သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဘုရင်သစ် ပြည်သူကို နှုတ်ဆက်


ဗြိတိန်ဘုရင်သစ် နန်းတက်ပွဲနေ့ လေသာဆောင်က ဗိုလ်ရှုခံပွဲကျင်းပစဥ်?
ဗြိတိန်ဘုရင်သစ် နန်းတက်ပွဲနေ့ လေသာဆောင်က ဗိုလ်ရှုခံပွဲကျင်းပစဥ်?

ဗြိတိန်ဘုရင်နဲ့ ဘုရင်မအဖြစ် စနေနေ့မှာဘိသိက်ခံယူခဲ့တဲ့ တတိယမြောက် Charles ဘုရင်နဲ့ ကြင်ယာတော် Camilla တို့က Buckingham နန်းတော် လေသာဆောင်ကနေ ဗြိတိန်နိုင်ငံသား ထောင်ပေါင်းများစွာကို နှုတ်ဆက်ခဲ့ပါတယ်။ သူတို့နဲ့အတူ Charles ဘုရင်ရဲ့သားဖြစ်တဲ့ အိမ်ရှေ့မင်းသား William ၊ သူ့ကြင်ယာတော် Kate နဲ့ သားသမီးတွေ၊ မင်းသမီး Ann နဲ့ မင်းသား Edward တို့ပါ နှုတ်ဆက်ပွဲကို တက်ရောက်ခဲ့ကြတာပါ။

Charles ဘုရင်ရဲ့ သားငယ်ဖြစ်တဲ့ မင်းသား Harry ကတော့ လေသာဆောင် နှုတ်ဆက်ပွဲကိုမတက်ခဲ့ပေမယ့် ဖခင်နန်းတက်ပွဲကိုတော့ တက်ရောက်ခဲ့ပါတယ်။

မိုးရွာနေတဲ့ကြားကပဲ နန်းတော်ပေါ်မှာ တော်ဝင်လေတပ်ကပျံဝဲ ဂုဏ်ပြုပြီး ကောင်းကင်တခွင်မှာ အနီ၊ အဖြူနဲ့ အပြာရောင် မီးခိုးတန်းတွေနဲ့ အလှဆင်ပေးခဲ့ပါတယ်။ နန်းတော်မြက်ခင်းမှာလည်း ဗြိတိန်တပ်သားထောင်ပေါင်းများစွာက သူတို့ရဲ့ တပ်မှူးဘုရင်ကြီးကို ချီတက် အလေးပြုခဲ့ကြတာပါ။

တတိယမြောက် Charles ဘုရင်ရဲ့နန်းတက်ပွဲကို နိုင်ငံတကာခေါင်းဆောင်တွေ အပါအဝင် တော်ဝင်မိသားစုတွေ၊ ဗြိတိန်အရာရှိတွေနဲ့ အတူ အမေရိကန်သမ္မတကတော် Jill Biden ဦးဆောင်တဲ့ အမေရိကန်အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။

Trafalgar ရင်ပြင်မှာတော့ ဘုရင်စံနစ်ကိုမလိုလားသူတွေက အဝါရောင်အင်္ကျီတွေဝတ်ဆင်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။

ကမ္ဘာတလွှားက လူသန်းပေါင်းများစွာကတော့ ခန်းခန်းနားနား ကျင်းပခဲ့တဲ့ ဗြိတိန်ဘုရင်နန်းတက်ပွဲကို ရုပ်သံတွေ၊ အင်တာနက်တွေကနေ ကြည့်ရှုခဲ့ကြပါတယ်။

ဗြိတိန်ဘုရင်သစ် ပြည်သူကို နှုတ်ဆက်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG