(Zawgyi / Unicode)
အီရန္ ေတာ္လွန္ေရးအေစာင့္တပ္ (IRGC) က ျမန္မာစစ္ေကာင္စီကို လက္နက္ေတြ ပို႔ေပးေနသလားလို႔ Asia Times သတင္းဌာနက ေမးခြန္းထုတ္လိုက္ပါတယ္။
ဇန္နဝါရီလ ၁၃ ရက္ေန႔က အီရန္ကိုယ္စားလွယ္အဖြဲ႔ဟာ ျမန္မာႏုိင္ငံကို ေရာက္ရွိခဲ့တယ္လို႔ အေရွ႕ေတာင္အာရွအေျခစိုက္ သံတမန္ေတြရဲ႕ သတင္းကို အေျခခံၿပီး Asia Times က ဆိုပါတယ္။
အီရန္ကုန္တင္ေလေၾကာင္းလိုင္း Qeshm Fars Air ေလယာဥ္ဟာ အီရန္ရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ Mashhad ကေန ထြက္ခြါလာၿပီး ျမန္မာႏုိင္ငံကို ၾကာသပေတးေန႔က ေရာက္ရွိခဲ့တယ္လို႔ ေလယာဥ္ေတြ အသြားအလာကို လိုက္ၾကည့္ေနတဲ့ Flightradar24 ရဲ႕ အင္တာနက္ အခ်က္အလက္ေတြကို ကိုးကားၿပီး Asia Times က ေျပာတာပါ။
ေနာက္တရက္မွာ ျမန္မာႏုိင္ငံက ျပန္လည္ထြက္ခြါၿပီး အီရန္ကို ျပန္သြားခဲ့တယ္လို႔ အခ်က္အလက္ေတြက ျပေနပါတယ္။ “EP-FAA” မွတ္ပုံတင္အမွတ္ရွိတဲ့ ေလယာဥ္ ျဖစ္ဖြယ္ရွိတယ္လို႔ သတင္းက ဆိုပါတယ္။
အာဏာသိမ္းၿပီးကတည္းကဆိုရင္ ဒါဟာ ဒုတိယ ဒါမွမဟုတ္ တတိယအႀကိမ္ လာခဲ့တာ ျဖစ္တယ္လို႔ သံတမန္အသိုက္အဝန္းက ေျပာၾကပါတယ္။ ဒီလို လာေရာက္တာေၾကာင့္ စစ္တပ္ခ်င္း ဆက္ဆံေရးရွိၿပီး လက္နက္ေတြ လွ်ိဳ႕ဝွက္ေရာင္းဝယ္ေရး ျဖစ္ေနတယ္ဆိုတဲ့ မွန္းဆခ်က္ေတြ ေပၚေပါက္လာတာျဖစ္တယ္လို႔ Asia Times က ေျပာပါတယ္။
ျမန္မာစစ္တပ္ဟာ လက္နက္ရရွိေရးအတြက္ ႐ုရွား၊ တ႐ုတ္နဲ႔ အိႏၵိယတို႔ကို အားထားေနခဲ့ရတာ ျဖစ္ၿပီး အီရန္နဲ႔ စစ္ေရးအဆက္အဆံ ရွိခဲ့တယ္လို႔ အရင္ကေတာ့ မသိခဲ့ၾကပါဘူး။
ဆီရီးယား ျပည္တြင္းစစ္မွာ အီရန္က ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ အုပ္စုေတြအတြက္ လက္နက္ေတြကို Qeshm Fars Air ေလေၾကာင္းလိုင္းက ပို႔ေဆာင္ေပးဖူးခဲ့တဲ့အတြက္ ၂၀၁၉ ကစၿပီး အေမရိကန္က ပိတ္ဆို႔ အေရးယူထားပါတယ္။
-------------------------
(Unicode)
မြန်မာ-အီရန် စစ်ရေးဆက်စပ်မှုရှိနေလား
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က မြန်မာစစ်ကောင်စီကို လက်နက်တွေ ပို့ပေးနေသလားလို့ Asia Times သတင်းဌာနက မေးခွန်းထုတ်လိုက်ပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့က အီရန်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တယ်လို့ အရှေ့တောင်အာရှအခြေစိုက် သံတမန်တွေရဲ့ သတင်းကို အခြေခံပြီး Asia Times က ဆိုပါတယ်။
အီရန်ကုန်တင်လေကြောင်းလိုင်း Qeshm Fars Air လေယာဉ်ဟာ အီရန်ရဲ့ ဒုတိယအကြီးဆုံးမြို့ Mashhad ကနေ ထွက်ခွါလာပြီး မြန်မာနိုင်ငံကို ကြာသပတေးနေ့က ရောက်ရှိခဲ့တယ်လို့ လေယာဉ်တွေ အသွားအလာကို လိုက်ကြည့်နေတဲ့ Flightradar24 ရဲ့ အင်တာနက် အချက်အလက်တွေကို ကိုးကားပြီး Asia Times က ပြောတာပါ။
နောက်တရက်မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွါပြီး အီရန်ကို ပြန်သွားခဲ့တယ်လို့ အချက်အလက်တွေက ပြနေပါတယ်။ “EP-FAA” မှတ်ပုံတင်အမှတ်ရှိတဲ့ လေယာဉ် ဖြစ်ဖွယ်ရှိတယ်လို့ သတင်းက ဆိုပါတယ်။
အာဏာသိမ်းပြီးကတည်းကဆိုရင် ဒါဟာ ဒုတိယ ဒါမှမဟုတ် တတိယအကြိမ် လာခဲ့တာ ဖြစ်တယ်လို့ သံတမန်အသိုက်အဝန်းက ပြောကြပါတယ်။ ဒီလို လာရောက်တာကြောင့် စစ်တပ်ချင်း ဆက်ဆံရေးရှိပြီး လက်နက်တွေ လျှို့ဝှက်ရောင်းဝယ်ရေး ဖြစ်နေတယ်ဆိုတဲ့ မှန်းဆချက်တွေ ပေါ်ပေါက်လာတာဖြစ်တယ်လို့ Asia Times က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ လက်နက်ရရှိရေးအတွက် ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့ကို အားထားနေခဲ့ရတာ ဖြစ်ပြီး အီရန်နဲ့ စစ်ရေးအဆက်အဆံ ရှိခဲ့တယ်လို့ အရင်ကတော့ မသိခဲ့ကြပါဘူး။
ဆီရီးယား ပြည်တွင်းစစ်မှာ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ အုပ်စုတွေအတွက် လက်နက်တွေကို Qeshm Fars Air လေကြောင်းလိုင်းက ပို့ဆောင်ပေးဖူးခဲ့တဲ့အတွက် ၂၀၁၉ ကစပြီး အမေရိကန်က ပိတ်ဆို့ အရေးယူထားပါတယ်။