြောင့် ရောဂါဖြစ်သူ ပိုများလာတာ တွေ့နေရပါတယ်။ ရင်သားကင်ဆာအတွက် စစ်ဆေးမှုတွေ သေသေချာချာ လုပ်ဖို့လည်း နှိုးဆော်နေပါတယ်”

Bolarinwa ကတော့ သူ့တီထွင်မှုက ရင်သားကင်ဆာ အတွက် အ ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေတာပါ။

XS
SM
MD
LG