သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး အေရွ႕ေတာင္အာရွ ခရီးစဥ္အတြင္း ျမန္မာ႔အေရး ထည႔္သြင္း ေဆြးေႏြးမည္


ၿဗိတိန္ႏုိင္ငံျခားေရးဝန္ႀကီး Liz Truss. (ဒီဇင္ဘာ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

ဒီတနဂၤေႏြေန႔ကစၿပီး အေရွ႕ေတာင္အာရွေဒသကို သီတင္းတပတ္ၾကာ လာေရာက္ဖို႔ စီစဥ္ေနတဲ့ ၿဗိတိန္ႏုိင္ငံျခားေရးဝန္ႀကီး Liz Truss ဟာ အာဆီယံႏုိင္ငံေတြက ႏိုင္ငံျခားေရးဝန္ႀကီး တခ်ိဳ႕နဲ႔ ေတြ႔ဆံုဖို႔ရွိၿပီး အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႔ဆံုတဲ့အခါ ျမန္မာ့အေရးကိုပါ ထည့္သြင္းေဆြးေႏြးဖို႔ ရွိတယ္လို႔ ၿဗိတိန္ႏိုင္ငံျခားေရး႐ုံးက ေျပာပါတယ္။

အာဆီယံေဒသတြင္း ႏိုင္ငံေတြနဲ႔ ၿဗိတိန္တို႔ၾကား စီးပြားေရးနဲ႔ လံုၿခံဳေရးဆက္ဆံမႈ ပိုမိုက်ယ္ျပန္႔ ခိုင္မာလာေစဖို႔ ရည္ရြယ္ၿပီး လာေရာက္တဲ့ အခုခရီးစဥ္မွာ ပထမဆံုး ဝန္ႀကီး Truss ဟာ မေလးရွားႏိုင္ငံကို သြားေရာက္မွာ ျဖစ္ပါတယ္။

ၿဗိတိန္ႏုိင္ငံ ဥေရာပသမဂၢကေန ႏုတ္ထြက္ခဲ့ၿပီးတဲ့ေနာက္ ဥေရာပသာမက တျခားႏိုင္ငံေတြနဲ႔ပါ ဆက္ဆံေရး ခိုင္မာေစဖို႔ လုပ္ေဆာင္ေနတဲ့ ဝန္ႀကီး Truss ဟာ စီးပြားေရး ႀကီးထြားလာေနၿပီး သံတမန္ေရး အားေကာင္းတဲ့ ထိုင္းနဲ႔ အင္ဒိုနီးရွားကိုလည္း သြားေရာက္ဖို႔ စီစဥ္ထားပါတယ္။

သကၠရာဇ္ ၂၀၅၀ နဲ႔ ေနာင္အနာဂတ္ကာလေတြမွာ ၿဗိတိန္ႏိုင္ငံကို တိုးတက္ႀကီးထြားတဲ့ အေနထားမွာ ေရာက္ေစခ်င္တဲ့အတြက္ အခုကစၿပီး ဘယ္ႏိုင္ငံေတြနဲ႔ အဓိက မိတ္ဘက္ျပဳရမယ္ ဆိုတာကို စဥ္းစားရမွာျဖစ္ေၾကာင္းနဲ႔ အေရွ႕ေတာင္အာရွ ေဒသဟာ ကမၻာ့စီးပြားေရး အခ်က္အခ်ာ ျဖစ္လာႏိုင္ၿပီး ဒီအထဲမွာ ၿဗိတိန္ပါ ပါေနဖို႔ လိုလားတာေၾကာင့္ ဒီေဒသတြင္း ႏိုင္ငံေတြနဲ႔ စီးပြားေရး၊ လံုၿခံဳေရးဆိုင္ရာ ဆက္ဆံမႈေတြ တိုးလုပ္မွာျဖစ္ေၾကာင္း ဝန္ႀကီး Truss က ေၾကညာခ်က္ ထုတ္ျပန္ထားတာပါ။

ဝန္ႀကီး Truss ဟာ အာဆီယံေဒသတြင္း အေျခခံအေဆာက္အအံုဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြခ်ၿပီး ပိုရင္းႏွီးတဲ့ ဆက္ဆံေရးရေအာင္ တည္ေဆာက္ဖို႔ ရွိေၾကာင္းလည္း ၿဗိတိန္ႏိုင္ငံျခားေရး႐ုံးက ေျပာပါတယ္။ ဝန္ႀကီး Truss ဟာ မေလးရွားနဲ႔ ထိုင္း ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ေတြ႔ဆံုတဲ့အခါ ကာကြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈအျပင္ ဒစ္ဂ်စ္တယ္နဲ႔ နည္းပညာဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ၊ လံုၿခံဳေရးဆိုင္ရာ လက္တြဲေဆာင္ရြက္မႈေတြ တိုးျမႇင့္ေရးကိုပါ ထည့္သြင္းေဆြးေႏြးမွာ ျဖစ္ပါတယ္။

အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႔ဆံုတဲ့အခါမွာေတာ့ ျမန္မာနဲ႔ အာဖဂန္နစၥတန္လို ႏိုင္ငံျခားေရး မူဝါဒဆိုင္ရာ ျပႆနာေတြကို ေဆြးေႏြးမွာ ျဖစ္တဲ့အျပင္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးနဲ႔ ဆိုင္ဘာလံုၿခံဳေရးေတြမွာ အနီးကပ္ လက္တြဲေဆာင္ရြက္ႏိုင္ဖို႔ ႀကိဳးစားမွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှ ခရီးစဉ်အတွင်း မြန်မာ့အရေး ထည့်သွင်း ဆွေးနွေးမည်

ဒီတနင်္ဂနွေနေ့ကစပြီး အရှေ့တောင်အာရှဒေသကို သီတင်းတပတ်ကြာ လာရောက်ဖို့ စီစဉ်နေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss ဟာ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး တချို့နဲ့ တွေ့ဆုံဖို့ရှိပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါ မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေးဖို့ ရှိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ ဗြိတိန်တို့ကြား စီးပွားရေးနဲ့ လုံခြုံရေးဆက်ဆံမှု ပိုမိုကျယ်ပြန့် ခိုင်မာလာစေဖို့ ရည်ရွယ်ပြီး လာရောက်တဲ့ အခုခရီးစဉ်မှာ ပထမဆုံး ဝန်ကြီး Truss ဟာ မလေးရှားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂကနေ နုတ်ထွက်ခဲ့ပြီးတဲ့နောက် ဥရောပသာမက တခြားနိုင်ငံတွေနဲ့ပါ ဆက်ဆံရေး ခိုင်မာစေဖို့ လုပ်ဆောင်နေတဲ့ ဝန်ကြီး Truss ဟာ စီးပွားရေး ကြီးထွားလာနေပြီး သံတမန်ရေး အားကောင်းတဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

သက္ကရာဇ် ၂၀၅၀ နဲ့ နောင်အနာဂတ်ကာလတွေမှာ ဗြိတိန်နိုင်ငံကို တိုးတက်ကြီးထွားတဲ့ အနေထားမှာ ရောက်စေချင်တဲ့အတွက် အခုကစပြီး ဘယ်နိုင်ငံတွေနဲ့ အဓိက မိတ်ဘက်ပြုရမယ် ဆိုတာကို စဉ်းစားရမှာဖြစ်ကြောင်းနဲ့ အရှေ့တောင်အာရှ ဒေသဟာ ကမ္ဘာ့စီးပွားရေး အချက်အချာ ဖြစ်လာနိုင်ပြီး ဒီအထဲမှာ ဗြိတိန်ပါ ပါနေဖို့ လိုလားတာကြောင့် ဒီဒေသတွင်း နိုင်ငံတွေနဲ့ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုတွေ တိုးလုပ်မှာဖြစ်ကြောင်း ဝန်ကြီး Truss က ကြေညာချက် ထုတ်ပြန်ထားတာပါ။

ဝန်ကြီး Truss ဟာ အာဆီယံဒေသတွင်း အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေချပြီး ပိုရင်းနှီးတဲ့ ဆက်ဆံရေးရအောင် တည်ဆောက်ဖို့ ရှိကြောင်းလည်း ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောပါတယ်။ ဝန်ကြီး Truss ဟာ မလေးရှားနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံတဲ့အခါ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပြင် ဒစ်ဂျစ်တယ်နဲ့ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ၊ လုံခြုံရေးဆိုင်ရာ လက်တွဲဆောင်ရွက်မှုတွေ တိုးမြှင့်ရေးကိုပါ ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါမှာတော့ မြန်မာနဲ့ အာဖဂန်နစ္စတန်လို နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးမှာ ဖြစ်တဲ့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ဆိုင်ဘာလုံခြုံရေးတွေမှာ အနီးကပ် လက်တွဲဆောင်ရွက်နိုင်ဖို့ ကြိုးစားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG