သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌကာလမှာ မြန်မာ့အရေး အလေးပေးဆွေးနွေးမည် (ဗြိတိန်သံအမတ်ကြီး)


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Barbara Woodward (ဇူလိုင် ၃၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Barbara Woodward (ဇူလိုင် ၃၊ ၂၀၂၃)

ဇူလိုင်လအတွင်း ဗြိတိန်နိုင်ငံ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့အချိန်မှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်း ကြုံနေရတဲ့ ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျုးလွန်တဲ့ ကိစ္စတွေ ဖြေရှင်းရေး အလေးပေး ဆွေးနွေးသွားမယ့်အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးက ပြောဆိုပါတယ်။

"လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ စစ်ရာဇဝတ်မှု ဖြစ်တယ်ဆိုတာကို နိုင်ငံတကာ အနေနဲ့ နှစ်ပေါင်းရာချီ အသတ်မှတ်ပြုခဲ့တာ အားလုံး အသိပါ။ ဒီကိစ္စကို အတော်များများ ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီလို စိတ်ပျက်ဖွယ်ရာ ရာဇဝတ်မှုကို မြန်မာ၊ ဆီးရီးယား၊ ကွန်ဂို သမ္မတ နိုင်ငံတွေက လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ယူကရိန်းမှာ ရုရှားတပ်ဖွဲ့တွေ ထပ်တလဲလဲ ကျုးလွန်နေကြတာ တွေ့ကြရမှာပါ"လို့ ဗြိတိန်သံအမတ်ကြီး Barbara Woodward က ဇူလိုင်လ ၃ ရက်နေ့က ကုလသမဂ္ဂ ဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

နိုင်ငံတကာအကြား ဉာဏ်ရည်တု နည်းပညာ အသုံးပြုမှုကိစ္စကို အဖွဲ့ဝင်နိုင်ငံတွေအကြား အလေးထား ဆွေးနွေးဖို့ ရှိတဲ့အကြောင်းနဲ့ ဒုတိယ ဦးစားပေးကိစ္စက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျုးလွန်နေတဲ့ကိစ္စ ဖြေရှင်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ သံအမတ်ကြီး Barbara Woodward ပြောဆိုသွားတာပါ။

မြန်မာစစ်တပ်ဟာ စစ်ဆင်ရေးတွေအတွင်း အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လက်နက်သဖွယ် အသုံးချနေတဲ့အကြောင်း အမျိုးသမီးခွင့်အရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မကြာခဏ ထောက်ပြလေ့ရှိပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ မတ်လအတွင်း ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရတဲ့ အမျိုးသမီး ၁၂၀ ကျော်ရှိပြီး ဖမ်းဆီးခဲ့ရသူတွေထဲမှာ အမျိုးသမီး ၃၁၀၀ ကျော် ပါဝင်သလို ထောင်ဒဏ်တသက် ပြစ်ဒဏ်ချမှတ်ခံထားရသူ တဒါဇင်ကျော် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG