သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအပါအဝင္ ႏုိင္ငံတခ်ဳိ႕က ျပန္လာတဲ့ ၿဗိတိန္ႏုိင္ငံသားေတြ သီးျခားခြဲေနရန္ ညႊန္ၾကား


ျဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ Heathrow ေလဆိပ္မွာ ေတြ႔ရတဲ့ ခရီးသည္မ်ား။ (ဇြန္ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံအပါအဝင္ က်ဴးဘား၊ အင္ဒိုနီးရွား၊ Sierra Leone အျပင္ စပိန္ အပန္းေျဖကြၽန္းတခ်ိဳ႕က ျပန္လာတဲ့ ၿဗိတိန္ႏိုင္ငံသားေတြ ကိုဗစ္ကာကြယ္ေဆးႏွစ္လုံး အျပည့္အဝမထိုးရေသးရင္သီးျခားခြဲ ဟိုတယ္ Quarantine ၁၀ ရက္ေနဖို႔ ၿဗိတိန္အစိုးရက ၫႊန္ၾကားလိုက္ပါတယ္။

"ကပ္ေရာဂါကူးစက္မႈေတြေၾကာင့္ ကမာၻတဝန္း ခရီးသြားလာၾကတာေတြဟာ အရင္ကနဲ႔ မတူဘူးဆိုတာ အားလုံးသိၾကပါတယ္။ ေရာဂါကူးစက္မႈေတြ တိုးလာလို႔ ေစာင့္ၾကည့္ေနရတဲ့ ႏိုင္ငံေတြကို သြားလာဖို႔ ႀကိဳတင္ လက္မွတ္ဝယ္ထားမယ္ဆိုရင္ သတ္မွတ္ခ်က္ေတြနဲ႔အညီ ျပန္ျပင္ဆင္ႏိုင္ဖို႔၊ ေငြျပန္အမ္းတာ ဒါမွမဟုတ္ တည္းခိုစရာေနရာ ျပန္ေျပာင္းႏိုင္ေအာင္ ျပင္ဆင္ထားဖို႔ လိုပါတယ္။" ဆိုၿပီး ၿဗိတိန္ သယ္ယူပို႔ေဆာင္ေရး ဝန္ႀကီး Grant Shapps က ေျပာပါတယ္။

ကိုဗစ္ေရာဂါ ကူးစက္မႈေတြမ်ားလာတဲ့အတြက္ ေစာင့္ၾကည့္ေနတဲ့ ႏိုင္ငံေတြထဲမွာ ၿဗိတိန္ႏိုင္ငံသား လူငယ္ေတြ ေႏြရာသီ အမ်ားဆုံးသြားလာတဲ့ စပိန္ႏိုင္ငံက Ibiza, Mallorca နဲ႔ Menorca ကြၽန္းေတြကိုလည္း ထပ္ၿပီး ျဖည့္စြက္ထားပါတယ္။

ၿဗိတိန္ဟာ ကိုဗစ္ကာကြယ္ေဆးထိုးေရး အစီအစဥ္ေတြကို တျခားႏိုင္ငံေတြထက္ အေစာဆုံး စတင္လုပ္ေဆာင္ခဲ့တဲ့ ႏိုင္ငံျဖစ္ပါတယ္။ ဒါေပမဲ့ အနီေရာင္အဆင့္သတ္မွတ္ထားတဲ့ ကန႔္သတ္ႏိုင္ငံေတြကို သြားလာတဲ့သူေတြ ခရီးစဥ္ကျပန္လာရင္ သီးျခား Quarantine ေနထိုင္ဖို႔နဲ႔ ေရာဂါ ရွိ၊ မရွိ စစ္ေဆးဖို႔ စည္းကမ္းသတ္မွတ္ခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ကာကြယ္ေဆး အျပည့္အ၀ထိုးၿပီးသား ၿဗိတိန္ႏိုင္ငံသားေတြအေနနဲ႔ ပယင္းေရာင္အဆင့္နဲ႔ အနီေရာင္အဆင့္ သတ္မွတ္ႏိုင္ငံေတြကလြဲလို႔ တျခားႏိုင္ငံအားလုံးကို ခရီးသြားမယ္ဆို လြတ္လြတ္လပ္ သြားခြင့္ျပဳထားပါတယ္။

ဒီႏိုင္ငံေတြကို သြားလာတဲ့သူေတြေၾကာင့္ အခုလို ခရီးသြားရာသီမွာ တျခား ႀကိဳတင္လက္မွတ္ဝယ္ယူတဲ့ ခရီးသြားေတြ စိတ္အေႏွာင့္အယွက္ျဖစ္ၿပီး ခရီးသြားလာမႈအေပၚ ယုံၾကည္မႈ ပ်က္ျပားတာမ်ိဳးေတြ ႀကဳံေတြ႕ရတဲ့အၾကာင္း ယူေက ေလေၾကာင္းဌာနအႀကီးအကဲ Tim Alderslade ကလည္း Reuters သတင္းဌာနကို ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအပါအဝင် နိုင်ငံတချို့ကပြန်လာတဲ့ ဗြိတိန်နိုင်ငံသားတွေ သီးခြားခွဲနေရန် ညွှန်ကြား

မြန်မာနိုင်ငံအပါအဝင် ကျူးဘား၊ အင်ဒိုနီးရှား၊ Sierra Leone အပြင် စပိန် အပန်းဖြေကျွန်းတချို့က ပြန်လာတဲ့ ဗြိတိန်နိုင်ငံသားတွေ ကိုဗစ်ကာကွယ်ဆေးနှစ်လုံး အပြည့်အဝမထိုးရသေးရင်သီးခြားခွဲ ဟိုတယ် Quarantine ၁၀ ရက်နေဖို့ ဗြိတိန်အစိုးရက ညွှန်ကြားလိုက်ပါတယ်။

"ကပ်ရောဂါကူးစက်မှုတွေကြောင့် ကမ္ဘာတဝန်း ခရီးသွားလာကြတာတွေဟာ အရင်ကနဲ့ မတူဘူးဆိုတာ အားလုံးသိကြပါတယ်။ ရောဂါကူးစက်မှုတွေ တိုးလာလို့ စောင့်ကြည့်နေရတဲ့ နိုင်ငံတွေကို သွားလာဖို့ ကြိုတင် လက်မှတ်ဝယ်ထားမယ်ဆိုရင် သတ်မှတ်ချက်တွေနဲ့အညီ ပြန်ပြင်ဆင်နိုင်ဖို့၊ ငွေပြန်အမ်းတာ ဒါမှမဟုတ် တည်းခိုစရာနေရာ ပြန်ပြောင်းနိုင်အောင် ပြင်ဆင်ထားဖို့ လိုပါတယ်။" ဆိုပြီး ဗြိတိန် သယ်ယူပို့ဆောင်ရေး ဝန်ကြီး Grant Shapps က ပြောပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှုတွေများလာတဲ့အတွက် စောင့်ကြည့်နေတဲ့ နိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံသား လူငယ်တွေ နွေရာသီ အများဆုံးသွားလာတဲ့ စပိန်နိုင်ငံက Ibiza, Mallorca နဲ့ Menorca ကျွန်းတွေကိုလည်း ထပ်ပြီး ဖြည့်စွက်ထားပါတယ်။

ဗြိတိန်ဟာ ကိုဗစ်ကာကွယ်ဆေးထိုးရေး အစီအစဉ်တွေကို တခြားနိုင်ငံတွေထက် အစောဆုံး စတင်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ အနီရောင်အဆင့်သတ်မှတ်ထားတဲ့ ကန့်သတ်နိုင်ငံတွေကို သွားလာတဲ့သူတွေ ခရီးစဉ်ကပြန်လာရင် သီးခြား Quarantine နေထိုင်ဖို့နဲ့ ရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။

ကာကွယ်ဆေး အပြည့်အဝထိုးပြီးသား ဗြိတိန်နိုင်ငံသားတွေအနေနဲ့ ပယင်းရောင်အဆင့်နဲ့ အနီရောင်အဆင့် သတ်မှတ်နိုင်ငံတွေကလွဲလို့ တခြားနိုင်ငံအားလုံးကို ခရီးသွားမယ်ဆို လွတ်လွတ်လပ် သွားခွင့်ပြုထားပါတယ်။

ဒီနိုင်ငံတွေကို သွားလာတဲ့သူတွေကြောင့် အခုလို ခရီးသွားရာသီမှာ တခြား ကြိုတင်လက်မှတ်ဝယ်ယူတဲ့ ခရီးသွားတွေ စိတ်အနှောင့်အယှက်ဖြစ်ပြီး ခရီးသွားလာမှုအပေါ် ယုံကြည်မှု ပျက်ပြားတာမျိုးတွေ ကြုံတွေ့ရတဲ့အကြာင်း ယူကေ လေကြောင်းဌာနအကြီးအကဲ Tim Alderslade ကလည်း Reuters သတင်းဌာနကို ပြောဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG