သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်-အီရန် နိုင်ငံသား ၂ ဦးကို အီရန် ပြန်လွှတ်

IRAN-BRITAIN/PRISONERS-OMAN
IRAN-BRITAIN/PRISONERS-OMAN

ဗြိတိန်-အီရန်နိုင်ငံသူ၊ နိုင်ငံသားတွေဖြစ်တဲ့ Nazanin Zaghari-Ratcliffe နဲ့ Anoosheh Ashouri ကို အီရန်ကနေ ပြန်လွှတ်ပေးခဲ့ပြီးနောက် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဗြိတိန်နိုင်ငံကို ပြန်လည်ရောက်လာဖို့ရှိနေပါတယ်။

ဗြိတိန်-အီရန် နိုင်ငံသား ၂ ဦးကို အီရန် ပြန်လွှတ်

{{Zawgyi/ Unicode}}
ဗြိတိန်-အီရန်နိုင်ငံသူ၊ နိုင်ငံသားတွေဖြစ်တဲ့ Nazanin Zaghari-Ratcliffe နဲ့ Anoosheh Ashouri ကို အီရန်ကနေ ပြန်လွှတ်ပေးခဲ့ပြီးနောက် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဗြိတိန်နိုင်ငံကို ပြန်လည်ရောက်လာဖို့ရှိနေပါတယ်။

အီရန်အကျဉ်းထောင်ထဲမှာ Nazanin Zaghari-Ratcliffe နဲ့ Anoosheh Ashoori တို့ကို တရားမျှတမှုမရှိပဲ ချုပ်နှောင်ထားတာ ပြီးဆုံးသွားပြီဆိုတာကို အတည်ပြုဖို့ သူ့အနေနဲ့ အလွန်ပဲ ဝမ်းမြောက်မိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူ့ရဲ့ တွစ်တာမှာ ပြောခဲ့ပါတယ်။

Zaghari-Ratcliffe ဟာ အီရန်က ဆွေမျိုးတွေဆီကို အလည်အပတ်သွားပြီးနောက် သမီးနဲ့အတူ ဗြိတိန်ကို ပြန်လာဖို့ ကြိုးပမ်းနေချိန် ၂ဝ၁၆ ဧပြီလမှာ တီဟီရန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရတာပါ။

သူဟာ အီရန်အစိုးရကို ဖြုတ်ချဖို့ ကြံစည်သူလို့ စွပ်စွဲခံခဲ့ရပါတယ်။ အီရန်တရားရုံးတရုံးကနေ သူ့ကို လုံခြုံဆိုင်ရာပြစ်မှုတွေနဲ့ ၂ဝ၁၆ စက်တင်ဘာလမှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

အီရန်နိုင်ငံဖွား Ashoori ကတော့ မိခင်ဆီသွားရောက်လည်ပတ်ချိန် ၂၀၁၇ သြဂုတ်လမှာ တီဟီရန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ အီရန်အာဏာပိုင်တွေက သူ့ကို အစ္စရေးအတွက် သူလျှိုလုပ်မှု စွဲချက်နဲ့ တီဟီရန်မှာရှိတဲ့ Evin အကျဉ်းထောင်မှာ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့တာပါ။

အီရန်နိုင်ငံပိုင်မီဒီယာကတော့ ဗြိတိန်အနေနဲ့ အီရန်အပေါ် ကာလကြာရှည်ရှိနေတဲ့ ကြွေးမြီ ဒေါ်လာသန်း ၅၃ဝ ပေးချေခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ အီရန်အစိုးရဟာ နှစ်ဖက်နိုင်ငံသားအဖြစ်ခံယူထားသူတွေကို ဓါးစာခံတွေအဖြစ် ထိန်းသိမ်းပြီး အပေးအယူလုပ်နေကြောင်း စွပ်စွဲချက်ကို အီရန်က ငြင်းဆိုထားပါတယ်။

.........................................................

ဗြိတိန်-အီရန် နိုင်ငံသား ၂ ဦးကို အီရန် ပြန်လွှတ်
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်


{{Zawgyi/ Unicode}}






XS
SM
MD
LG